လက်ရှိ ချန်ပီယံ ပေါ်တူဂီအသင်းကိုအနိုင်ယူပြီး ပြင်သစ်အသင်းကတော့ ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ပေမယ့် မန်ယူမှာ ရုန်းကန်နေတဲ့ စိတ်ဒဏ်ရာကိုပေါ့ဂ်ဘာ ခံစားနေရတာလို့ ဒက်ချမ့်စ်ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ် ကပေါ့ဂ်ဘာဟာ မန်ယူမှာရုန်းကန်နေရတဲ့အတွက် စိတ်ဒဏ်ရာခံစားနေရပြီး အဲဒီအရိပ်လွှမ်းမိုးမှုကြောင့်ကွင်းထဲမှာ ခက်ခဲစွာရုန်းကန်နေရတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒက်ချမ့်စ်ဟာ မကြာသေးခင်ရက်ပိုင်းကလည်း ပေါ့ဂ်ဘာဟာ မန်ယူမှာ ပုံမှန်ကစားခွင့် မရတဲ့အပေါ်မပျော်မရွှင်ဖြစ်နေတယ်လို့‌ ပြောကြားခဲ့ပါသေးတယ်။

ပေါ့ဂ်ဘာဟာ ပြင်သစ်ကဖင်လန်ကို ၂-၀ နဲ့ရှုံးတဲ့ပွဲစဉ်မှာ ပါဝင်ခဲ့သူဖြစ်ပြီး ပြိုင်ဘက်ရဲ့သွင်းဂိုးတွေအတွက် တာဝန်မကင်းတဲ့သူအဖြစ် စွပ်စွဲခံထားရပါတယ်။ ကစားသမားက ခြေစွမ်းကောင်းမရှိပေမယ့် ဖင်လန်နဲ့ပွဲမှာ ထည့်သွင်းအသုံးပြုခဲ့တာဟာ ပေါ့ဂ်ဘာရဲ့ယုံကြည်မှုမြင့်တက်လာစေဖို့အတွက် ဖြစ်တယ်လို့လည်း ဒက်ချမ့်စ်က ဆိုပါတယ်။

သူဟာ မန်ယူရဲ့နောက်ဆုံး ၂ ပွဲမှာအရန်အဖြစ်သာရှိခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ၁၈ လလုံးလုံး ပုံမှန်နေရာအတွက် ရုန်းကန်ခဲ့ရတဲ့သူဖြစ်ပါတယ်။

ဒက်ချမ့်စ်က”ပေါ့ဂ်ဘာ အကောင်းဆုံးပုံစံမှာမရှိဘူးဆိုတာကို ဖင်လန်နဲ့ပွဲမတိုင်ခင်ကတည်းက ကျွန်တော်သိပါတယ်။ အဲဒီပွဲမှာထည့်သုံးခဲ့တာကလည်း ယုံကြည်မှုပြန်မြင့်တက်ပြီး ပုံမှန်ပြန်ဖြစ်သွားအောင်လို့ပါ။

သူဟာ တစ်နာရီလောက်ဘဲကစားနိုင်သေးတယ်ဆိုတာကိုလည်း သိခဲ့တဲ့သူပါ။ ကလပ်မှာပုံမှန်နေရာမရတဲ့သူတွေ အားလုံးအဲဒီလိုဘဲဖြစ်တတ်ပါတယ်။ ဘယ်ကစားသမားမဆို ကိုယ့်ကလပ်မှာ အခြေအနေကောင်းမရှိရင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကိုခံရလေ့ရှိတာပါဘဲ။ သူ့အကြောင်းကို ကျွန်တော်ကောင်းကောင်းသိပါတယ်။

တစ်ချို့အချိန်တွေမှာ ဒါမျိုးဆိုတာ ဘယ်သူမှာမဆိုဖြစ်တတ်ပါတယ်။သူဟာ အမြင့်ဆုံးအဆင့်၊ ဂုဏ်သိက္ခာနဲ့ ဝေဖန်မှုတွေကို အဖြေပေးနိုင်စွမ်းရှိနေပါတယ်” လို့ပြောသွားပါတယ်။

