မန်ယူမှာ ဘရူနိုဖာနန်ဒက်စ်အောင်မြင်မယ်လို့ မန်စီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားပြော

Photo-Internet
Photo-Internet

မန်စီးတီးအသင်း ကွင်းလယ်ဖန်တီးရှင် ဘာနာဒိုဆေးလ်ဗားက ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူမှာအောင်မြင်ပြီး ကလပ်ရဲ့အဖိုးတန်တဲ့ဖြည့်တင်းမှုဖြစ်လာလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဆေးလ်ဗားနဲ့ ဖာနန်ဒက်စ်တို့ဟ ပေါ်တူဂီအသင်းကစားဖော်တွေလည်းဖြစ်ကြပါတယ်။

ဖာနန်ဒက်စ်ဟာပြီးခဲ့တဲ့ ဇန်ဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းက စပို့တင်းလစ္စဘွန်းကနေပေါင် ၆၈ သန်းနဲ့ မန်ယူကိုပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ သူဟာဝုဗ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ မန်ယူအတွက်ပွဲထွက်ပါဝင်ခဲ့ပြီး အလားအလာကောင်းမှုကိုပြသနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့ကိုမန်ယူကပြီးခဲ့တဲ့ နွေရာသီကတည်းက ခေါ်ယူဖို့အလိုရှိခဲ့တာဖြစ်ပါတယ်။

Photo-Internet

ဆေးလ်ဗားဟာ မန်ယူရဲ့ခါးသီးတဲ့မြို့ခံပြိုင်ဘက် မန်စီးတီးမှာကစားနေသူဖြစ်ပေမယ့် ဖာနန်ဒက်စ်ရဲ့အရည်အသွေးကြောင့် ပရီးမီးယားလိဂ်မှာအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဆေးလ်ဗားက”ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်နဲ့အသားကျမှာပါ။ သူဟာငယ်သေးတဲ့အချိန်တုန်းကလည်း အီတလီမှာကစားခဲ့ဘူးပါတယ်။

Photo-Internet

သူဟာ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ကလပ်မှာ ကစားနေသူဖြစ်ပြီး မန်ယူအတွက်ကြီးကျယ်ခမ်းနားတဲ့အရာတွေကိုလုပ်ပြနိုင်မှာပါ။ သူ့အတွက်ကျွန်တော်ကျေနပ်ပါတယ်။ ဖာနန်ဒက်စ်ရဲ့အကောင်းဆုံးအချက်ကတော့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအားကောင်းမှုနဲ့ အသင်းအတွက်ဆိုရင် ၁၀၀% ပေးဆပ်မှုပါဘဲ။ ကျွန်တော်တို့ ၁၈ နှစ်အရွယ်တုန်းက ပေါ်တူဂီယူ ၁၉ အသင်းမှာအတူတွဲကစားခဲ့ဘူးပါတယ်။

Photo-Internet

ယူ ၂၁ အသင်းအပြင် ပေါ်တူဂီအသင်းကြီးမှာလည်း အတူတွဲကစားခဲ့တာပါ။ အခုလည်းမန်ချက်စတာမှာအတူတွေ့ရပြန်ပါပြီ။ သူခြေစွမ်းပြနိုင်မယ်ဆိုတာယုံကြည်ပေမယ့် ကျွန်တော်တို့ဟာပြိုင်ဘက်တွေဖြစ်သွားလို့ မန်စီးတီးနဲ့တွေ့တဲ့ပွဲမှာတော့ သူခြေစွမ်းမပြဖို့ မျှော်လင့်ပါတယ်” လို့ပြောသွားပါတယ်။

