မန်ယူရဲ့ခြေစွမ်းကိုကြည့်ပြီး ကလော့ပ်တော့ ကျိတ်ပျော်နေလောက်ပြီလို့ ဆိုလိုက်တဲ့ ပေါလ်စခိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူဂန္ထဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ပေါလ်စခိုးဟာ အတ္တလန္တာကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က မန်ယူရဲ့ခြေစွမ်းကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး ကံကောင်းပြီးနိုင်ခဲ့တာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ မန်ယူဟာ စောစောစီးစီး ၂ ဂိုးဆက်တိုက်ပေးလိုက်ရပြီး ပထမပိုင်းအပြီးမှာ ၂-၀ နဲ့ရှုံ့းနိမ့်နေခဲ့ကာ ဒုတိယပိုင်းရောက်မှ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယားနဲ့ စီရော်နယ်ဒိုတို့ရဲ့သွင်းယူမှုနဲ့ ရှုံးနေရာကနေ ပြန်နိုင်ခဲ့တာပါ။

အဲဒီနိုင်ပွဲကြောင့် မန်ယူဟာ ချန်ပီယံလိဂ်က သူတို့အုပ်စုမှာ ဇယားထိပ်ရောက်လာပါတယ်။

ဒါပေမဲ့လည်း ပေါလ်စခိုးဟာ သူအသင်းဟောင်းရဲ့ဒီလိုပြန်လာနိုင်မှုကို စိတ်တိုင်းမကျဖြစ်နေပြီး လာမယ့်စနေကစားမယ့် ပရီးမီးယားလိဂ်ခါးသီးပြိုင်ဘက်လီဗာပူးနဲ့ပွဲမတိုင်ခင် သတိပေးမှုပြုလုပ်လိုက်ပါတယ်။

”ဒုတိယပိုင်းမှာ ပြန်လာနိုင်တာထက် ပထမပိုင်းခြေစွမ်းကိုကြည့်ပြီး စိတ်ပျက်မိပါတယ်။

ပိုကောင်းတဲ့အသင်းနဲ့သာဆိုရင် သူတို့ဘယ်ပြန်လာနိုင်ပါ့မလဲဗျာ။

ဒါတောင် အတ္တလန္တာက ပွဲထွက် ၅ ယောက် ဒဏ်ရာရနေပြီး လူစုံတာ မဟုတ်ပါဘူး။

ခြေစွမ်းနဲ့ပတ်သက်လို့ ကျွန်တော်မကျေနပ်သလို စိုးရိမ်စရာဖြစ်ပြီး စုစည်းမှုလည်း ကင်းမဲ့နေပါတယ်။

ပိုကောင်းတဲ့အသင်းနဲ့ဆိုရင် နိုးပေါ့ဗျာ”လို့ BT Sport ရုပ်သံမှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်စခိုးက သုံးသပ်ခဲ့တာပါ။

မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၁၁ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရထားတဲ့ ပေါလ်စခိုးဟာ လီဗာပူးနဲ့ပွဲအတွက် စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပေါလ်စခိုးက”ဂျာဂင်ကလော့ပ်က ဒီပွဲကို သူ့အိမ်မှာ ကြည့်နေတယ်လို့ ဆိုကြပါစို့။

မန်ယူရဲ့ပထမပိုင်းခြေစွမ်းကိုကြည့်ပြီး သူကတော့ ကျိတ်ပျော်နေမှာ”လို့ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲဆက်နိုင်ပွဲပျောက်ထားပြီး အိမ်ကွင်းမှာလည်း နောက်ဆုံး ၂ ပွဲဆက်နိုင်ပွဲပျောက်ထားတာပါ။

မန်ယူဟာ လာမယ့်ပရီးမီးယားလိဂ်အိမ်ကွင်း ၃ ပွဲမှာတော့ လီဗာပူး၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ကို ဆက်တိုက်ဧည့်ခံရဖို့ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူရဲ႕ေျခစြမ္းကိုၾကည့္ၿပီး ကေလာ့ပ္ေတာ့ က်ိတ္ေပ်ာ္ေနေလာက္ၿပီလို႔ ဆိုလိုက္တဲ့ ေပါလ္စခိုး

