
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အသင်းရဲ့ ဂိုးသမားနေရာအတွက် ဒီဂီယာနဲ့ ဟန်ဒါဆန်တို့ ၂ယောက်သာ အပြိုင်နေရာယှဉ်ပြိုင်နေရတဲ့အချိန်မှာ တစ်ချိန်က ဒီဂီယာရဲ့ အနောက်မှာ
နံပါတ် ၂နေရာကို ကျေကျေနပ်နပ်ကြီးခံယူပြီး အသင်းအတွက် ဖလားပြိုင်ပွဲတွေမှာ လက်စွမ်းပြနိုင်ခဲ့တဲ့ ရိုမဲလ်ရိုးကို ပရီသတ်တွေ မမေ့ကြသေးဘူးထင်ပါတယ်။
ယူနိုက်တက်က အခုအချိန်မှာ သူ့ကို လုံးဝအသုံးမပြုဖြစ်တော့ဘဲ စာချုပ်သက်တမ်းကလည်း နောက်လမှာ ကုန်ဆုံးတောမယ့် ရိုမဲလ်ရိုးကို သူ့တန်ဖိုးကို သိတဲ့ ရိုးမားနည်းပြသစ် မော်ရင်ဟိုက ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ အီတလီသတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းကို နည်းပြ ဗန်ဟားလ်လက်ထက်ဖြစ်တဲ့ ၂၀၁၅ခုနှစ်တုန်းက ရောက်ရှိခဲ့ပြီး မော်ရင်ဟိုကိုင်တွယ်ခဲ့တဲ့ ကာလတွေတုန်းကလည်း အသင်းအတွက် အကောင်းဆုံး ကစစားပေးခဲ့တဲ့ ရိုမဲလ်ရိုးဟာ လက်ရှိနည်းပြ ဆိုးလ်ရှားလက်ထက်မှာတော့ ထိုက်တန်တဲ့ လေးစားမှုမျိုးပြသမခံရပါဘူး။
ရိုမဲလ်ရိုးဟာ မော်ရင်ဟိုလက်ထက် ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားရရှိခဲ့တုန်းက ဖလားပြိုင်ပွဲ ၂ခုစလုံးမှာ ပွဲထွက်ဂိုးသမားအဖြစ် တာဝန်ယူကစားခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။
ရိုမဲလ်ရိုးရဲ့ လက်စွမ်းနဲ့ တန်ဖိုးကို မော်ရင်ဟိုက ကောင်းကောင်းသိနေပြီး သူတို့ ၂ယောက်ဟာ နည်းပြကြီးဖာဂူဆန်လက်ထက်နောက်ပိုင်း ပထမဆုံး ဥရောပအောင်မြင်မှုနဲ့ တစ်ရာသီအတွင်း ဆုဖလား၂လုံးရရှိခဲ့တဲ့ ယူနိုက်တက်အသင်းမှာ အတွဲညီခဲ့ကြတာပါ။
အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ ရိုမဲလ်ရိုးနဲ့ အီတလီဘောလုံးလောကဟာ မစိမ်းဘဲ ၄နှစ်လောက် ကစားခဲ့ဖူးတဲ့နေရာဖြစ်ပြီး ယူနိုက်တက်ကိုမရောက်ခင် သူဟာ ဆမ်ဒိုးရီးယားအသင်းမှာ ကစားခဲ့ပြီး အီတလီပက်စ်ပို့စ်လည်း ရှိနေပြီးသာဖြစ်ပါတယ်။
အခြားပရီးမီးယားလိဂ်အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ယူနိုက်တက်ဟာ ရိုမဲလ်ရိုးကို ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းတွေဆီကို မရောင်ချလိုဘဲ ပြည်ပကလပ်အသင်းတွေကိုသာ ရောင်းချလိုတာကြောင့် မော်ရင်ဟိုသာ သေချာ ကမ်းလှမ်းခဲ့ရင် ဒီအပြောင်းအရွှေ့က ဖြစ်လာဖို့မျာနေပါတယ်။
ဒါ့အပြင် ယူနိုက်တက်က ဒီဂီယာကိုလည်း ရောင်ချဖွယ်ရှိနေပြီး မော်ရင်ဟိုက ယူနိုက်တက်ဂိုးသမား ၂ယောက်စလုံးကို ခေါ်ယူဖို့ စဉ်းစားနေတာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မန္ယူမွာ ဖလား၂လုံးယူခဲ့တုန္းက အတြဲညီခဲ့တဲ့ ႐ိုမဲလ္႐ိုးကို ေခၚယူဖို႔ ေမာ္ရင္ဟို ျပင္ဆင္ေန
