မန်ယူရဲ့ချန်ပီယံလိဂ်နိုင်ပွဲမှာ ပွဲအပြီး ဖာနန်ဒက်စ်က ဂိုးသွင်းအောင်ပွဲခံပို့စ်တင်တော့ စီရော်နယ်ဒို က Like ပေးခဲ့တာကလည်း ထူးခြားတဲ့ မှတ်တမ်း တစ်ခုပါပဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူရဲ့ချန်ပီယံလိဂ်နိုင်ပွဲမှာ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ် ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့တဲ့အပေါ် လက်ရွေးစင်အသင်းဖော် စီရော်နယ်ဒိုက ကျေနပ်အသိအမှတ်ပြုပေးတဲ့တုံ့ပြန်မှုတစ်ခုကို ဆိုရှယ်မီဒီယာထက်မှာ ပြုလုပ်ပေးခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ဆိုးလ်ရှားလက်ထက်မန်ယူရဲ့အရေးပါတဲ့ကစားသမားဖြစ်ပြီး တူရကီကလပ်ဘာဆက်ဆီဟာ ဂိုးပြတ်နဲ့အနိုင်ရခဲ့တော့ မန်ယူအသင်းအစောပိုင်းရတဲ့ ၂ ဂိုးစလုံးကို သူပဲသွင်းယူပေးခဲ့တာပါ။

အဲဒီပွဲမှာ ဖာနန်ဒက်စ်ဟာ ဟက်ထရစ်ဖြစ်နိုင်မယ့် ပင်နယ်တီအခွင့်အရေးရခဲ့ပေမယ့်လည်း မကန်ခဲ့ဘဲ အဲဒီအစား အသင်းဖော်ရက်ရှ်ဖို့ဒ်ကိုသာ ပေးကန်ခဲ့ပါတယ်။

စီရော်နယ်ဒိုကလည်း တစ်ညတည်းမှာပဲကစားတဲ့ချန်ပီယံလိဂ်ပွဲမှာ ဂျူဗင်တပ်အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။

အဲဒီနောက် စီရော်နယ်ဒိုဟာ အသင်းဟောင်းမှာ သူ့ရဲ့ပေါ်တူဂီအသင်းဖော် ဘယ်လိုစွမ်းဆောင်နေတယ်ဆိုတာကို လိုက်ကြည့်နေပုံရပြီး ပွဲအပြီး Instagram မှာ ဖာနန်ဒက်စ်က ဂိုးသွင်းအောင်ပွဲခံပို့စ်တင်တော့ Like ပေးခဲ့ပါတယ်။

 

စီရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာထက်မှာ အခုလို Like ပေးတာ ကြုံတောင့်ကြုံခဲလည်းဖြစ်ပြီး ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်မှုကို အသိအမှတ်ပြုတဲ့သဘောဖြစ်မှာပါ။

ဖာနန်ဒက်စ်ကလည်း ပြီးခဲ့တဲ့ဇန်နဝါရီမှာ မန်ယူကိုမပြောင်းခင် ယူနိုက်တက်နဲ့ပတ်သက်ပြီး စီရော်နယ်ဒိုဆီက ဘယ်လိုအကြံတောင်းခဲ့တယ်ဆိုတာ ဖွင့်ဟထားပါတယ်။

ဒ့ါအပြင် ၂၀၀၉ က အိုးလ်ထရက်ဖို့ဒ်ကနေ ရီးရဲလ်ကိုထွက်ခွာသွားတဲ့ စီရော်နယ်ဒိုဟာ သူနဲ့တွေ့တိုင်း မန်ယူရဲ့အခြေအနေကိုမေးလေ့ရှိကြောင်းလည်း ဖာနန်ဒက်စ်က ဖွင့်ဟထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi








