မန်ယူမှာက ဖိအားနှစ်ဆဆိုပြီး ဆိုးလ်ရှားကို စာနာနားလည်ပေးတဲ့ ဂွါဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးနည်းပြဂွါဒီယိလိုဟာ မြို့ခံပြိုင်ဘက်အသင်းနည်းပြဆိုးလ်ရှားကို စာနာနားလည်ပေးခဲ့ပြီး မန်ယူနည်းပြတွေဟာ ဖိအားနှစ်ဆရှိကြောင်း ပြောကြားလိုက်ပါတယ်။

လီဗာပူးကို ၅ ဂိုးပြတ်နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာရောက်နေပြီးတဲ့နောက် အဲဒီနော်ဝေသားနည်းပြဟာ အနာဂါတ်နဲ့ပတ်သက်လု့ိ မသေချာသတင်းတွေထွက်ပေါ်နေတာပါ။

ဘာစီလိုနာကနေ ထွက်ခွာပြီး တစ်နှစ်ကြာ အနားယူခဲ့တဲ့ ဂွါဒီယိုလာကတော့ ထိပ်တန်းကလပ်တွေက နည်းပြတွေနားရှိနေတဲ့ဖိအားဒဏ်ကို ကောင်းကောင်းသိပါတယ်။

ဒါကြောင့်လည်း ပဲလေ့စ်နဲ့ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက”ယူနိုက်တက်မှာက အရာအားလုံးဖြစ်သမျှဟာ နှစ်ဆပါပဲ။

လီဗာပူးလိုပဲ သူတို့ဟာ နှစ်ပေါင်းများစွာကြာအောင် အင်္ဂလန်ရဲ့အကြီးကျယ်ဆုံးအသင်းတွေ ဖြစ်ခဲ့တာပါ။

အောင်မြင်ရင် နှစ်ဆအောင်မြင်ပြီး ရှုံးရင်လည်း နှစ်ဆခံစားရမှာမို့ အံ့သြစရာတော့ မရှိဘူး”လို့ ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဂွါဒီယိုလာက”ကျွန်တော်သာ ရလဒ်ကောင်းတွေမရရင် ဒီလိုပဲ အဆက်ဆံခံရမှာပါ။ နည်းပြတိုင်းပဲ။

ရလဒ်ဆိုးတွေနဲ့ ဘယ်သူမှ မရှင်သန်နိုင်ဘူး။

ဒါကြောင့် မန်ယူမှာက မျှော်မှန်းချက်တွေ တအားမြင့်ပြီး ခင်ဗျား နိုင်မှကိုဖြစ်မှာပါ။

ပရီးမီးယားလိဂ်မှာ သူတို့ဗိုလ်မစွဲတာလည်း ကြာနေပါပြီ။

သမိုင်းရဲ့တောင်းဆိုမှုကြောင့် သူတို့ကြိုးစားနေကြပါတယ်။

ဘာစီလိုနာကို ကျွန်တော်ကိုင်တုန်းကလည်း ငါနိုင်မှ ဖြစ်မယ် အဲဒီလိုမဟုတ်ရင် တခြားနည်းပြတွေလိုပဲ အဲဒီနေရာရောက်သွားမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိတော့ မန်ယူဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားအပေါ်မှာ ခိုင်ခိုင်မာမာထောက်ခံထားဆဲ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ နိုင်ငံတကာကြားဖြတ်မတိုင်ခင် အိုးလ်ထရက်ဖို့ဒ်ကို သွားကစားရဖို့ရှိပြီး အနိုင်ရခဲ့မယ်ဆိုရင် ဆိုးလ်ရှားကို ဖိအားတွေပိုထပ်တိုးသွားမှာပါ။

ဒါပေမဲ့လည်း ဆိုးလ်ရှားဟာ ဂွါဒီယိုလာနဲ့တွေ့ဆုံမှုမှတ်တမ်းကောင်းရှိထားသူဖြစ်ပြီး ၈ ကြိမ်တွေ့ဆုံဖူးရာမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူမွာက ဖိအားႏွစ္ဆဆိုၿပီး ဆိုးလ္ရွားကို စာနာနားလည္ေပးတဲ့ ဂြါဒီယိုလာ

