
photo-flipboard
photo-gettyimages
တစ်ခါတစ်ရံမှာ တချို့အဖြစ်အပျက်တွေဟာ တိုက်ဆိုင်လွန်းလှပါတယ်။ တိုက်ဆိုင်မှုတောင် ဟုတ်ရဲ့လားလို့လည်း မေးခွန်းထုတ်ရလောက်အောင်ပါပဲ။ အခုပဲ လီဗာပူးရဲ့အဖြစ်ကို ကြည့်လိုက်ပါ။ ၁၀ နှစ်အရွယ် မန်ယူပရိသတ်လေးက လီဗာပူးနည်းပြကလော့ပ်ဆီ ရှုံးပေးဖို့ စာရေးတောင်းဆိုခဲ့ပြီးကတည်းက နောက်ပိုင်းပွဲတွေမှာ လီဗာပူးဟာ ၃ ပွဲတောင် ရှုံးထားပါတယ်။
photo-gettyimages
ဒါရက်လို့အမည်ရတဲ့မန်ယူပရိသတ်လေးဟာ အဲဒီစာကို ပြီးခဲ့တဲ့ဇန်နဝါရီ ၂၄ ရက်နေ့စွဲနဲ့ ကလော့ပ်ဆီ လိပ်မူပြီး ပို့ခဲ့တာပါ။ သူ့အသင်းကို ရှုံးပေးဖို တောင်းဆိုတာဖြစ်ပေမယ့် ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ အကျိုးအကြောင်းနဲ့ ရှင်းပြပြီး လူကြီးလူကောင်းပီသစွာ ကလော့ပ်က စာနဲ့ပဲ အကြောင်းပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်လနီးပါးအကြာမှာတော့ လီဗာပူးဟာ မန်ယူပရိသတ်လေးတောင်းဆိုခဲ့သလို ဖြစ်လာပါတယ်။
photo-gettyimages
ဖေဖော်ဝါရီ ၁၈ မှာကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ ရှုံးသွားပါတယ်။ အဲဒီနောက် ဝက်စ်ဟမ်းနဲ့ပရီးမီးယားလိဂ်ပွဲမှာ ပြန်လည်ရုန်းထနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့စနေ ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ၃ ဂိုးပြတ်နဲ့တောင် ရှုံးသွားပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဗိုလ်စွဲနိုင်ရေးဆိုတဲ့ လီဗာပူးရဲ့မျှော်မှန်းချက်ဟာ အဆုံးသတ်သွားခဲ့ရပါတယ်။ အခုလည်း အင်္ဂညအက်ဖ်အေဖလားမှာ ချဲလ်ဆီးကိုအရေးနိမ့်ခဲ့လို့ သူတို့ဟာ ဒီရာသီမှာ ဖလား ၃ လုံးအောင်ပွဲရအသင်း မဖြစ်နိုင်တော့ပါဘူး။ လီဗာပူးအနေနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲရှုံးနိမ့်ခဲ့တာပါ။
[Zawgyi]
မန္ယူပရိသတ္ေလးက ရႈံးေပးဖို႔ စာေရးေတာင္းဆုိၿပီးကတည္းက ၃ ပြဲေတာင္ရႈံးထားတဲ့လီဗာပူး
တစ္ခါတစ္ရံမွာ တခ်ိဳ႕အျဖစ္အပ်က္ေတြဟာ တုိက္ဆိုင္လြန္းလွပါတယ္။ တိုက္ဆိုင္မႈေတာင္ ဟုတ္ရဲ႕လားလုိ႔လည္း ေမးခြန္းထုတ္ရေလာက္ေအာင္ပါပဲ။ အခုပဲ လီဗာပူးရဲ႕အျဖစ္ကို ၾကည့္လိုက္ပါ။ ၁၀ ႏွစ္အရြယ္ မန္ယူပရိသတ္ေလးက လီဗာပူးနည္းျပကေလာ့ပ္ဆီ ရႈံးေပးဖို႔ စာေရးေတာင္းဆိုခဲ့ၿပီးကတည္းက ေနာက္ပိုင္းပြဲေတြမွာ လီဗာပူးဟာ ၃ ပြဲေတာင္ ရႈံးထားပါတယ္။
ဒါရက္လုိ႔အမည္ရတဲ့မန္ယူပရိသတ္ေလးဟာ အဲဒီစာကို ၿပီးခဲ့တဲ့ဇန္န၀ါရီ ၂၄ ရက္ေန႔စြဲနဲ႔ ကေလာ့ပ္ဆီ လိပ္မူၿပီး ပို႔ခဲ့တာပါ။ သူ႔အသင္းကို ရႈံးေပးဖို ေတာင္းဆုိတာျဖစ္ေပမယ့္ ဒါဟာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးဆိုတာ အက်ိဳးအေၾကာင္းနဲ႔ ရွင္းျပၿပီး လူႀကီးလူေကာင္းပီသစြာ ကေလာ့ပ္က စာနဲ႔ပဲ အေၾကာင္းျပန္ေပးခဲ့ပါတယ္။ ဒါေပမဲ့ တစ္လနီးပါးအၾကာမွာေတာ့ လီဗာပူးဟာ မန္ယူပရိသတ္ေလးေတာင္းဆိုခဲ့သလို ျဖစ္လာပါတယ္။
ေဖေဖာ္၀ါရီ ၁၈ မွာကစားခဲ့တဲ့ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့အေ၀းကြင္းမွာ ၁-၀ ဂိုးနဲ႔ ရႈံးသြားပါတယ္။ အဲဒီေနာက္ ၀က္စ္ဟမ္းနဲ႔ပရီးမီးယားလိဂ္ပြဲမွာ ျပန္လည္ရုန္းထႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့စေန ကစားခဲ့တဲ့ ၀က္ဖို႔ဒ္နဲ႔ပရီးမီးယားလိဂ္အေ၀းကြင္းပြဲစဥ္မွာ ၃ ဂိုးျပတ္နဲ႔ေတာင္ ရႈံးသြားၿပီး ဒီရာသီပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိဗုိလ္စြဲႏိုင္ေရးဆုိတဲ့ လီဗာပူးရဲ႕ေမွ်ာ္မွနး္ခ်က္ဟာ အဆုံးသတ္သြားခဲ့ရပါတယ္။ အခုလည္း အဂၤညအက္ဖ္ေအဖလားမွာ ခ်ဲလ္ဆီးကိုအေရးနိမ့္ခဲ့လုိ႔ သူတို႔ဟာ ဒီရာသီမွာ ဖလား ၃ လုံးေအာင္ပြဲရအသင္း မျဖစ္ႏိုင္ေတာ့ပါဘူး။ လီဗာပူးအေနနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲရႈံးနိမ့္ခဲ့တာပါ။