မန္ယူဂႏၴဝင္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ ေပါလ္စခိုးဟာ အတၱလႏၲာကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္က မန္ယူရဲ႕ေျခစြမ္းကို ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ၿပီး ကံေကာင္းၿပီးႏိုင္ခဲ့တာျဖစ္ေၾကာင္း အခိုင္အမာေျပာၾကားလိုက္ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ အဲဒီပြဲမွာ မန္ယူဟာ ေစာေစာစီးစီး ၂ ဂိုးဆက္တိုက္ေပးလိုက္ရၿပီး ပထမပိုင္းအၿပီးမွာ ၂-၀ နဲ႔ရႈံ႕းနိမ့္ေနခဲ့ကာ ဒုတိယပိုင္းေရာက္မွ ရက္ရွ္ဖို႔ဒ္၊ မက္ဂြိဳင္းယားနဲ႔ စီေရာ္နယ္ဒိုတို႔ရဲ႕သြင္းယူမႈနဲ႔ ရႈံးေနရာကေန ျပန္ႏိုင္ခဲ့တာပါ။

အဲဒီႏိုင္ပြဲေၾကာင့္ မန္ယူဟာ ခ်န္ပီယံလိဂ္က သူတို႔အုပ္စုမွာ ဇယားထိပ္ေရာက္လာပါတယ္။ ဒါေပမဲ့လည္း ေပါလ္စခိုးဟာ သူအသင္းေဟာင္းရဲ႕ဒီလိုျပန္လာႏိုင္မႈကို စိတ္တိုင္းမက်ျဖစ္ေနၿပီး လာမယ့္စေနကစားမယ့္ ပရီးမီးယားလိဂ္ခါးသီးၿပိဳင္ဘက္လီဗာပူးနဲ႔ပြဲမတိုင္ခင္ သတိေပးမႈျပဳလုပ္လိုက္ပါတယ္။

”ဒုတိယပိုင္းမွာ ျပန္လာႏိုင္တာထက္ ပထမပိုင္းေျခစြမ္းကိုၾကည့္ၿပီး စိတ္ပ်က္မိပါတယ္။ ပိုေကာင္းတဲ့အသင္းနဲ႔သာဆိုရင္ သူတို႔ဘယ္ျပန္လာႏိုင္ပါ့မလဲဗ်ာ။ ဒါေတာင္ အတၱလႏၲာက ပြဲထြက္ ၅ ေယာက္ ဒဏ္ရာရေနၿပီး လူစုံတာ မဟုတ္ပါဘူး။

ေျခစြမ္းနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္မေက်နပ္သလို စိုးရိမ္စရာျဖစ္ၿပီး စုစည္းမႈလည္း ကင္းမဲ့ေနပါတယ္။ ပိုေကာင္းတဲ့အသင္းနဲ႔ဆိုရင္ ႏိုးေပါ့ဗ်ာ”လို႔ BT Sport ႐ုပ္သံမွာ ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ေပါလ္စခိုးက သုံးသပ္ခဲ့တာပါ။

မန္ယူနဲ႔အတူ ပရီးမီးယားလိဂ္ဆုဖလား ၁၁ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ ႀကိမ္ရထားတဲ့ ေပါလ္စခိုးဟာ လီဗာပူးနဲ႔ပြဲအတြက္ စိုးရိမ္ေနတာ ျဖစ္ပါတယ္။ ဆက္လက္ၿပီး ေပါလ္စခိုးက”ဂ်ာဂင္ကေလာ့ပ္က ဒီပြဲကို သူ႔အိမ္မွာ ၾကည့္ေနတယ္လို႔ ဆိုၾကပါစို႔။ မန္ယူရဲ႕ပထမပိုင္းေျခစြမ္းကိုၾကည့္ၿပီး သူကေတာ့ က်ိတ္ေပ်ာ္ေနမွာ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕အသင္းဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၃ ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားၿပီး အိမ္ကြင္းမွာလည္း ေနာက္ဆုံး ၂ ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားတာပါ။ မန္ယူဟာ လာမယ့္ပရီးမီးယားလိဂ္အိမ္ကြင္း ၃ ပြဲမွာေတာ့ လီဗာပူး၊ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ကို ဆက္တိုက္ဧည့္ခံရဖို႔ ရွိပါတယ္။