မန်ယူရဲ့ကာဗာနီအပေါ်စွန့်စားခေါ်ယူမှုကို စပါးနည်းပြဟောင်းရက်နပ်မေးခွန်းထုတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တိုက်စစ်မှုးကာဗာနီကိုခေါ်ယူတဲ့ မန်ယူရဲ့ဆုံးဖြတ်ချက်ဟာ စွန့်စားမှုကြီးတစ်ခုဖြစ်နေပြီး အသည်းအသန်ခေါ်ယူမှုတစ်ခုလို့ စပါးနည်းပြဟောင်းရက်နပ်ကယုံကြည်နေပါတယ်။  အဲဒီဥရုဂွေးတိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ရာသီကုန်ကတည်းက ပီအက်စ်ဂျီကနေ ထွက်ခွာထားသူဖြစ်ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးရက်ရောက်မှ မန်ယူက အလွတ်ခေါ်ယူခဲ့တာပါ။

မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်မှာ စပါးကို ၆-၁ ဂိုးနဲ့အရှက်တကွဲရှုံးခဲ့ပြီး နောက်တစ်ရက်ဖြစ်တဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကာဗာနီအပါအဝင် ကစားသမားသစ် ၄ ယောက်ကို ခေါ်ယူခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဆန်ချိုအပါအဝင် အဓိကပစ်မှတ်အတော်များများကို ခေါ်ယူနိုင်ခြင်းမရှိခဲ့တာပါ။

ဒါကြောင့်လည်း မန်ယူဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်ယူမှုတွေဆက်တိုက်လုပ်ခဲ့ပေမယ့် ၂ ယောက်က လူငယ်တွေဖြစ်ပြီး ကာဗာနီနဲ့တဲလက်စ်တို့သာ အရန်သင့်သုံးနိုင်မယ့်သူတွေဖြစ်ခဲ့တာပါ။ ရက်နပ်ကတော့ မြင့်မားတဲ့လစာနဲ့ ကာဗာနီကိုခေါ်ယူခဲ့တဲ့အပေါ် မေးခွန်းထုတ်မှုလုပ်ခဲ့ပါတယ်။

”ကျွန်တော်က စွန့်စားမှုတစ်ခုကို အခုရော နောင်ရောကြိုက်ပေမယ့် မန်ယူက ကာဗာနီကို ခေါ်ခဲ့တာမျိုးနဲ့တော့ မတူပါဘူး။ စပါးနဲ့ပွဲမတိုင်ခင်ကတည်းက သူတို့တစ်ခုခုလိုအပ်နေတာ ထင်ရှားပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်ရောက်မှ ၃၃ နှစ်အရွယ် ကာဗာနီကို တစ်ပတ် ပေါင် ၂ သိန်းပေးပြီးခေါ်ခဲ့တာက ကျွန်တော့်အတွက်ကတော့ ကြံရာမရတဲ့အဆုံးခေါ်ယူမှုပါပဲ။ လွန်ခဲ့တဲ့ ၈ ပတ်ကတည်းက သူ အင်္ဂလန်ကိုလာချင်တယ်ဆိုတာ လူတွေပြောတာ ကြားပါတယ်။ သူလိုချင်တဲ့လစာကိုကြားတဲ့အချိန်မှာလည်း ခေါ်မယ့်အသင်းအဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးခဲ့တာပါ။ တကယ်ဆို သူဟာ မန်ယူလိုချင်တဲ့တစ်စုံတစ်ယောက်ဆိုရင် ဘာကြောင့်အရမ်းနောက်ကျမှ ခေါ်ယူခဲ့တာပါလဲ”လို့ ရက်နပ်က သူကော်လံစားရေးနေတဲ့ The Sun သတင်းစာမှာ ရေးသားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ယူရဲ႕ကာဗာနီအေပၚစြန္႔စားေခၚယူမႈကို စပါးနည္းျပေဟာင္းရက္နပ္ေမးခြန္းထုတ္

