မန်ယူမှာ ပွဲများများကစားရဖို့ သေချာမှသာ အငှားစာချုပ်သက်တမ်းကို ကာဗာနီ ဆက်ချုပ်လို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းမှာ အငှားလာကစားနေတဲ့ ဥရုဂွေးတိုက်စစ်မှုးကာဗာနီဟာ အသင်းနဲ့ အငှားစားချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်မချရသေးဘူးလို့ သိရပါတယ်။

အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ မန်ယူအတွက် ပရီးမီးယားလိဂ်မှာ အရေးပါတဲ့ သွင်းဂိုးအချို့ကို သွင်းယူပေးထားနိုင်တဲ့သူလည်းဖြစ်ပြီး သူ့အနေနဲ့ အသင်းမှာ ဘယ်နှပွဲလောက် ကစားခွင့်ရမလဲဆိုတာကို ရှင်းရျင်းလင်းလင်းသိရမှသာ စာချုပ်သက်တမ်းတိုးမယ့် အနေအထားရှိပါတယ်။

နည်းပြဆိုးလ်ရှားကတော့ ကာဗာနီအနေနဲ့ မန်ယူမှာ ဆက်ရှိနေမယ်လို့ မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။ ဆိုးလ်ရှားက ” ကျွန်တော် ကာဗာနီနဲ့ အမြဲ စကားပြောဖြစ်ပါတယ်။ သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာတွေရှိပါတယ်။ မနှစ်ကလို အခြေအနေမျိုးက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အခြေအနေမကောင်းတာဖြစ်ပြီး သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အပြီးသတ်ဆုံးဖြတ်ချက်ကို သေချာ ချနိုင်ဖို့အတွက် သူအချိန်ယူရဦးမှာပါ။

အမှတ်ပေးပွဲ ၈ပွဲကစားဖို့ ကျန်သေးသလို ယူရိုပါလိဂ်ပွဲတွေလည်းရှိပါသေးတယ်။ သူနဲ့ စာချုပ်သက်တမ်းက ရာသီကုန်အထိရှိပြီး အခုလောလောဆယ် သူက ကြံ့ခိုင်မှုပြည့်ဝအောင် ကြိုးစားနေပါတယ်။ လာမယ့် ရက်သတ္တပတ် ၆ပတ် ဒါမှမဟုတ် ၇ပတ်လောက်မှာ သူအားအပြည့်နဲ့ ပြန်ကစားနိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကာဗာနီဟာ ပြီးခဲ့တဲ့နှစ်အတွင်း မန်ယူအတွက် ကစားပေးရင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းနဲ့ အောင်ပွဲခံမိခဲ့တာကြောင့် အက်ဖ်အေက သူ့ကို ပေါင် ၁၀၀၀၀ နဲ့ ၃ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာကို စိတ်ပျက်နေပြီး မန်ယူနဲ့ အငှားစာချုပ်ပြည့်ရင် အာဂျင်တီးနားက ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ကာဗာနီဟာ အသက်အရွယ်ကြောင့် မန်ယူမှာ ပွဲအများအပြားမကစားရပေမယ့် သူ့ရဲ့ အတွေ့အကြုံနဲ့ ဂိုးသွင်းဖို့ နေရာယူပုံတွေက အသင်းမှာရှိတဲ့ လူငယ်တိုက်စစ်မှုးတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်နဲ့မာရှယ်တို့အတွက် အထောက်အကးဖြစ်စေတယ်လို့ ဆိုးလ်ရှားက ယူဆနေပြီး ကာဗာနီကို ဆက်နေစေလိုတာလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူမွာ ပြဲမ်ားမ်ားကစားရဖို႔ ေသခ်ာမွသာ အငွားစာခ်ဳပ္သက္တမ္းကို ကာဗာနီ ဆက္ခ်ဳပ္လို

မန္ယူအသင္းမွာ အငွားလာကစားေနတဲ့ ဥ႐ုေဂြးတိုက္စစ္မႈးကာဗာနီဟာ အသင္းနဲ႔ အငွားစားခ်ဳပ္သက္တမ္းတိုးဖို႔ ဆုံးျဖတ္ခ်က္မခ်ရေသးဘူးလို႔ သိရပါတယ္။

