မန်ယူမှာ ပရီးမီးယားလိဂ်ပွဲကစားချိန် ၈၆ မိနစ်ပဲကစားရသေးတဲ့ ဗန်ဒီဘိခ်ကို ကနဦးအငှား ခေါ်ပြီး အပြီးသတ်ခေါ်ဖို့အထိပါ ဂျူဗင်တပ်ပြင်ဆင်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာတုန်းက အဓိကပစ်မှတ်ဖြစ်ခဲ့တဲ့ ဒေါ့မန်တောင်ပံ တိုက်စစ်မှူး ဆန်ချိုကိုညှိမရတဲ့အချိန်မှာ မန်ယူဟာ ဗန်ဒီဘိခ်ကို အေဂျက်ဇ်အားကစားဒါရိုက်တာ ဗန်ဒါဆားကြောင့် အပြောင်းအရွှေ့အဆင်ပြေ ပြေနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ပေါင်သန်း ၄၀ နီးပါးအသုံးပြုပြီး ခေါ်ယူခဲ့တဲ့ ဗန်ဒီဘိခ်ဟာ အခုချိန်ထိ ပရီးမီးယားလိဂ်မှာ ကစားရတဲ့မိနစ်ပေါင်းက ၈၆ မိနစ်ပဲ ရှိပါသေးတယ်။

ကွင်းလယ်မှာ နေရာစုံကစားနိုင်တဲ့ ဗန်ဒီဘိခ်ကို အခုချိန်မှာတော့ ဂျူဗင်တပ်အသင်းက ခေါ်ယူဖို့ ပြင်ဆင်လာပြီး အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်း အနေနဲ့ အငှားနဲ့အရင်ခေါ်ယူဖို့ စဉ်းစားထားတာပါ။

မန်ယူနဲ့ ဂျူဗင်တပ်ဟာ ကစားသမားအပြောင်းအရွှေ့ကိစ္စတွေမှာ အဆင်ပြေခဲ့တဲ့အသင်းတွေဖြစ်တဲ့ ပေါ့ဂ်ဘာတုန်းကလည်း ဒီအတိုင်းပါပဲ။

လက်ရှိအချိန်မှာ ဗန်ဒီဘိခ်ဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဆိုးလ်ရှားအနေနဲ့ ပေါ့ဂ်ဘာ ဒဏ်ရာရနေတဲ့အချိန်မှာတောင် ဖရက်ဒ်နဲ့ တွန်မီနေးကိုပဲ ဦးစားပေးခဲ့တာကြောင့် ဗန်ဒီဘိခ်ဟာ အရန်ခုံမှာပဲထိုင်နေရတာ များပါတယ်။

အသက် ၂၃ နှစ်ပဲ ရှိသေး တဲ့ ဗန်ဒီဘိခ်ဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပေမယ့်လည်း ကစားသမားဟောင်းတွေဖြစ်တဲ့ ရီယိုဖာဒီနန်နဲ့ အိုဝင်ဟားဂရေ့ဗ်တို့ကတော့ ထောက်ခံအားပေးစကားတွေ ပြောကြားထားပါတယ်။

ဟားဂရေ့ဗ်က “ဗန်ဒီဘိခ် ဟာ တစ်ကိုယ်ကောင်းမဆန်ဘဲ ကွင်းထဲမှာ ကစားနိုင်တဲ့သူပါ။ သူ ပုံမှန်နေရာရဖို့ ကြိုးစားကစားပြနေတာ အားလုံးမြင်နိုင်ပါတယ်” လို့ ပြောဆိုခဲ့သလို

ရီယိုဖာဒီနန်ကလည်း “ကျွန်တော့်အနေနဲ့ သူ့ရဲ့ကစားပုံကိုကြည့်ရတာ အရမ်း ကျေနပ်စရာကောင်းပါတယ်။ ဘောလုံးကို တစ်ချက်ထိ၊ နှစ်ချက်ထိ အမြန်ပေးပုံစံ တွေနဲ့လည်း ကစားတတ်ပြီး သူ ပါဝင်ကစားခဲ့တဲ့ပွဲတွေမှာ အသင်းအတွက် ပေးဆပ်ဖို့ကိုပဲ ရည်ရွယ်ထားတာပါ။ သူဟာ တခြားသူတွေ ကောင်းကောင်းကစား နိုင်ဖို့အတွက်လည်း ကွင်းထဲမှာ ခြေစွမ်းပြနိုင်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ သူ့ကို အချိန်ပေးပြီး ထုတ်သုံးလာမယ်လို့ ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ မန်ယူအသင်းမှာ ပုံမှန်နေရာမရပေမယ့် နိုင်ငံနယ်သာလန်လက် ရွေးစင်အသင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရပြီး ပြီးခဲ့တဲ့နေးရှင်းလိဂ်ပြိုင်ပွဲတုန်းက လည်း ဂိုးသွင်းနိုင်ခဲ့တဲ့သူပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူမွာ ပရီးမီးယားလိဂ္ပြဲကစားခ်ိန္ ၈၆ မိနစ္ပဲကစားရေသးတဲ့ ဗန္ဒီဘိခ္ကို ကနဦးအငွား ေခၚၿပီး အၿပီးသတ္ေခၚဖို႔အထိပါ ဂ်ဴဗင္တပ္ျပင္ဆင္ေန