မန်ယူဟာပေါ့ဂ်ဘာကို ၂၀၁၆ နွေရာသီမှာဝယ်တုန်းက ပေါင် ၈၉ သန်းအထိပေးခဲ့ရပေမယ့် လက်ရှိမှာပေါင် ၅၃ သန်းရရင် ရောင်းထုတ်ဖို့လုပ်နေပြီး သူ့ကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

ညက ပေါ်တူဂီအသင်းနဲ့ကစားခဲ့တဲ့ UEFA Nations League ပြိုင်ပွဲမှာလည်း ပေါ့ဘာ ဟာပွဲထွက်ကစားသမားအဖြစ်ပါဝင်ကစားခဲ့ပါတယ်။

ဒီပွဲမှာလည်း ပေါ့ဘာရဲ့ခြေစွမ်းပိုင်းကကျေနပ်လောက်စရာမဖြစ်ခဲ့ပေမယ့် မန်ယူမှာကစားခဲ့တဲ့အခြေအနေထက်တော့ ပိုမိုတိုးတက်လာခဲ့ပါတယ်။

အသင်းဖော် ကန်တီရဲ့တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ League (A)၊ Group (3) မှာ (၅)ပွဲကစားပြီးချိန် ရမှတ် (၁၃) မှတ် နဲ့ ပြင်သစ်အသင်းကတော့ ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ပါတယ်။

လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းကတော့သူတို့ရဲ့ ချန်ပီယံဘွဲကို ကာကွယ်နိုင်ခွင့်မရှိတော့ဘဲ ခရိုအေးရှားအသင်းနဲ့ နောက်ဆုံးပွဲမကစားခင် အုပ်စုအဆင့်မှာ ကျန်ရစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္ရွိ ခ်န္ပီယံ ေပၚတူဂီအသင္းကိုအႏိုင္ယူၿပီး ျပင္သစ္အသင္းကေတာ့ ဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္သြားခဲ့ေပမယ့္ မန္ယူမွာ ႐ုန္းကန္ေနတဲ့ စိတ္ဒဏ္ရာကိုေပါ့ဂ္ဘာ ခံစားေနရတာလို႔ ဒက္ခ်မ့္စ္ေျပာ

ျပင္သစ္အသင္းနည္းျပ ဒက္ခ်မ့္စ္ ကေပါ့ဂ္ဘာဟာ မန္ယူမွာ႐ုန္းကန္ေနရတဲ့အတြက္ စိတ္ဒဏ္ရာခံစားေနရၿပီး အဲဒီအရိပ္လႊမ္းမိုးမႈေၾကာင့္ကြင္းထဲမွာ ခက္ခဲစြာ႐ုန္းကန္ေနရတာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ ဒက္ခ်မ့္စ္ဟာ မၾကာေသးခင္ရက္ပိုင္းကလည္း ေပါ့ဂ္ဘာဟာ မန္ယူမွာ ပုံမွန္ကစားခြင့္ မရတဲ့အေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔‌ ေျပာၾကားခဲ့ပါေသးတယ္။

ေပါ့ဂ္ဘာဟာ ျပင္သစ္ကဖင္လန္ကို ၂-၀ နဲ႔ရႈံးတဲ့ပြဲစဥ္မွာ ပါဝင္ခဲ့သူျဖစ္ၿပီး ၿပိဳင္ဘက္ရဲ႕သြင္းဂိုးေတြအတြက္ တာဝန္မကင္းတဲ့သူအျဖစ္ စြပ္စြဲခံထားရပါတယ္။ ကစားသမားက ေျခစြမ္းေကာင္းမရွိေပမယ့္ ဖင္လန္နဲ႔ပြဲမွာ ထည့္သြင္းအသုံးျပဳခဲ့တာဟာ ေပါ့ဂ္ဘာရဲ႕ယုံၾကည္မႈျမင့္တက္လာေစဖို႔အတြက္ ျဖစ္တယ္လို႔လည္း ဒက္ခ်မ့္စ္က ဆိုပါတယ္။