တိုက္စစ္မႈးကာဗာနီကိုေခၚယူတဲ့ မန္ယူရဲ႕ဆုံးျဖတ္ခ်က္ဟာ စြန္႔စားမႈႀကီးတစ္ခုျဖစ္ေနၿပီး အသည္းအသန္ေခၚယူမႈတစ္ခုလို႔ စပါးနည္းျပေဟာင္းရက္နပ္ကယုံၾကည္ေနပါတယ္။  အဲဒီဥရုေဂြးတုိက္စစ္မႈးဟာ ၿပီးခဲ့တဲ့ရာသီကုန္ကတည္းက ပီအက္စ္္ဂ်ီကေန ထြက္ခြာထားသူျဖစ္ေပမယ့္ အေျပာင္းအေရႊ႕ေနာက္ဆုံးရက္ေရာက္မွ မန္ယူက အလြတ္ေခၚယူခဲ့တာပါ။

မန္ယူဟာ အိုးလ္ထရက္ဖုိ႔ဒ္မွာ စပါးကို ၆-၁ ဂိုးနဲ႔အရွက္တကြဲရႈံးခဲ့ၿပီး ေနာက္တစ္ရက္ျဖစ္တဲ့ အေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာ ကာဗာနီအပါအ၀င္ ကစားသမားသစ္ ၄ ေယာက္ကို ေခၚယူခဲ့ပါတယ္။ ဆုိးလ္ရွားရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ဆန္ခ်ိဳအပါအ၀င္ အဓိကပစ္မွတ္အေတာ္မ်ားမ်ားကို ေခၚယူႏိုင္ျခင္းမရွိခဲ့တာပါ။

ဒါေၾကာင့္လည္း မန္ယူဟာ အေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာ ေခၚယူမႈေတြဆက္တိုက္လုပ္ခဲ့ေပမယ့္ ၂ ေယာက္က လူငယ္ေတြျဖစ္ၿပီး ကာဗာနီနဲ႔တဲလက္စ္တို႔သာ အရန္သင့္သုံးႏိုင္မယ့္သူေတြျဖစ္ခဲ့တာပါ။ ရက္နပ္ကေတာ့ ျမင့္မားတဲ့လစာနဲ႔ ကာဗာနီကိုေခၚယူခဲ့တဲ့အေပၚ ေမးခြန္းထုတ္မႈလုပ္ခဲ့ပါတယ္။

”ကၽြန္ေတာ္က စြန္႔စားမႈတစ္ခုကို အခုေရာ ေနာင္ေရာႀကိဳက္ေပမယ့္ မန္ယူက ကာဗာနီကို ေခၚခဲ့တာမ်ိဳးနဲ႔ေတာ့ မတူပါဘူး။ စပါးနဲ႔ပြဲမတိုင္ခင္ကတည္းက သူတို႔တစ္ခုခုလိုအပ္ေနတာ ထင္ရွားပါတယ္။ ဒါေပမဲ့ အေျပာင္းအေရႊ႕ေနာက္ဆုံးရက္ေရာက္မွ ၃၃ ႏွစ္အရြယ္ ကာဗာနီကို တစ္ပတ္ ေပါင္ ၂ သိန္းေပးၿပီးေခၚခဲ့တာက ကၽြန္ေတာ့္အတြက္ကေတာ့ ႀကံရာမရတဲ့အဆံုးေခၚယူမႈပါပဲ။ လြန္ခဲ့တဲ့ ၈ ပတ္ကတည္းက သူ အဂၤလန္ကိုလာခ်င္တယ္ဆိုတာ လူေတြေျပာတာ ၾကားပါတယ္။ သူလုိခ်င္တဲ့လစာကုိၾကားတဲ့အခ်ိန္မွာလည္း ေခၚမယ့္အသင္းအဆင္ေျပပါေစလုိ႔ပဲ ဆုေတာင္းေပးခ့ဲတာပါ။ တကယ္ဆို သူဟာ မန္ယူလိုခ်င္တဲ့တစ္စုံတစ္ေယာက္ဆုိရင္ ဘာေၾကာင့္အရမ္းေနာက္က်မွ ေခၚယူခဲ့တာပါလဲ”လုိ႔ ရက္နပ္က သူေကာ္လံစားေရးေနတဲ့ The Sun သတင္းစာမွာ ေရးသားခဲ့တာပါ။