မန်ယူမှာ ကစားချိန်ပုံမှန်မရတာကို ပေါ့ဂ်ဘာမကျေမနပ်ဖြစ်နေတယ်လို့ ဒက်ချမ့်စ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်ချမ့်စ်က ပေါ့ဂ်ဘာဟာမန်ယူမှာပုံမှန်ပွဲကစားချိန်မရတာကို ကျေနပ်နေလိမ့်မယ်လို့ သူမထင်ကြောင်းပြောကြားလိုက်ပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ အာဆင်နယ်ကို ၁-၀ နဲ့ရှုံးခဲ့တဲ့ပွဲမှာ သူ့ကြောင့်ပင်နယ်တီ ပေးခဲ့ရပြီးနောက် မန်ယူရဲ့နောက်ဆုံး ၂ ပွဲဖြစ်တဲ့ အစ္စတန်ဘူလ်၊ အဲဗာတန်တို့နဲ့ ပွဲတွေမှာ အရန်အဖြစ်သာရှိနေခဲ့တာပါ။ သူဟာဒီရာသီမှာ စပါးကို ၆-၁ နဲ့ရှုံးတဲ့ပွဲနဲ့ အာဆင်နယ်နဲ့ပွဲတွေမှာသာ မိနစ် ၉၀ ပြည့်ကစားခွင့်ရထားသေးပြီး သွင်းဂိုးကလည်း ကာရာဘောင်းဖလားမှာ ဘရိုက်တန်နဲ့တွေ့တော့ သွင်းခဲ့တဲ့တစ်ဂိုးသာရှိပါသေးတယ်။

လက်ရှိမှာပေါ့ဂ်ဘာဟာ အကောင်းဆုံးပုံစံမှာမရှိသေးတာနဲ့ပတ်သက်ပြီး ကစားသမားရဲ့ ဒဏ်ရာပြဿနာတွေနဲ့ မကြာသေးခင်က ကိုဗစ်ဖြစ်ခဲ့မှုတွေကို ဒက်ချမ့်စ်ကအပြစ်တင်ခဲ့သေးပြီး ပုံမှန်ခြေစွမ်းပြန်ရဖို့အတွက် ပေါ့ဂ်ဘာဟာ ပွဲချိန်ပြည့်ကစားခွင့်ရဖို့လိုနေတယ်လို့ဆိုခဲ့ပါတယ်။

ဒက်ချမ့်စ်က” ပေါ့ဂ်ဘာအကြောင်း ကျွန်တော်ကောင်းကောင်းသိသလို သူကလည်း ပြင်သစ်အသင်းအကြောင်းကောင်းစွာသိပါတယ်။ သူဟာ မန်ယူမှာကျေနပ်စရာမကောင်းတဲ့အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရပြီး သူကစားရတဲ့အချိန်ကိုရော ကစားရတဲ့နေရာ အတွက်ပါ စိတ်ပျက်နေသူပါ။

ဒဏ်ရာတွေရခဲ့တဲ့အပြင် ကိုဗစ်ကလည်းဖြစ်ခဲ့သေးတော့ သူ့အတွက်ပိုခက်ခဲနေတာပေါ့။ ဒါကြောင့်သူ့ အတွက်ဟန်ချက်ပြန်ညီဖို့နဲ့ ပုံမှန်ခြေစွမ်းပြန်ရဖို့ ပုံမှန်ကစားခွင့်လိုအပ်နေပါတယ်။ သူဟာ သူ့ကလပ်အတွက်ရှိသမျှအစွမ်းနဲ့ ပေးဆပ်နေသူပါ” လို့ပြောသွားပါတယ်။

လက်ရှိမှာ ပေါ့ဂ်ဘာဟာ ခြေစွမ်းပုံမှန်မရှိတဲ့အပြင် သူ့စိတ်ဓါတ်ပိုင်းနဲ့ပတ်သက်လို့လည်း ပရိသတ်တွေရဲ့ မေးခွန်းထုတ်ခြင်းကိုခံနေရသူဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ ပေါ့ဂ်ဘာထက်စာရင် ကစားအားရော လုပ်အားနှုန်းပါပိုကောင်းတဲ့ တွန်မီနေး၊ ဖရက်ဒ် တို့အတွဲကိုပိုမိုသဘောကျနေတယ်လို့လည်း သိရပါတယ်။

ပေါ့ဂ်ဘာဟာ မန်ယူနဲ့စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးပြီး ရီးရဲလ်မှာ သွားကစားလိုတယ်လို့ မကြာခဏပြောကြားခဲ့သူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူမွာ ကစားခ်ိန္ပုံမွန္မရတာကို ေပါ့ဂ္ဘာမေက်မနပ္ျဖစ္ေနတယ္လို႔ ဒက္ခ်မ့္စ္ဆို

