

အိုးလ်ထရက်ဖို့ဒ်အလည်ခရီးမှာ မန်ယူပရိသတ်တွေရဲ့နွေးထွေးစွာကြိုဆိုမှုကို မော်ရင်ညိုရရှိလိမ့်မယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက ယုံကြည်နေပါတယ်။ပေါ်တူဂီသားဟာ ၂၀၁၈ ဒီဇင်ဘာလမှာ မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်ကို ပြိုင်ဘက်အသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ်ပြန်လာရတော့မှာပါ။သူဟာ ပိုချက်တီနိုကိုထုတ်ပယ်အပြီး တစ်ရက်အတွင်းဖြစ်တဲ့ နိုဝင်ဘာလ ၂၀ရက်နေ့မှာ စပါးနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရပြီး ပြိုင်ပွဲစုံ ၃ပွဲဆက်အနိုင်ရအောင် စွမ်းဆောင်ထားပါတယ်။

မန်ယူနည်းပြအဖြစ်တာဝန်ယူစဉ် ၂နှစ်ခွဲကာလမှာတော့ မော်ရင်ညိုဟာ လိဂ်ဖလားနဲ့ယူရိုပါလိဂ်ဖလားတွေရယူပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့အိပ်မက်ကဇာတ်ခုံအပြန်ခရီးဟာ နွေးထွေးမှုတွေရှိနေလိမ့်မယ်လို့ ဆိုးလ်ရှားက ယုံကြည်နေတာပါ။” သိပ်ကိုကောင်းမွန်တဲ့ ခရီးဦးကြိုပြုမှုတွေ သူ ရပါလိမ့်မယ်။ဒါဟာ ဒီအသင်းနဲ့ပရိသတ်တွေရဲ့ အထောက်အထားတစ်ခုလောက်ပါပဲ။တကယ်ပါ။သူတို့ဟာ ၂နှစ်ခွဲကာလအတွင်းမှာ မော်ရင်ညို ဆွတ်ခူးပေးခဲ့တဲ့ ဆုဖလားတွေကို အမှတ်ရနေပါလိမ့်မယ်။ဒါကြောင့် ကျွန်တော်တိုရဲ့ပရိသတ်တွေ၊ရုံးအဖွဲ့ဝင်တွေနဲ့အသင်းရဲ့ နွေးထွေးစွာကြိုဆိုမှုကို သူ ရလိမ့်မယ်ဆိုတာ ကျွန်တော်ကတော့ ရာနှုန်းပြည့်ယုံကြည်နေပါတယ်” လို့ ဆိုးလ်ရှားက ဖွင့်ဟသွားပါတယ်။

မန်ယူဟာ ပရီးမီးယားလိဂ် ၁၄ပွဲကစားပြီးချိန်မှာ ၄ပွဲသာနိုင်ပြီး ခက်ခဲတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရပါတယ်။ဆိုးလ်ရှားကိုယ်တိုင်ကလည်း သူ့အသင်း တိုးတက်ဖို့လိုအပ်နေတယ်ဆိုတာ ဝန်ခံထားပါတယ်။

