မန်ယူပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ဒန်နီရယ်ဂျိမ်းစ်

photo-gettyimages

photo-gettyimages

ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ဘန်လေအရှုံးအတွက် တောင်ပံကစားသမားလေးဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူပရိသတ်တွေကို တောင်းပန်မှုပြုလုပ်လိုက်ပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်ဟာ လုံလောက်မှုမရှိခဲ့ဘဲ အနီးဆုံးပွဲတွေမှာ ပြန်လည်ရုန်းထသွားမယ်လို့လည်း ကတိပေးပြောကြားသွားခဲ့ပါတယ်။ အဲဒီပွဲရလဒ်ကြောင့် မန်ယူဟာ နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲမြောက်ရှုံးနိမ့်ရခြင်းလည်း ဖြစ်ခဲ့ပါတယ်။

photo-gettyimages

”အဲဒီကနေ ကျွန်တော်တို့တုံ့ပြန်သွားမှာပါ။ လုံလောက်အောင် မကောင်းခဲ့ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့အခွင့်အရေးတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကန်သွင်းမှုတွေ အများကြီးရှိခဲ့ပြီး အဲဒီထဲကနေ ပထမဆုံးဂိုးတော့ ရခဲ့သင့်ပါတယ်။ ကျွန်တော်တို့ ဂိုးပေးလိုက်ရချိန်မှာ အဲဒါဟာ မလုံလောက်တော့ပါဘူး။ ၂-၀ နဲ့ရှုံးနေကတည်းက ငါတို့အနိုင်ရနိုင်သေးတယ်လု့ိ ကျွန်တော်တို့ ယုံကြည်ခဲ့တာပါ။ အဲဒါဟာ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ယုံကြည်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ အဲဒါဟာ မဖြစ်ခဲ့ပါဘူး”လို့ ဒန်နီရယ်ဂျိမ်းစ်က မန်ယူအသင်းရုပ်သံကို ပြောခဲ့တာပါ။

photo-gettyimages

ဘန်လေကိုရှုံးသွားလို့ မန်ယူဟာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၆ မှတ်ကွာသွားပေးမယ့်လည်း ရာသီသိမ်းဖို့ ပွဲတွေအများကြီးကျန်နေသေးပြီး သူ့အသင်းအနေနဲ့ ပြန်လည်ရုန်းထနိုင်မယ်လို့ ဒန်နီရယ်ဂျိမ်းစ်က ယုံကြည်နေပါတယ်။ ”ကျွန်တော်တို့ မီနိုင်ပါသေးတယ်။ ကျွန်တော်တို့ ဘာတွေမှားခဲ့သလဲဆိုတာ နောက်တစ်နေ့မှာ ပြန်လည်သုံးသပ်သွားမှာပါ။ ရက်သတ္တပတ်တိုင်း၊ အိမ်ကွင်းအဝေးကွင်းပွဲတိုင်းမှာ ပရိသတ်တွေဟာ ကျွန်တော်တို့ကို အားပေးခဲ့တာပါ။ အဲဒီကနေ ကျွန်တေ်ာတို့ပြန်လည်တုံ့ပြန်ရမှာပါ။ လုံလောက်အောင် မကောင်းခဲ့ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်”လို့ ဒန်နီရယ်ဂျိမ်းစ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ယူပရိသတ္ေတြကို ေတာင္းပန္လိုက္တဲ့ ဒန္နီရယ္ဂ်ိမ္းစ္

ၿပီးခဲ့တ့ဲဗုဒၶဟူးညက ဘန္ေလအရႈံးအတြက္ ေတာင္ပံကစားသမားေလးဒန္နီရယ္ဂ်ိမ္းစ္ဟာ မန္ယူပရိသတ္ေတြကို ေတာင္းပန္မႈျပဳလုပ္လိုက္ပါတယ္။ အသင္းရဲ႕စြမ္းေဆာင္ရည္ဟာ လုံေလာက္မႈမရွိခဲ့ဘဲ အနီးဆုံးပြဲေတြမွာ ျပန္လည္ရုန္းထသြားမယ္လုိ႔လည္း ကတိေပးေျပာၾကားသြားခဲ့ပါတယ္။ အဲဒီပြဲရလဒ္ေၾကာင့္ မန္ယူဟာ ေနာက္ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ္ ၄ ပြဲမွာ ၃ ပြဲေျမာက္ရႈံးနိမ့္ရျခငး္လည္း ျဖစ္ခဲ့ပါတယ္။

”အဲဒီကေန ကၽြန္ေတာ္တို႔တုံ႔ျပန္သြားမွာပါ။ လုံေလာက္ေအာင္ မေကာင္းခဲ့ဘူးဆုိတာ ကၽြန္ေတာ္တို႔ သိပါတယ္။ အသင္းတစ္သင္းအေနနဲ႔ ကၽြန္ေတာ္တို႔ဟာ ပိုေကာင္းတဲ့အခြင့္အေရးေတြ လုိအပ္ပါတယ္။ ကၽြန္ေတာ္တို႔ ကန္သြင္းမႈေတြ အမ်ားႀကီးရွိခဲ့ၿပီး အဲဒီထဲကေန ပထမဆုံးဂိုးေတာ့ ရခဲ့သင့္ပါတယ္။ ကၽြန္ေတာ္တို႔ ဂိုးေပးလုိက္ရခ်ိန္မွာ အဲဒါဟာ မလုံေလာက္ေတာ့ပါဘူး။ ၂-၀ နဲ႔ရံႈးေနကတည္းက ငါတုိ႔အႏိုင္ရႏိုင္ေသးတယ္လု႔ိ ကၽြန္ေတာ္တို႔ ယံုၾကည္ခဲ့တာပါ။ အဲဒါဟာ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာလည္း ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ဘက္က ယုံၾကည္ခဲ့ေပမယ့္ ကံဆုိးစြာနဲ႔ပဲ အဲဒါဟာ မျဖစ္ခဲ့ပါဘူး”လို႔ ဒန္နီရယ္ဂ်ိမ္းစ္က မန္ယူအသင္းရုပ္သံကို ေျပာခဲ့တာပါ။

ဘန္ေလကိုရႈံးသြားလို႔ မန္ယူဟာ အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးန႔ဲ ၆ မွတ္ကြာသြားေပးမယ့္လည္း ရာသီသိမ္းဖို႔ ပြဲေတြအမ်ားႀကီးက်န္ေနေသးၿပီး သူ႔အသင္းအေနနဲ႔ ျပန္လည္ရုန္းထႏိုင္မယ္လုိ႔ ဒန္နီရယ္ဂ်ိမ္းစ္က ယုံၾကည္ေနပါတယ္။ ”ကၽြန္ေတာ္တို႔ မီႏိုင္ပါေသးတယ္။ ကၽြန္ေတာ္တို႔ ဘာေတြမွားခဲ့သလဲဆုိတာ ေနာက္တစ္ေန႔မွာ ျပန္လည္သုံးသပ္သြားမွာပါ။ ရက္သတၱပတ္တိုင္း၊ အိမ္ကြင္းအေ၀းကြင္းပဲြတိုင္းမွာ ပရိသတ္ေတြဟာ ကၽြန္ေတာ္တို႔ကို အားေပးခဲ့တာပါ။ အဲဒီကေန ကၽြန္ေတ္ာတို႔ျပန္လည္တုံ႔ျပန္ရမွာပါ။ လုံေလာက္ေအာင္ မေကာင္းခဲ့ဘူးဆုိတာ ကၽြန္ေတာ္တို႔ သိပါတယ္”လို႔ ဒန္နီရယ္ဂ်ိမ္းစ္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။