မန္စီးတီးနည္းျပဂြါဒီယိလိုဟာ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းနည္းျပဆိုးလ္ရွားကို စာနာနားလည္ေပးခဲ့ၿပီး မန္ယူနည္းျပေတြဟာ ဖိအားႏွစ္ဆရွိေၾကာင္း ေျပာၾကားလိုက္ပါတယ္။

လီဗာပူးကို ၅ ဂိုးျပတ္နဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၇ ေနရာေရာက္ေနၿပီးတဲ့ေနာက္ အဲဒီေနာ္ေဝသားနည္းျပဟာ အနာဂါတ္နဲ႔ပတ္သက္လု႔ိ မေသခ်ာသတင္းေတြထြက္ေပၚေနတာပါ။

ဘာစီလိုနာကေန ထြက္ခြာၿပီး တစ္ႏွစ္ၾကာ အနားယူခဲ့တဲ့ ဂြါဒီယိုလာကေတာ့ ထိပ္တန္းကလပ္ေတြက နည္းျပေတြနားရွိေနတဲ့ဖိအားဒဏ္ကို ေကာင္းေကာင္းသိပါတယ္။

ဒါေၾကာင့္လည္း ပဲေလ့စ္နဲ႔ပြဲအႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဂြါဒီယိုလာက”ယူႏိုက္တက္မွာက အရာအားလုံးျဖစ္သမွ်ဟာ ႏွစ္ဆပါပဲ။ လီဗာပူးလိုပဲ သူတို႔ဟာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အဂၤလန္ရဲ႕အႀကီးက်ယ္ဆုံးအသင္းေတြ ျဖစ္ခဲ့တာပါ။ ေအာင္ျမင္ရင္ ႏွစ္ဆေအာင္ျမင္ၿပီး ရႈံးရင္လည္း ႏွစ္ဆခံစားရမွာမို႔ အံ့ၾသစရာေတာ့ မရွိဘူး”လို႔ ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ဂြါဒီယိုလာက”ကြၽန္ေတာ္သာ ရလဒ္ေကာင္းေတြမရရင္ ဒီလိုပဲ အဆက္ဆံခံရမွာပါ။ နည္းျပတိုင္းပဲ။ ရလဒ္ဆိုးေတြနဲ႔ ဘယ္သူမွ မရွင္သန္ႏိုင္ဘူး။ ဒါေၾကာင့္ မန္ယူမွာက ေမွ်ာ္မွန္းခ်က္ေတြ တအားျမင့္ၿပီး ခင္ဗ်ား ႏိုင္မွကိုျဖစ္မွာပါ။

ပရီးမီးယားလိဂ္မွာ သူတို႔ဗိုလ္မစြဲတာလည္း ၾကာေနပါၿပီ။ သမိုင္းရဲ႕ေတာင္းဆိုမႈေၾကာင့္ သူတို႔ႀကိဳးစားေနၾကပါတယ္။ ဘာစီလိုနာကို ကြၽန္ေတာ္ကိုင္တုန္းကလည္း ငါႏိုင္မွ ျဖစ္မယ္ အဲဒီလိုမဟုတ္ရင္ တျခားနည္းျပေတြလိုပဲ အဲဒီေနရာေရာက္သြားမယ္ဆိုတာ ကြၽန္ေတာ္သိခဲ့ပါတယ္”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ မန္ယူဘုတ္အဖြဲ႕ဟာ ဆိုးလ္ရွားအေပၚမွာ ခိုင္ခိုင္မာမာေထာက္ခံထားဆဲ ျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕အသင္းဟာ ႏိုင္ငံတကာၾကားျဖတ္မတိုင္ခင္ အိုးလ္ထရက္ဖို႔ဒ္ကို သြားကစားရဖို႔ရွိၿပီး အႏိုင္ရခဲ့မယ္ဆိုရင္ ဆိုးလ္ရွားကို ဖိအားေတြပိုထပ္တိုးသြားမွာပါ။

ဒါေပမဲ့လည္း ဆိုးလ္ရွားဟာ ဂြါဒီယိုလာနဲ႔ေတြ႕ဆုံမႈမွတ္တမ္းေကာင္းရွိထားသူျဖစ္ၿပီး ၈ ႀကိမ္ေတြ႕ဆုံဖူးရာမွာ ၄ ပြဲႏိုင္၊ ၁ ပြဲသေရက်ထားပါတယ္။