အသက္ ၃၄ႏွစ္ရွိၿပီျဖစ္တဲ့ ကာဗာနီဟာ မန္ယူအတြက္ ပရီးမီးယားလိဂ္မွာ အေရးပါတဲ့ သြင္းဂိုးအခ်ိဳ႕ကို သြင္းယူေပးထားႏိုင္တဲ့သူလည္းျဖစ္ၿပီး သူ႔အေနနဲ႔ အသင္းမွာ ဘယ္ႏွပြဲေလာက္ ကစားခြင့္ရမလဲဆိုတာကို ရွင္းရ်င္းလင္းလင္းသိရမွသာ စာခ်ဳပ္သက္တမ္းတိုးမယ့္ အေနအထားရွိပါတယ္။

နည္းျပဆိုးလ္ရွားကေတာ့ ကာဗာနီအေနနဲ႔ မန္ယူမွာ ဆက္ရွိေနမယ္လို႔ ေမွ်ာ္လင့္ ထားတယ္လို႔ ဆိုပါတယ္။ ဆိုးလ္ရွားက ” ကြၽန္ေတာ္ ကာဗာနီနဲ႔ အၿမဲ စကားေျပာျဖစ္ပါတယ္။ သူနဲ႔ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတာေတြရွိပါတယ္။ မႏွစ္ကလို အေျခအေနမ်ိဳးက တစ္ကမာၻလုံးအတိုင္းအတာနဲ႔ အေျခအေနမေကာင္းတာျဖစ္ၿပီး သူတစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ အၿပီးသတ္ဆုံးျဖတ္ခ်က္ကို ေသခ်ာခ်ႏိုင္ဖို႔အတြက္ သူအခ်ိန္ယူရဦးမွာပါ။ အမွတ္ေပးပြဲ ၈ပြဲကစားဖို႔ က်န္ေသးသလို ယူ႐ိုပါလိဂ္ပြဲေတြလည္းရွိပါေသးတယ္။ သူနဲ႔ စာခ်ဳပ္သက္တမ္းက ရာသီကုန္အထိရွိၿပီး အခုေလာေလာဆယ္ သူကႀကံ့ခိုင္မႈျပည့္ဝေအာင္ ႀကိဳးစားေနပါတယ္။ လာမယ့္ ရက္သတၱပတ္ ၆ပတ္ ဒါမွမဟုတ္ ၇ပတ္ေလာက္မွာ သူအားအျပည့္နဲ႔ ျပန္ကစားႏိုင္မွာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ကာဗာနီဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း မန္ယူအတြက္ ကစားေပးရင္း သူ႔ရဲ႕ဆိုရွယ္မီဒီယာမွာ လူမ်ိဳးေရးခြဲျခားတဲ့အသုံးအႏႈန္းနဲ႔ ေအာင္ပြဲခံမိခဲ့တာေၾကာင့္ အက္ဖ္ေအက သူ႔ကို ေပါင္ ၁၀၀၀၀ နဲ႔ ၃ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့တာကို စိတ္ပ်က္ေနၿပီး မန္ယူနဲ႔ အငွားစာခ်ဳပ္ျပည့္ရင္ အာဂ်င္တီးနားက ဘိုကာဂ်ဴနီယာအသင္းကို ေျပာင္းေ႐ႊ႕ေတာ့မယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနတာပါ။

ကာဗာနီဟာ အသက္အ႐ြယ္ေၾကာင့္ မန္ယူမွာ ပြဲအမ်ားအျပားမကစားရေပမယ့္ သူ႔ရဲ႕ အေတြ႕အႀကဳံနဲ႔ ဂိုးသြင္းဖို႔ ေနရာယူပုံေတြက အသင္းမွာရွိတဲ့ လူငယ္တိုက္စစ္မႈးေတြျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္နဲ႔မာရွယ္တို႔အတြက္အေထာက္အကးျဖစ္ေစတယ္လို႔ ဆိုးလ္ရွားက ယူဆေနၿပီး ကာဗာနီကို ဆက္ေနေစလိုတာလည္း ျဖစ္ပါတယ္။