မန်ယူမှာ အနာဂါတ်ရှိချင်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာ မာရှယ်ကိုအကြံပေးလိုက်တဲ့ ဒွိုက်ယော့ခ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မာရှယ်အနေနဲ့ မန်ယူမှာ အနာဂါတ်ဆက်ရှိချင်တယ်ဆိုရင်တော့ သနိဋ္ဌာန်ချပြီး စတင်လုပ်ဆောင်သင့်ကြောင်း အသင်းတိုက်စစ်မှုးဟောင်းတစ်ယောက်ဖြစ်တဲ့ ဒွိုက်ယော့ခ်က အကြုံပေးလိုက်ပါတယ်။

အဲဒီပြင်သစ်သားဟာ အဲဗာတန်နဲ့ပွဲမှာ ပွဲထွက်ပါဝင်ခဲ့သလို ဒီရာသီသူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က ခြေစွမ်းအရ ရုန်းကန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မာရှယ်ဟာ ဒဏ်ရာပြသနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး ကစးခဲ့တဲ့စုစုပေါင်း ၃၆ ပွဲမှာ ၇ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုရောက်ရှိလာမှုက ၂၅ နှစ်အရွယ် မာရှယ်ရဲ့ပွဲထွက်အခွင့်အရေးကို ထိခိုက်ခဲ့ပြီး သူဟာ ဒီရာသီမှာ ၂ ပွဲသာ ပွဲထွက်ခွင့်ရပါသေးတယ်။

ဒါကြောင့် မန်ယူမှာ မာရှယ်ရဲ့အနာဂါတ်ဟာ မသေချာတော့ဘူးဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပါတယ်။

ဒွိုက်ယော့ခ်ကတော့ မာရှယ်ဟာ ဒီရာသီမှာ ကစားခွင့်ရဖို့ လိုအပ်နေတယ်လို့ ယုံကြည်နေပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိချင်တယ်ဆိုရင်တော့ တိုးတက်မှုကြီးကြီးမားမားရှိရမယ်လို့ ဆိုခဲ့ပါတယ်။

”မန်ယူမှာ ကစားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ခြေစွမ်းဟာ အသေးစိတ်ကို အကဲဖြတ်ခံရမှာပါ။

ဒီအသင်းမှာ သူအနာဂါတ်ရှိချင်တယ်ဆိုရင် တကယ်ကို သနိဋ္ဌာန်ချပြီး သူစတင်လုပ်ဆောင်ရတော့မယ်။

သူ့မှာ ကျွန်တော်တို့မြင်ချင်တဲ့အရည်အသွေးတွေရှိပြီး ကျွန်တော်တို့အတွက် အရေးပါနိုင်မယ့်ကစားသမားဆိုတာ မေးခွန်းထုတ်စရာမလိုပါဘူး။

ဒါပေမဲ့ လောလောဆယ်တော့ ပွဲထွက်စာရင်းထဲပါနိုင်ဖို့ သူရုန်းကန်နေရကာ အဲဒီအတွက် နည်းလမ်းရှာရတော့မှာပါ”လို့ ဒွိုက်ယော့ခ်က ပြောခဲ့တာပါ။

သူ ၂၃ ဂိုးသွင်းနိုင်ခဲ့တဲ့ ၂၀၁၉-၂၀ ရာသီကလွဲရင် မာရှယ်ဟာ အသင်းကိုရောက်လာတဲ့ ၂၀၁၅ ကတည်းက အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

သူဟာ အိုးလ်ထရက်ဖို့ဒ်က ၆ ရာသီမှာ တစ်ကြိမ်ပဲ ဂိုး ၂၀ အထက် သွင်းနိုင်ခဲ့ပြီး ဝေဖန်မှုအချို့နဲ့လည်း ရင်ဆိုင်ခဲ့ရတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူမွာ အနာဂါတ္ရွိခ်င္ရင္ ဘယ္လိုလုပ္ရမယ္ဆိုတာ မာရွယ္ကိုအႀကံေပးလိုက္တဲ့ ဒြိဳက္ေယာ့ခ္