ယူႏိုက္တက္အသင္းရဲ႕ ဂိုးသမားေနရာအတြက္ ဒီဂီယာနဲ႔ ဟန္ဒါဆန္တို႔ ၂ေယာက္သာ အၿပိဳင္ေနရာယွဥ္ၿပိဳင္ေနရတဲ့အခ်ိန္မွာ တစ္ခ်ိန္က ဒီဂီယာရဲ႕ အေနာက္မွာ နံပါတ္ ၂ေနရာကို ေက်ေက်နပ္နပ္ႀကီးခံယူၿပီး အသင္းအတြက္ ဖလားၿပိဳင္ပြဲေတြမွာ လက္စြမ္းျပႏိုင္ခဲ့တဲ့ ႐ိုမဲလ္႐ိုးကို ပရီသတ္ေတြ မေမ့ၾကေသးဘူးထင္ပါတယ္။ ယူႏိုက္တက္က အခုအခ်ိန္မွာ သူ႔ကို လုံးဝအသုံးမျပဳျဖစ္ေတာ့ဘဲ စာခ်ဳပ္သက္တမ္းကလည္း ေနာက္လမွာ ကုန္ဆုံးေတာပမယ့္ ႐ိုမဲလ္႐ိုးကို သူ႔တန္ဖိုးကို သိတဲ့ ႐ိုးမားနည္းျပသစ္ ေမာ္ရင္ဟိုက ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ အီတလီသတင္းမီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ယူႏိုက္တက္အသင္းကို နည္းျပ ဗန္ဟားလ္လက္ထက္ျဖစ္တဲ့ ၂၀၁၅ခုႏွစ္တုန္းက ေရာက္ရွိခဲ့ၿပီး ေမာ္ရင္ဟိုကိုင္တြယ္ခဲ့တဲ့ ကာလေတြတုန္းကလည္း အသင္းအတြက္ အေကာင္းဆုံး ကစစားေပးခဲ့တဲ့ ႐ိုမဲလ္႐ိုးဟာ လက္ရွိနည္းျပ ဆိုးလ္ရွားလက္ထက္မွာေတာ့ ထိုက္တန္တဲ့ ေလးစားမႈမ်ိဳးျပသမခံရပါဘူး။ ႐ိုမဲလ္႐ိုးဟာ ေမာ္ရင္ဟိုလက္ထက္ ယူ႐ိုပါလိဂ္ဖလားနဲ႔ လိဂ္ဖလားရရွိခဲ့တုန္းက ဖလားၿပိဳင္ပြဲ ၂ခုစလုံးမွာ ပြဲထြက္ဂိုးသမားအျဖစ္ တာဝန္ယူကစားခဲ့ရတဲ့သူလည္း ျဖစ္ပါတယ္။
႐ိုမဲလ္႐ိုးရဲ႕ လက္စြမ္းနဲ႔ တန္ဖိုးကို ေမာ္ရင္ဟိုက ေကာင္းေကာင္းသိေနၿပီး သူတို႔ ၂ေယာက္ဟာ နည္းျပႀကီးဖာဂူဆန္လက္ထက္ေနာက္ပိုင္း ပထမဆုံး ဥေရာပေအာင္ျမင္မႈနဲ႔ တစ္ရာသီအတြင္း ဆုဖလား၂လုံးရရွိခဲ့တဲ့ ယူႏိုက္တက္အသင္းမွာ အတြဲညီခဲ့ၾကတာပါ။
အသက္ ၃၄ႏွစ္ရွိၿပီျဖစ္တဲ့ ႐ိုမဲလ္႐ိုးနဲ႔ အီတလီေဘာလုံးေလာကဟာ မစိမ္းဘဲ ၄ႏွစ္ေလာက္ ကစားခဲ့ဖူးတဲ့ေနရာျဖစ္ၿပီး ယူႏိုက္တက္ကိုမေရာက္ခင္ သူဟာ ဆမ္ဒိုးရီးယားအသင္းမွာ ကစားခဲ့ၿပီး အီတလီပက္စ္ပို႔စ္လည္း ရွိေနၿပီးသာျဖစ္ပါတယ္။
အျခားပရီးမီးယားလိဂ္အသင္းေတြကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနၾကေပမယ့္ ယူႏိုက္တက္ဟာ ႐ိုမဲလ္႐ိုးကို ပရီးမီးယားလိဂ္ၿပိဳင္ဘက္ အသင္းေတြဆီကို မေရာင္ခ်လိုဘဲ ျပည္ပကလပ္အသင္းေတြကိုသာ ေရာင္းခ်လိုတာေၾကာင့္ ေမာ္ရင္ဟိုသာ ေသခ်ာ ကမ္းလွမ္းခဲ့ရင္ ဒီအေျပာင္းအေ႐ႊ႕က ျဖစ္လာဖို႔မ်ာေနပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္က ဒီဂီယာကိုလည္း ေရာင္ခ်ဖြယ္ရွိေနၿပီး ေမာ္ရင္ဟိုက ယူႏိုက္တက္ဂိုးသမား ၂ေယာက္စလုံးကို ေခၚယူဖို႔ စဥ္းစားေနတာပါ။