မန်ယူမှာ သွားကစားခဲ့လို့ သူအခုလိုကစားသမားမျိုးဖြစ်လာတာလို့ ဖွင့်ဟလိုက်တဲ့ပီကေး

photo-gettyimages

photo-gettyimages

ဘာစီလိုနာနောက်ခံလူပီကေးက လူငယ်ကစားသမားတစ်ယောက်အနေနဲ့ မန်ယူမှာ ၄ နှစ်ကြာသွားရောက်ကစားခဲ့တာကြောင့် သူအခုလိုကစားသမားဖြစ်လာတာလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ပီကေးဟာ အသက် ၁၇ နှစ်အရွယ်ဖြစ်တဲ့ ၂၀၀၄ ခုနှစ် ဘာစီလိုနာအကယ်ဒမီကနေ မန်ယူကို ပြောင်းလာခဲ့တာပါ။ ဒါပေမဲ့ နောက် ၄ နှစ်အကြာမှာ ဘာစီလိုနာကိုပြန်မသွင်းခင် မန်ယူပထမအသင်းကြီးမှာ ၁၃ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒီလိုမျိုးပွဲကစားခွင့်နည်းပါးခဲ့ပေမယ့်လည်း သူဟာ မန်ယူမှာ စီရော်နယ်ဒို၊ဝိန်းရူနီတို့လိုကစားသမားတွေနဲ့ အတူလေ့ကျင့်၊အတူကစားခဲ့ရပြီး ဖာဂူဆန်လိုနည်းပြမျိုးရဲ့ကိုင်တွယ်ထိန်းကျောင်းပေးခြင်းကို ခံခဲ့ရတာပါ။

photo-gettyimages

ဒီလိုငယ်ရွယ်တဲ့အချိန်မှာ အဲဒီအတွေ့အကြုံက သူ့ဖွံ့ဖြိုုးမှုအတွက် အထောက်အကူပြုခဲ့ပြီး နူးကမ့်ကို ပြန်လာတဲ့အချိန်မှာ အများကြီးပိုကောင်းတဲ့ကစားသမားဖြစ်လာစေကြောင်း ပီကေးက ပြောခဲ့တာပါ။ ”ကျွန်တော့်ရဲ့သူငယ်ချင်းတွေကိုထားခဲ့ပြီး မန်ယူမှာ ၄ နှစ်ကြာသွားကစားတာဟာ ခက်ခဲခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒါဟာ ကျွန်တော့်အတွက် ကြီးကျယ်တဲ့အတွေ့အကြုံတစ်ခုဖြစ်ခဲ့တာပါ။ အဲဒီမှာပဲ ကျွန်တော်အများကြီး ကြီးပြင်းရင့်ကျက်လာပါတယ်။ ကျွန်တော်ကစားချင်သလောက် အများကြီးမကစားရဘူးဆိုရင်တောင်မှ မန်ယူနဲ့ဖြတ်သန်းခဲ့တဲ့ ကာလတစ်ခုကြောင့် အခုလိုကစားသမားမျိုး ကျွန်တော်ဖြစ်လာတာပါ။ ဒါပေမဲ့ ကျွန်တော့်နေရာမှာလည်း အဲဒီအချိန်က ကမ္ဘာ့အကောင်းဆုံး ၃ ယောက်စာရင်းဝင်ဗဟိုနောက်ခံလူနှစ်ယောက်(ဗီဒစ်နဲ့ဖာဒီနန်) ရှိနေကြတာပါ”လို့ ပီကေးက ပြောခဲ့တာပါ။

photo-gettyimages

ဘာစီလိုနာကို ပြန်ရောက်လာပြီးနောက်မှာတော့ ပီကေးဟာ လာလီဂါ ၈ ကြိမ်၊ ချန်ပီယံလိဂ် ၃ ကြိမ်တို့အပါအဝင် ဆုဖလားပေါင်းများစွာ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ စပိန်နဲ့လည်း ကမ္ဘာ့ဖလားနဲ့ ယူရိုအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ စပိန်အတွက် ၁၀၂ ပွဲကစားပေးခဲ့ပြီးနောက် သူဟာ ပြီးခဲ့တဲ့နှစ်က လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ လက်ရှိမှာလည်း သူ့ကစားသမားဘဝဟာ နောက်ဆုံးအချိန်ထဲ ဝင်ရောက်လာပြီဆိုတာကို ပီကေးက လက်ခံခဲ့ပါတယ်။

[Zawgyi]