သူဟာ မန္ယူရဲ႕ေနာက္ဆုံး ၂ ပြဲမွာအရန္အျဖစ္သာရွိခဲ့တဲ့အျပင္ ၿပီးခဲ့တဲ့ ၁၈ လလုံးလုံး ပုံမွန္ေနရာအတြက္ ႐ုန္းကန္ခဲ့ရတဲ့သူျဖစ္ပါတယ္။ ဒက္ခ်မ့္စ္က”ေပါ့ဂ္ဘာ အေကာင္းဆုံးပုံစံမွာမရွိဘူးဆိုတာကို ဖင္လန္နဲ႔ပြဲမတိုင္ခင္ကတည္းက ကြၽန္ေတာ္သိပါတယ္။ အဲဒီပြဲမွာထည့္သုံးခဲ့တာကလည္း ယုံၾကည္မႈျပန္ျမင့္တက္ၿပီး ပုံမွန္ျပန္ျဖစ္သြားေအာင္လို႔ပါ။

သူဟာ တစ္နာရီေလာက္ဘဲကစားႏိုင္ေသးတယ္ဆိုတာကိုလည္း သိခဲ့တဲ့သူပါ။ ကလပ္မွာပုံမွန္ေနရာမရတဲ့သူေတြ အားလုံးအဲဒီလိုဘဲျဖစ္တတ္ပါတယ္။ ဘယ္ကစားသမားမဆို ကိုယ့္ကလပ္မွာ အေျခအေနေကာင္းမရွိရင္ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈ ကိုခံရေလ့ရွိတာပါဘဲ။ သူ႔အေၾကာင္းကို ကြၽန္ေတာ္ေကာင္းေကာင္းသိပါတယ္။

တစ္ခ်ိဳ႕အခ်ိန္ေတြမွာ ဒါမ်ိဳးဆိုတာ ဘယ္သူမွာမဆိုျဖစ္တတ္ပါတယ္။သူဟာ အျမင့္ဆုံးအဆင့္၊ ဂုဏ္သိကၡာနဲ႔ ေဝဖန္မႈေတြကို အေျဖေပးႏိုင္စြမ္းရွိေနပါတယ္” လို႔ေျပာသြားပါတယ္။

မန္ယူဟာေပါ့ဂ္ဘာကို ၂၀၁၆ ေႏြရာသီမွာဝယ္တုန္းက ေပါင္ ၈၉ သန္းအထိေပးခဲ့ရေပမယ့္ လက္ရွိမွာေပါင္ ၅၃ သန္းရရင္ ေရာင္းထုတ္ဖို႔လုပ္ေနၿပီး သူ႔ကိုေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္အသင္းက စိတ္ဝင္စားေနတယ္လို႔လည္း သိရပါတယ္။

ညက ေပၚတူဂီအသင္းနဲ႕ကစားခဲ့တဲ့ UEFA Nations League ၿပိဳင္ပဲြမွာလည္း ေပါ့ဘာ ဟာပြဲထြက္ကစားသမားအျဖစ္ပါဝင္ကစားခဲ့ပါတယ္။ ဒီပြဲမွာလည္း ေပါ့ဘာရဲ႕ေျခစြမ္းပိုင္းကေက်နပ္ေလာက္စရာမျဖစ္ခဲ့ေပမယ့္ မန္ယူမွာကစားခဲ့တဲ့အေျခအေနထက္ေတာ့ ပိုမိုတိုးတက္လာခဲ့ပါတယ္။ အသင္းေဖာ္ ကန္တီရဲ႕တစ္လံုးတည္းေသာ အႏိုင္ဂိုးနဲ႕ League (A)၊ Group (3) မွာ (၅)ပြဲကစားၿပီးခ်ိန္ ရမွတ္ (၁၃) မွတ္ နဲ႕ ျပင္သစ္အသင္းကေတာ့ ဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္သြားခဲ့ပါတယ္။

လက္ရွိခ်န္ပီယံ ေပၚတူဂီအသင္းကေတာ့သူတို႕ရဲ႕ ခ်န္ပီယံဘြဲကို ကာကြယ္ႏိုင္ခြင့္မရွိေတာ့ဘဲ ခရိုေအးရွားအသင္းနဲ႕ ေနာက္ဆံုးပြဲမကစားခင္ အုပ္စုအဆင့္မွာ က်န္ရစ္ခဲ့ပါတယ္။