Photo-Internet

Zawgyi

မန္ယူမွာ ဘရူႏိုဖာနန္ဒက္စ္ေအာင္ျမင္မယ္လို႔ မန္စီးကြင္းလယ္လူ ဘာနာဒိုေဆးလ္ဗားေျပာ

မန္စီးတီးအသင္း ကြင္းလယ္ဖန္တီးရွင္ ဘာနာဒိုေဆးလ္ဗားက ဘရူႏိုဖာနန္ဒက္စ္ဟာ မန္ယူမွာေအာင္ျမင္ၿပီး ကလပ္ရဲ႕အဖိုးတန္တဲ႔ျဖည့္တင္းမႈျဖစ္လာလိမ့္မယ္လို႔ ေျပာလိုက္ပါတယ္။ ေဆးလ္ဗားနဲ႔ ဖာနန္ဒက္စ္တို႔ဟ ေပၚတူဂီအသင္းကစားေဖာ္ေတြလည္းျဖစ္ၾကပါတယ္။

ဖာနန္ဒက္စ္ဟာၿပီးခဲ့တဲ႔ ဇန္၀ါရီအေျပာင္းအေရႊ႕ေစ်းကြက္တုန္းက စပို႔တင္းလစၥဘြန္းကေနေပါင္ ၆၈ သန္းနဲ႔ မန္ယူကိုေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။ သူဟာ၀ုဗ္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ႔ပြဲမွာ မန္ယူအတြက္ပြဲထြက္ပါ၀င္ခဲ့ၿပီး အလားအလာေကာင္းမႈကိုျပသႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ သူ႔ကိုမန္ယူကၿပီးခဲ့တဲ႔ ေႏြရာသီကတည္းက ေခၚယူဖို႔အလိုရွိခဲ့တာျဖစ္ပါတယ္။

ေဆးလ္ဗားဟာ မန္ယူရဲ႕ခါးသီးတဲ႔ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးမွာကစားေနသူျဖစ္ေပမယ္႔ ဖာနန္ဒက္စ္ရဲ႕အရည္အေသြးေၾကာင့္ ပရီးမီးယားလိဂ္မွာေအာင္ျမင္တဲ႔သူတစ္ေယာက္ျဖစ္လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။ ေဆးလ္ဗားက”ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္နဲ႔အသားက်မွာပါ။ သူဟာငယ္ေသးတဲ႔အခ်ိန္တုန္းကလည္း အီတလီမွာကစားခဲ့ဘူးပါတယ္။

သူဟာ ကမၻာ႔အေကာင္းဆုံးစာရင္း၀င္ကလပ္မွာ ကစားေနသူျဖစ္ၿပီး မန္ယူအတြက္ႀကီးက်ယ္ခမ္းနားတဲ႔အရာေတြကိုလုပ္ျပႏိုင္မွာပါ။ သူ႔အတြက္ကၽြန္ေတာ္ေက်နပ္ပါတယ္။ ဖာနန္ဒက္စ္ရဲ႕အေကာင္းဆုံးအခ်က္ကေတာ႔ သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာအားေကာင္းမႈနဲ႔ အသင္းအတြက္ဆိုရင္ ၁၀၀% ေပးဆပ္မႈပါဘဲ။ ကၽြန္ေတာ္တို႔ ၁၈ ႏွစ္အရြယ္တုန္းက ေပၚတူဂီယူ ၁၉ အသင္းမွာအတူတြဲကစားခဲ့ဘူးပါတယ္။

ယူ ၂၁ အသင္းအျပင္ ေပၚတူဂီအသင္းႀကီးမွာလည္း အတူတြဲကစားခဲ့တာပါ။ အခုလည္းမန္ခ်က္စတာမွာအတူေတြ႔ရျပန္ပါၿပီ။ သူေျခစြမ္းျပႏိုင္မယ္ဆိုတာယုံၾကည္ေပမယ္႔ ကၽြန္ေတာ္တို႔ဟာၿပိဳင္ဘက္ေတြျဖစ္သြားလို႔ မန္စီးတီးနဲ႔ေတြ႔တဲ႔ပြဲမွာေတာ႔ သူေျခစြမ္းမျပဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ေျပာသြားပါတယ္။