မန်ယူပရိသတ်တွေ ကျေနပ်အားရခဲ့ကြတဲ့ ချဲလ်ဆီးနဲ့ပွဲက ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်မှု

photo-gettyimages

photo-gettyimages

ချဲလ်ဆီးကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ မနေ့ညပရီးမီးယားလိဂ်ပွဲက ကွင်းလယ်လူသစ်ဖာနန်ဒက်စ်ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ မန်ယူပရိသတ်တွေဟာ ကျေနပ်အားရဖြစ်ခဲ့ကြပြီး ဆိုရှယ်မီဒီယာထက်မှာ ချီးကျူးမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ ဖာနန်ဒက်စ်ဟာ နောက်ခံလူမက်ဂွိုင်းယားသွင်းယူခဲ့တဲ့ ဒုတိယဂိုးကို ထောင့်ကန်ဘောကနေ ကန်တင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒါဟာ အဲဒီပေါ်တူဂီကွင်းလယ်လူအတွက် မန်ယူကစားသမားဘ၀ ပထမဆုံးဂိုးဖန်တီးမှုလည်း ဖြစ်လာခဲ့တာပါ။

photo-gettyimages

အထူးသဖြင့် တည်ကန်ဘောတွေနဲ့ပတ်သက်ရင် ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ဟာ အထင်ကြီးဖွယ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးနဲ့ပွဲမှာ တစ်ပွဲလုံး သပ်သပ်ရပ်ရပ်နဲ့ အသင်းအတွက် အကူအညီဖြစ်အောင် ကစားပေးနိုင်ခဲ့တာက ပိုပြီးအထင်ကြီးစရာဖြစ်ခဲ့တာပါ။ သူဟာ တစ်ကြိမ်တည်းနဲ့ ချဲလ်ဆီးကစားသမား ၅ ယောက်ကို မကျော်ဖြတ်နိုင်ခဲ့သလို မယုံနိုင်ဖွယ်ကောင်းတဲ့ပေးပို့မှုတွေလည်း မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အသင်းဖော်တစ်ယောက်က ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ့ကိုလိုအပ်ခဲ့ရင် အဲဒီမှာ သူအမြဲရှိနေခဲ့ပါတယ်။

https://twitter.com/i/status/1229525747729125377

ဖာနန်ဒက်စ်ရဲ့မမောနိုင်မပန်းနိုင်ပြေးနိုင်စွမ်းကလည်း ဆိုးလ်ရှားရဲ့အမြန်ကစားကွက်နဲ့ လိုက်လျောညီထွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ စပို့တင်းကနေ သူ့ကိုခေါ်လိုက်တာဟာ ဆိုးလ်ရှားအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး အခုကတည်းက အလုပ်ဖြစ်နေတဲ့ပုံပါပဲ။ လောလောဆယ်တော့ ဖာနန်ဒက်စ်ဟာ မန်ယူကစားသမားဘ၀ သူ့ရဲ့ပထမဆုံးနိုင်ပွဲကို စတင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

[Zawgyi]

မန္ယူပရိသတ္ေတြ ေက်နပ္အားရခဲ့ၾကတဲ့ ခ်ဲလ္ဆီးနဲ႔ပြဲက ဖာနန္ဒက္စ္ရဲ႕စြမ္းေဆာင္မႈ

ခ်ဲလ္ဆီးကို ၂-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ မေန႔ညပရီးမီးယားလိဂ္ပြဲက ကြင္းလယ္လူသစ္ဖာနန္ဒက္စ္ရဲ႕ေျခစြမ္းနဲ႔ပတ္သက္လုိ႔ မန္ယူပရိသတ္ေတြဟာ ေက်နပ္အားရျဖစ္ခဲ့ၾကၿပီး ဆိုရွယ္မီဒီယာထက္မွာ ခ်ီးက်ဴးမႈေတြလည္း ျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒီပြဲမွာ ဖာနန္ဒက္စ္ဟာ ေနာက္ခံလူမက္ဂြိဳင္းယားသြင္းယူခဲ့တဲ့ ဒုတိယဂိုးကို ေထာင့္ကန္ေဘာကေန ကန္တင္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ အဲဒါဟာ အဲဒီေပၚတူဂီကြင္းလယ္လူအတြက္ မန္ယူကစားသမားဘ၀ ပထမဆုံးဂိုးဖန္တီးမႈလည္း ျဖစ္လာခဲ့တာပါ။

အထူးသျဖင့္ တည္ကန္ေဘာေတြနဲ႔ပတ္သက္ရင္ ဖာနန္ဒက္စ္ရဲ႕စြမ္းေဆာင္ရည္ဟာ အထင္ႀကီးဖြယ္ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ တစ္ပြဲလုံး သပ္သပ္ရပ္ရပ္နဲ႔ အသင္းအတြက္ အကူအညီျဖစ္ေအာင္ ကစားေပးႏိုင္ခဲ့တာက ပိုၿပီးအထင္ႀကီးစရာျဖစ္ခဲ့တာပါ။ သူဟာ တစ္ႀကိမ္တည္းနဲ႔ ခ်ဲလ္ဆီးကစားသမား ၅ ေယာက္ကို မေက်ာ္ျဖတ္ႏိုင္ခဲ့သလို မယုံႏိုင္ဖြယ္ေကာင္းတဲ့ေပးပို႔မႈေတြလည္း မလုပ္ႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ အသင္းေဖာ္တစ္ေယာက္က ဘယ္ေနရာမွာပဲျဖစ္ျဖစ္ သူ႔ကိုလိုအပ္ခဲ့ရင္ အဲဒီမွာ သူအၿမဲရွိေနခဲ့ပါတယ္။

ဖာနန္ဒက္စ္ရဲ႕မေမာႏိုင္မပန္းႏိုင္ေျပးႏိုင္စြမ္းကလည္း ဆုိးလ္ရွားရဲ႕အျမန္ကစားကြက္နဲ႔ လိုက္ေလ်ာညီေထြျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ စပို႔တင္းကေန သူ႔ကိုေခၚလိုက္တာဟာ ဆိုးလ္ရွားအတြက္ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ၿပီး အခုကတည္းက အလုပ္ျဖစ္ေနတဲ့ပုံပါပဲ။ ေလာေလာဆယ္ေတာ့ ဖာနန္ဒက္စ္ဟာ မန္ယူကစားသမားဘ၀ သူ႔ရဲ႕ပထမဆုံးႏိုင္ပြဲကို စတင္ရရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။