မာရွယ္အေနနဲ႔ မန္ယူမွာ အနာဂါတ္ဆက္ရွိခ်င္တယ္ဆိုရင္ေတာ့ သနိ႒ာန္ခ်ၿပီး စတင္လုပ္ေဆာင္သင့္ေၾကာင္း အသင္းတိုက္စစ္မႈးေဟာင္းတစ္ေယာက္ျဖစ္တဲ့ ဒြိဳက္ေယာ့ခ္က အႀကဳံေပးလိုက္ပါတယ္။ အဲဒီျပင္သစ္သားဟာ အဲဗာတန္နဲ႔ပြဲမွာ ပြဲထြက္ပါဝင္ခဲ့သလို ဒီရာသီသူ႔ရဲ႕ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က ေျခစြမ္းအရ ႐ုန္းကန္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ မာရွယ္ဟာ ဒဏ္ရာျပသနာေတြနဲ႔လည္း ရင္ဆိုင္ခဲ့ရၿပီး ကစးခဲ့တဲ့စုစုေပါင္း ၃၆ ပြဲမွာ ၇ ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုေရာက္ရွိလာမႈက ၂၅ ႏွစ္အ႐ြယ္ မာရွယ္ရဲ႕ပြဲထြက္အခြင့္အေရးကို ထိခိုက္ခဲ့ၿပီး သူဟာ ဒီရာသီမွာ ၂ ပြဲသာ ပြဲထြက္ခြင့္ရပါေသးတယ္။

ဒါေၾကာင့္ မန္ယူမွာ မာရွယ္ရဲ႕အနာဂါတ္ဟာ မေသခ်ာေတာ့ဘူးဆိုတဲ့အသံေတြ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာပါတယ္။ ဒြိဳက္ေယာ့ခ္ကေတာ့ မာရွယ္ဟာ ဒီရာသီမွာ ကစားခြင့္ရဖို႔ လိုအပ္ေနတယ္လို႔ ယုံၾကည္ေနၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္ရွိခ်င္တယ္ဆိုရင္ေတာ့ တိုးတက္မႈႀကီးႀကီးမားမားရွိရမယ္လို႔ ဆိုခဲ့ပါတယ္။

”မန္ယူမွာ ကစားမယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ေျခစြမ္းဟာ အေသးစိတ္ကို အကဲျဖတ္ခံရမွာပါ။ ဒီအသင္းမွာ သူအနာဂါတ္ရွိခ်င္တယ္ဆိုရင္ တကယ္ကို သနိ႒ာန္ခ်ၿပီး သူစတင္လုပ္ေဆာင္ရေတာ့မယ္။ သူ႔မွာ ကြၽန္ေတာ္တို႔ျမင္ခ်င္တဲ့အရည္အေသြးေတြရွိၿပီး ကြၽန္ေတာ္တို႔အတြက္ အေရးပါႏိုင္မယ့္ကစားသမားဆိုတာ ေမးခြန္းထုတ္စရာမလိုပါဘူး။ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ပြဲထြက္စာရင္းထဲပါႏိုင္ဖို႔ သူ႐ုန္းကန္ေနရကာ အဲဒီအတြက္ နည္းလမ္းရွာရေတာ့မွာပါ”လို႔ ဒြိဳက္ေယာ့ခ္က ေျပာခဲ့တာပါ။

သူ ၂၃ ဂိုးသြင္းႏိုင္ခဲ့တဲ့ ၂၀၁၉-၂၀ ရာသီကလြဲရင္ မာရွယ္ဟာ အသင္းကိုေရာက္လာတဲ့ ၂၀၁၅ ကတည္းက အေကာင္းဆုံးေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ သူဟာ အိုးလ္ထရက္ဖို႔ဒ္က ၆ ရာသီမွာ တစ္ႀကိမ္ပဲ ဂိုး ၂၀ အထက္ သြင္းႏိုင္ခဲ့ၿပီး ေဝဖန္မႈအခ်ိဳ႕နဲ႔လည္း ရင္ဆိုင္ခဲ့ရတာပါ။