ၿပီးခဲ့တဲ့ေႏြရာသီေဈးကြက္မွာတုန္းက အဓိကပစ္မွတ္ျဖစ္ခဲ့တဲ့ ေဒါ့မန္ေတာင္ပံ တိုက္စစ္မႉး ဆန္ခ်ိဳကိုညႇိမရတဲ့အခ်ိန္မွာ မန္ယူဟာ ဗန္ဒီဘိခ္ကို ေအဂ်က္ဇ္အားကစားဒါ႐ိုက္တာ ဗန္ဒါဆားေၾကာင့္ အေျပာင္းအေ႐ႊ႕အဆင္ေျပ ေျပနဲ႔ ေခၚယူႏိုင္ခဲ့ပါတယ္။

ေပါင္သန္း ၄၀ နီးပါးအသုံးျပဳၿပီး ေခၚယူခဲ့တဲ့ ဗန္ဒီဘိခ္ဟာ အခုခ်ိန္ထိ ပရီးမီးယားလိဂ္မွာ ကစားရတဲ့မိနစ္ေပါင္းက ၈၆ မိနစ္ပဲ ရွိပါေသးတယ္။

ကြင္းလယ္မွာ ေနရာစုံကစားႏိုင္တဲ့ ဗန္ဒီဘိခ္ကို အခုခ်ိန္မွာေတာ့ ဂ်ဴဗင္တပ္အသင္းက ေခၚယူဖို႔ ျပင္ဆင္လာၿပီး အေျပာင္းအေ႐ႊ႕တစ္စိတ္တစ္ပိုင္း အေနနဲ႔ အငွားနဲ႔အရင္ေခၚယူဖို႔ စဥ္းစားထားတာပါ။

မန္ယူနဲ႔ ဂ်ဴဗင္တပ္ဟာ ကစားသမားအေျပာင္းအေ႐ႊ႕ကိစၥေတြမွာ အဆင္ေျပခဲ့တဲ့အသင္းေတြျဖစ္တဲ့ ေပါ့ဂ္ဘာတုန္းကလည္း ဒီအတိုင္းပါပဲ။

လက္ရွိအခ်ိန္မွာ ဗန္ဒီဘိခ္ဟာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရၿပီး ဆိုးလ္ရွားအေနနဲ႔ ေပါ့ဂ္ဘာ ဒဏ္ရာရေနတဲ့အခ်ိန္မွာေတာင္ ဖရက္ဒ္နဲ႔ တြန္မီေနးကိုပဲ ဦးစားေပးခဲ့တာေၾကာင့္ ဗန္ဒီဘိခ္ဟာ အရန္ခုံမွာပဲထိုင္ေနရတာ မ်ားပါတယ္။

အသက္ ၂၃ ႏွစ္ပဲ ရွိေသး တဲ့ ဗန္ဒီဘိခ္ဟာ မန္ယူအသင္းမွာ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရေပမယ့္လည္း ကစားသမားေဟာင္းေတြျဖစ္တဲ့ ရီယိုဖာဒီနန္နဲ႔ အိုဝင္ဟားဂေရ႕ဗ္တို႔ကေတာ့ ေထာက္ခံအားေပးစကားေတြ ေျပာၾကားထားပါတယ္။

ဟားဂေရ႕ဗ္က “ဗန္ဒီဘိခ္ ဟာ တစ္ကိုယ္ေကာင္းမဆန္ဘဲ ကြင္းထဲမွာ ကစားႏိုင္တဲ့သူပါ။ သူ ပုံမွန္ေနရာရဖို႔ ႀကိဳးစားကစားျပေနတာ အားလုံးျမင္ႏိုင္ပါတယ္” လို႔ ေျပာဆိုခဲ့သလို

ရီယိုဖာဒီနန္ကလည္း “ကြၽန္ေတာ့္အေနနဲ႔ သူ႔ရဲ႕ကစားပုံကိုၾကည့္ရတာ အရမ္း ေက်နပ္စရာေကာင္းပါတယ္။ ေဘာလုံးကို တစ္ခ်က္ထိ၊ ႏွစ္ခ်က္ထိ အျမန္ေပးပုံစံ ေတြနဲ႔လည္း ကစားတတ္ၿပီး သူ ပါဝင္ကစားခဲ့တဲ့ပြဲေတြမွာ အသင္းအတြက္ ေပးဆပ္ဖို႔ကိုပဲ ရည္႐ြယ္ထားတာပါ။ သူဟာ တျခားသူေတြ ေကာင္းေကာင္းကစား ႏိုင္ဖို႔အတြက္လည္း ကြင္းထဲမွာ ေျခစြမ္းျပႏိုင္ပါတယ္။ ဆိုးလ္ရွားအေနနဲ႔ သူ႔ကို အခ်ိန္ေပးၿပီး ထုတ္သုံးလာမယ္လို႔ ထင္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ မန္ယူအသင္းမွာ ပုံမွန္ေနရာမရေပမယ့္ ႏိုင္ငံနယ္သာလန္လက္ ေ႐ြးစင္အသင္းမွာေတာ့ ပုံမွန္ပြဲထြက္ခြင့္ရၿပီး ၿပီးခဲ့တဲ့ေနးရွင္းလိဂ္ၿပိဳင္ပြဲတုန္းက လည္း ဂိုးသြင္းႏိုင္ခဲ့တဲ့သူပါ။