

မန်ယူပရိသတ်တွေဟာ အသင်းရဲ့လက်ရှိဆိုးရွားတဲ့ခြေစွမ်းထက် ပိုမိုကောင်းမွန်မှုတွေနဲ့သာ ထိုက်တန်သူတွေဖြစ်တယ်လို့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။နည်းပြဆိုးလ်ရှားရဲ့အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ နယူးကာဆယ်ကိုရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၂နေရာအထိရောက်ရှိသွားသလို တန်းဆင်းဇုန်နဲ့လည်း ၂မှတ်သာကွာပါတော့တယ်။

ဒါဟာ ၂၀၁၁ခုနှစ်မှာ အိုးလ်ထရက်ဖို့ဒ်ကို သူ စတင်ရောက်ရှိလာချိန်ကတည်းက အခက်ခဲဆုံးအချိန်တွေဖြစ်နေသလို လက်မခံနိုင်စရာစွမ်းဆောင်မှုလို့ ဂိုးသမားဒီဂီယာက Sky Sports ကို ထုတ်ပြောထားသလို နည်းပြဆိုးလ်ရှားကလည်း တရားဝင်နည်းပြအဖြစ်စတင်တာဝန်ယူခဲ့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ် ၁၆ပွဲမှာ ၁၇မှတ်သာရခဲ့တဲ့အတွက် သူ့မှာ တာဝန်အရှိဆုံးပါလို့ ဝန်ခံထားပါတယ်။

ချဲလ်ဆီးကို ၄ဂိုးပြတ်အနိုင်ရတဲ့ အဖွင့်ပွဲစဉ်နောက်ပိုင်း ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေရတဲ့ ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း အသင်းရဲ့လက်ရှိခြေစွမ်းဟာ ပရိသတ်တွေရဲ့အားပေးမှုနဲ့မထိုက်တန်ဘူးလို့ ထုတ်ပြောလိုက်တာပါ။“ ဘောလုံးမှာ ခင်ဗျား ဖုံးကွယ်မှုတွေ လုပ်လို့မရပါဘူး။ ကောင်းမွန်မှုတွေမလုံလောက်ဘူးဆိုတာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ရိုးရိုးလေးပဲပြနေပါတယ်။ကျွန်တော်ကိုယ်တိုင် မန်ယူပရိသတ်ဖြစ်နေတဲ့အတွက် နာကျင်ရပါတယ်။တကယ်တော့ သူတို့ဟာ ဒီထက်ပိုကောင်းတာတွေနဲ့မှ ထိုက်တန်သူတွေပါ။ကျွန်တော်တို့ တိုးတက်ဖို့လိုနေတယ်ဆိုတာ နားလည်ပါတယ်။ဒါဟာလည်း အသင်းအနေနဲ့၊ကလပ်အနေနဲ့ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အာရုံစိုက်မှုပါပဲ ”လို့ အင်္ဂလန်တိုက်စစ်မှူးက တွစ်တာမှာ ရေးသားလိုက်တာပါ။
(zawgyi)
မန္ယူပရိသတ္ေတြဟာ အသင္းရဲ႕လက္ရွိဆိုးရြားတဲ့ေျခစြမ္းထက္ ပိုမိုေကာင္းမြန္မႈေတြနဲ႔သာ ထိုက္တန္သူေတြျဖစ္တယ္လို႔ တိုက္စစ္မွဴးရက္ရွ္ဖို႔ဒ္က ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။နည္းျပဆိုးလ္ရွားရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ပြဲစဥ္မွာ နယူးကာဆယ္ကိုရံႈးနိမ့္ခဲ့တာေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၁၂ေနရာအထိေရာက္ရွိသြားသလို တန္းဆင္းဇုန္နဲ႔လည္း ၂မွတ္သာကြာပါေတာ့တယ္။ဒါဟာ ၂၀၁၁ခုႏွစ္မွာ အိုးလ္ထရက္ဖို႔ဒ္ကို သူ စတင္ေရာက္ရွိလာခ်ိန္ကတည္းက အခက္ခဲဆံုးအခ်ိန္ေတြျဖစ္ေနသလို လက္မခံႏိုင္စရာစြမ္းေဆာင္မႈလို႔ ဂိုးသမားဒီဂီယာက Sky Sports ကို ထုတ္ေျပာထားသလို နည္းျပဆိုးလ္ရွားကလည္း တရား၀င္နည္းျပအျဖစ္စတင္တာ၀န္ယူခဲ့တဲ့ေနာက္ပိုင္း ပရီးမီးယားလိဂ္ ၁၆ပြဲမွာ ၁၇မွတ္သာရခဲ့တဲ့အတြက္ သူ႔မွာ တာ၀န္အရွိဆံုးပါလို႔ ၀န္ခံထားပါတယ္။ခ်ဲလ္ဆီးကို ၄ဂိုးျပတ္အႏိုင္ရတဲ့ အဖြင့္ပြဲစဥ္ေနာက္ပိုင္း ပံုမွန္ေျခစြမ္းရဖို႔ရုန္းကန္ေနရတဲ့ ရက္ရွ္ဖို႔ဒ္ကိုယ္တိုင္ကလည္း အသင္းရဲ႕လက္ရွိေျခစြမ္းဟာ ပရိသတ္ေတြရဲ႕အားေပးမႈနဲ႔မထိုက္တန္ဘူးလို႔ ထုတ္ေျပာလိုက္တာပါ။“ ေဘာလံုးမွာ ခင္ဗ်ား ဖံုးကြယ္မႈေတြ လုပ္လို႔မရပါဘူး။ ေကာင္းမြန္မႈေတြမလံုေလာက္ဘူးဆိုတာ ၿပီးခဲ့တဲ့ သီတင္းပတ္အနည္းငယ္က ရိုးရိုးေလးပဲျပေနပါတယ္။ကၽြန္ေတာ္ကိုယ္တိုင္ မန္ယူပရိသတ္ျဖစ္ေနတဲ့အတြက္ နာက်င္ရပါတယ္။တကယ္ေတာ့ သူတို႔ဟာ ဒီထက္ပိုေကာင္းတာေတြနဲ႔မွ ထိုက္တန္သူေတြပါ။ကၽြန္ေတာ္တို႔ တိုးတက္ဖို႔လိုေနတယ္ဆိုတာ နားလည္ပါတယ္။ဒါဟာလည္း အသင္းအေနနဲ႔၊ကလပ္အေနနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ တစ္ခုတည္းေသာ အာရုံစိုက္မႈပါပဲ ”လို႔ အဂၤလန္တိုက္စစ္မွဴးက တြစ္တာမွာ ေရးသားလိုက္တာပါ။