ျပင္သစ္လက္ေ႐ြးစင္အသင္းနည္းျပ ဒက္ခ်မ့္စ္က ေပါ့ဂ္ဘာဟာမန္ယူမွာပုံမွန္ပြဲကစားခ်ိန္မရတာကို ေက်နပ္ေနလိမ့္မယ္လို႔ သူမထင္ ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေပါ့ဂ္ဘာဟာ အာဆင္နယ္ကို ၁-၀ နဲ႔ရႈံးခဲ့တဲ့ပြဲမွာ သူ႔ေၾကာင့္ပင္နယ္တီ ေပးခဲ့ရၿပီးေနာက္ မန္ယူရဲ႕ေနာက္ဆုံး ၂ ပြဲျဖစ္တဲ့ အစၥတန္ဘူလ္၊ အဲဗာတန္တို႔နဲ႔ ပြဲေတြမွာ အရန္အျဖစ္သာရွိေနခဲ့တာပါ။ သူဟာဒီရာသီမွာ စပါးကို ၆-၁ နဲ႔ရႈံးတဲ့ပြဲနဲ႔ အာဆင္နယ္နဲ႔ပြဲေတြမွာသာ မိနစ္ ၉၀ ျပည့္ကစားခြင့္ရထားေသးၿပီး သြင္းဂိုးကလည္း ကာရာေဘာင္းဖလားမွာ ဘ႐ိုက္တန္နဲ႔ေတြ႕ေတာ့ သြင္းခဲ့တဲ့တစ္ဂိုးသာရွိပါေသးတယ္။

လက္ရွိမွာေပါ့ဂ္ဘာဟာ အေကာင္းဆုံးပုံစံမွာမရွိေသးတာနဲ႔ပတ္သက္ၿပီး ကစားသမားရဲ႕ ဒဏ္ရာျပႆနာေတြနဲ႔ မၾကာေသးခင္က ကိုဗစ္ ျဖစ္ခဲ့မႈေတြကို ဒက္ခ်မ့္စ္ကအျပစ္တင္ခဲ့ေသးၿပီး ပုံမွန္ေျခစြမ္းျပန္ရဖို႔အတြက္ ေပါ့ဂ္ဘာဟာ ပြဲခ်ိန္ျပည့္ကစားခြင့္ရဖို႔လိုေနတယ္လို႔ဆိုခဲ့ပါတယ္။

ဒက္ခ်မ့္စ္က” ေပါ့ဂ္ဘာအေၾကာင္း ကြၽန္ေတာ္ေကာင္းေကာင္းသိသလို သူကလည္း ျပင္သစ္အသင္းအေၾကာင္းေကာင္းစြာသိပါတယ္။ သူဟာ မန္ယူမွာေက်နပ္စရာမေကာင္းတဲ့အေျခအေနတစ္ရပ္နဲ႔ ရင္ဆိုင္ေနရၿပီး သူကစားရတဲ့အခ်ိန္ကိုေရာ ကစားရတဲ့ေနရာ အတြက္ပါ စိတ္ပ်က္ေနသူပါ။

ဒဏ္ရာေတြရခဲ့တဲ့အျပင္ ကိုဗစ္ကလည္းျဖစ္ခဲ့ေသးေတာ့ သူ႔အတြက္ပိုခက္ခဲေနတာေပါ့။ ဒါေၾကာင့္သူ႔ အတြက္ဟန္ခ်က္ျပန္ညီဖို႔နဲ႔ ပုံမွန္ေျခစြမ္းျပန္ရဖို႔ ပုံမွန္ကစားခြင့္လိုအပ္ေနပါတယ္။ သူဟာ သူ႔ကလပ္အတြက္ရွိသမွ်အစြမ္းနဲ႔ ေပးဆပ္ေနသူပါ” လို႔ေျပာသြားပါတယ္။

လက္ရွိမွာ ေပါ့ဂ္ဘာဟာ ေျခစြမ္းပုံမွန္မရွိတဲ့အျပင္ သူ႔စိတ္ဓါတ္ပိုင္းနဲ႔ပတ္သက္လို႔လည္း ပရိသတ္ေတြရဲ႕ ေမးခြန္းထုတ္ျခင္းကိုခံေနရသူျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွားဟာ ေပါ့ဂ္ဘာထက္စာရင္ ကစားအားေရာ လုပ္အားႏႈန္းပါပိုေကာင္းတဲ့ တြန္မီေနး၊ ဖရက္ဒ္ တို႔အတြဲကိုပိုမိုသေဘာက်ေနတယ္လို႔လည္း သိရပါတယ္။

ေပါ့ဂ္ဘာဟာ မန္ယူနဲ႔စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေနေသးၿပီး ရီးရဲလ္မွာ သြားကစားလိုတယ္လို႔ မၾကာခဏေျပာၾကားခဲ့သူလည္းျဖစ္ပါတယ္။