ဒါပေမဲ့ သူ့ ကစားသမားတွေအနေနဲ့ နိုင်ပွဲပြန်ရဖို့ နည်းပြဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရချိန်မှာ တွန်းအားတစ်ရပ်အနေနဲ့လိုအပ်နေတယ်လို့ မယူဆကြောင်း၊ဘယ်လိုနည်းပြ ဘယ်လိုအသင်းနဲ့ပဲတွေ့တွေ့ ကောင်းကောင်းမွန်မွန်ကစားနိုင်ဖို့ လှုံ့ဆော်မှုရှိရမှာသာဖြစ်ကြောင်းလည်း ဆိုးလ်ရှားက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။
(zawgyi)
အိုးလ္ထရက္ဖို႔ဒ္အလည္ခရီးမွာ မန္ယူပရိသတ္ေတြရဲ႕ေႏြးေထြးစြာႀကိဳဆိုမႈကို ေမာ္ရင္ညိဳရရွိလိမ့္မယ္လို႔ မန္ယူနည္းျပဆိုးလ္ရွားက ယံုၾကည္ေနပါတယ္။ေပၚတူဂီသားဟာ ၂၀၁၈ ဒီဇင္ဘာလမွာ မန္ယူနည္းျပရာထူးကေန ထုတ္ပယ္ခံရၿပီးေနာက္ပိုင္း အိုးလ္ထရက္ဖို႔ဒ္ကို ၿပိဳင္ဘက္အသင္းနည္းျပအျဖစ္ ပထမဆံုးအႀကိမ္ျပန္လာရေတာ့မွာပါ။သူဟာ ပိုခ်က္တီႏိုကိုထုတ္ပယ္အၿပီး တစ္ရက္အတြင္းျဖစ္တဲ့ ႏို၀င္ဘာလ ၂၀ရက္ေန႔မွာ စပါးနည္းျပအျဖစ္ခန္႔အပ္ခံခဲ့ရၿပီး ၿပိဳင္ပြဲစံု ၃ပြဲဆက္အႏိုင္ရေအာင္ စြမ္းေဆာင္ထားပါတယ္။မန္ယူနည္းျပအျဖစ္တာ၀န္ယူစဥ္ ၂ႏွစ္ခြဲကာလမွာေတာ့ ေမာ္ရင္ညိဳဟာ လိဂ္ဖလားနဲ႔ယူရိုပါလိဂ္ဖလားေတြရယူေပးႏိုင္ခဲ့တာေၾကာင့္ သူ႔ရဲ႕အိပ္မက္ကဇာတ္ခံုအျပန္ခရီးဟာ ေႏြးေထြးမႈေတြရွိေနလိမ့္မယ္လို႔ ဆိုးလ္ရွားက ယံုၾကည္ေနတာပါ။” သိပ္ကိုေကာင္းမြန္တဲ့ ခရီးဦးႀကိဳျပဳမႈေတြ သူ ရပါလိမ့္မယ္။ဒါဟာ ဒီအသင္းနဲ႔ပရိသတ္ေတြရဲ႕ အေထာက္အထားတစ္ခုေလာက္ပါပဲ။တကယ္ပါ။သူတို႔ဟာ ၂ႏွစ္ခြဲကာလအတြင္းမွာ ေမာ္ရင္ညိဳ ဆြတ္ခူးေပးခဲ့တဲ့ ဆုဖလားေတြကို အမွတ္ရေနပါလိမ့္မယ္။ဒါေၾကာင့္ ကၽြန္ေတာ္တိုရဲ႕ပရိသတ္ေတြ၊ရံုးအဖြဲ႔၀င္ေတြနဲ႔အသင္းရဲ႕ ေႏြးေထြးစြာႀကိဳဆိုမႈကို သူ ရလိမ့္မယ္ဆိုတာ ကၽြန္ေတာ္ကေတာ့ ရာႏႈန္းျပည့္ယံုၾကည္ေနပါတယ္” လို႔ ဆိုးလ္ရွားက ဖြင့္ဟသြားပါတယ္။မန္ယူဟာ ပရီးမီးယားလိဂ္ ၁၄ပြဲကစားၿပီးခ်ိန္မွာ ၄ပြဲသာႏိုင္ၿပီး ခက္ခဲတဲ့ရာသီတစ္ခုကို ျဖတ္သန္းေနရပါတယ္။ဆိုးလ္ရွားကိုယ္တိုင္ကလည္း သူ႔အသင္း တိုးတက္ဖို႔လိုအပ္ေနတယ္ဆိုတာ ၀န္ခံထားပါတယ္။ဒါေပမဲ့ သူ႔ ကစားသမားေတြအေနနဲ႔ ႏိုင္ပြဲျပန္ရဖို႔ နည္းျပေဟာင္းနဲ႔ျပန္လည္ရင္ဆိုင္ရခ်ိန္မွာ တြန္းအားတစ္ရပ္အေနနဲ႔လိုအပ္ေနတယ္လို႔ မယူဆေၾကာင္း၊ဘယ္လိုနည္းျပ ဘယ္လိုအသင္းနဲ႔ပဲေတြ႔ေတြ႕ ေကာင္းေကာင္းမြန္မြန္ကစားႏိုင္ဖို႔ လံႈ႔ေဆာ္မႈရွိရမွာသာျဖစ္ေၾကာင္းလည္း ဆိုးလ္ရွားက ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။