မန္ယူမွာ သြားကစားခဲ့လို႔ သူအခုလိုကစားသမားမ်ိဳးျဖစ္လာတာလို႔ ဖြင့္ဟလုိက္တဲ့ပီေကး

ဘာစီလိုနာေနာက္ခံလူပီေကးက လူငယ္ကစားသမားတစ္ေယာက္အေနနဲ႔ မန္ယူမွာ ၄ ႏွစ္ၾကာသြားေရာက္ကစားခဲ့တာေၾကာင့္ သူအခုလိုကစားသမားျဖစ္လာတာလို႔ ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ ပီေကးဟာ အသက္ ၁၇ ႏွစ္အရြယ္ျဖစ္တဲ့ ၂၀၀၄ ခုႏွစ္ ဘာစီလိုနာအကယ္ဒမီကေန မန္ယူကို ေျပာင္းလာခဲ့တာပါ။ ဒါေပမဲ့ ေနာက္ ၄ ႏွစ္အၾကာမွာ ဘာစီလိုနာကိုျပန္မသြင္းခင္ မန္ယူပထမအသင္းႀကီးမွာ ၁၃ ပြဲသာ ပါ၀င္ကစားခြင့္ရခဲ့ပါတယ္။ ဒီလုိမ်ိဳးပြဲကစားခြင့္နည္းပါးခဲ့ေပမယ့္လည္း သူဟာ မန္ယူမွာ စီေရာ္နယ္ဒို၊၀ိန္းရူနီတို႔လိုကစားသမားေတြနဲ႔ အတူေလ့က်င့္၊အတူကစားခဲ့ရၿပီး ဖာဂူဆန္လုိနည္းျပမ်ိဳးရဲ႕ကိုင္တြယ္ထိန္းေက်ာင္းေပးျခင္းကို ခံခဲ့ရတာပါ။

ဒီလိုငယ္ရြယ္တဲ့အခ်ိန္မွာ အဲဒီအေတြ႕အႀကဳံက သူ႔ဖြံ႕ၿဖိဳဳးမႈအတြက္ အေထာက္အကူျပဳခဲ့ၿပီး ႏူးကမ့္ကို ျပန္လာတဲ့အခ်ိန္မွာ အမ်ားႀကီးပိုေကာငး္တဲ့ကစားသမားျဖစ္လာေစေၾကာင္း ပီေကးက ေျပာခဲ့တာပါ။ ”ကၽြန္ေတာ့္ရဲ႕သူငယ္ခ်င္းေတြကိုထားခဲ့ၿပီး မန္ယူမွာ ၄ ႏွစ္ၾကာသြားကစားတာဟာ ခက္ခဲခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အဲဒါဟာ ကၽြန္ေတာ့္အတြက္ ႀကီးက်ယ္တဲ့အေတြ႕အႀကဳံတစ္ခုျဖစ္ခဲ့တာပါ။ အဲဒီမွာပဲ ကၽြန္ေတာ္အမ်ားႀကီး ႀကီးျပင္းရင့္က်က္လာပါတယ္။ ကၽြန္ေတာ္ကစားခ်င္သေလာက္ အမ်ားႀကီးမကစားရဘူးဆုိရင္ေတာင္မွ မန္ယူနဲ႔ျဖတ္သန္းခဲ့တဲ့ ကာလတစ္ခုေၾကာင့္ အခုလိုကစားသမားမ်ိဳး ကၽြန္ေတာ္ျဖစ္လာတာပါ။ ဒါေပမဲ့ ကၽြန္ေတာ့္ေနရာမွာလည္း အဲဒီအခ်ိန္က ကမာၻ႔အေကာင္းဆုံး ၃ ေယာက္စာရင္း၀င္ဗဟိုေနာက္ခံလူႏွစ္ေယာက္(ဗီဒစ္နဲ႔ဖာဒီနန္) ရွိေနၾကတာပါ”လို႔ ပီေကးက ေျပာခဲ့တာပါ။

ဘာစီလုိနာကို ျပန္ေရာက္လာၿပီးေနာက္မွာေတာ့ ပီေကးဟာ လာလီဂါ ၈ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၃ ႀကိမ္တုိ႔အပါအ၀င္ ဆုဖလားေပါင္းမ်ားစြာ ကိုင္ေျမွာက္ႏိုင္ခဲ့ပါတယ္။ စပိန္နဲ႔လည္း ကမာၻ႔ဖလားနဲ႔ ယူရိုေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ စပိန္အတြက္ ၁၀၂ ပြဲကစားေပးခဲ့ၿပီးေနာက္ သူဟာ ၿပီးခဲ့တဲ့ႏွစ္က လက္ေရြးစင္ကစားသမားဘ၀ကေန အနားယူခဲ့ပါတယ္။ လက္ရွိမွာလည္း သူ႔ကစားသမားဘ၀ဟာ ေနာက္ဆုံးအခ်ိန္ထဲ ၀င္ေရာက္လာၿပီဆိုတာကို ပီေကးက လက္ခံခဲ့ပါတယ္။