မန်ယူပရိသတ်တစ်ယောက်ဖြစ်တာမို့ အစ်ဟာလို အောင်မြင်လိမ့်မယ်လို့ အန်ဒီကိုးလ်ထောက်ခံ

photo-tribuna

photo-manchester evening news

တိုက်စစ်မှုးသစ်အစ်ဟာလိုဟာ မန်ယူပရိသတ်တစ်ယောက်ဖြစ်တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ သူ့ကိုယ်သူသက်သေပြနိုင်ဖို့ အရူးအမူးဖြစ်နေပြီး အပြီးသတ်ပြောင်းနိုင်လိမ့်မယ်လို့လည်း အသင်းဂန္ထဝင်တိုက်စစ်မှုးအန်ဒီကိုးလ်က ထောက်ခံပြောကြားလိုက်ပါတယ်။ အဲဒီနိုင်ဂျီးရီးယားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ တရုတ်ကလပ်ရှန်ဟိုင်းရှင်ဟွာကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ရောက်လာခဲ့တာပါ။

photo-manchester evening news

ဝက်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်မှာကျင်လည်ခဲ့ဖူးတဲ့အစ်ဟာလိုဟာ လာမယ့်တနင်္လာည ချဲလ်ဆီးနဲ့အဝေးကွင်းပွဲစဉ်မှာ မန်ယူအတွက် ပွဲဦးထွက်ခွင့်ရမယ်လို့ မျှော်လင့်ရပါတယ်။ အစ်ဟာလိုဟာ မန်ယူပရိသတ်တစ်ယောက်အနေနဲ့ ကြီးပြင်းလာတာဖြစ်ပြီး အရင်က မန်ယူကစားသမားတွေထဲမှာ အန်ဒီကိုးလ်ကို ကြိုက်နှစ်သက်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုတော့ သူ့ဟီးရိုးဖြစ်သူရဲ့ထောက်ခံအားပေးစကားကိုတောင် ရရှိနေပါပြီ။ လောလောဆယ်မှာ အစ်ဟာလိုဟာ မန်ယူအသင်းဖော်သစ်နဲ့ ပူးပေါင်းရခြင်းမရှိသေးပေမယ့် တစ်ယောက်တည်း အပြင်းအထန်လေ့ကျင့်နေပါတယ်။

photo-gettyimages

”ကျွန်တော်တို့မျှော်လင့်နေတာ ဒါပါပဲ။ သူလုပ်နိုင်လိမ့်မယ်ဆိုတာ သံသယမရှိပါဘူး။ သူဟာ မန်ယူရဲ့အမာခံပရိသတ်တစ်ယောက်ပါ။ သူ ဒီကိုလာချင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အတွက် လုပ်ပေးနိုင်တာကို လုပ်ပေးမှာဖြစ်ကာ သူ့အရည်အသွေးကနေ အကောင်းဆုံးကို ညှစ်ထုတ်သွားမှာပါ။ ဝက်ဖို့ဒ်နဲ့အတူ သူ့မှာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိထားပါတယ်။ အဲဒီမှာလည်း သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ တရုတ်ကိုပြောင်းသွားပေမယ့် အင်္ဂလန်ကိုသူပြန်လာခဲ့ပြီး သူ့မှာရှိတာအားလုံးကို ပေးလိမ့်မှာပါ။ မန်ယူပရိသတ်တစ်ယောက်အနေနဲ့ ကလပ်အတွက် သူလုံလောက်အောင်ကောင်းတယ်ဆိုတာကို သက်သေပြချင်ပါလိမ့်မယ်”လို့ အန်ဒီကိုးလ်က အစ်ဟာလိုနဲ့ပတ်သက်ပြီး ပြောကြားသွားခဲ့တာပါ။

[Zawgyi]

မန္ယူပရိသတ္တစ္ေယာက္ျဖစ္တာမို႔ အစ္ဟာလို ေအာင္ျမင္လိမ့္မယ္လုိ႔ အန္ဒီကိုးလ္ေထာက္ခံ

တိုက္စစ္မႈးသစ္အစ္ဟာလိုဟာ မန္ယူပရိသတ္တစ္ေယာက္ျဖစ္တာေၾကာင့္ အုိးလ္ထရက္ဖုိ႔ဒ္မွာ သူ႔ကိုယ္သူသက္ေသျပႏိုင္ဖို႔ အရူးအမူးျဖစ္ေနၿပီး အၿပီးသတ္ေျပာင္းႏိုင္လိမ့္မယ္လုိ႔လည္း အသင္းဂႏၳ၀င္တုိက္စစ္မႈးအန္ဒီကိုးလ္က ေထာက္ခံေျပာၾကားလုိက္ပါတယ္။ အဲဒီႏိုင္ဂ်ီးရီးယားလက္ေရြးစင္ဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာ တရုတ္ကလပ္ရွန္ဟိုင္းရွင္ဟြာကေန ရာသီကုန္အထိ အငွားစာခ်ဳပ္နဲ႔ ေရာက္လာခဲ့တာပါ။

၀က္ဖို႔ဒ္နဲ႔အတူ ပရီးမီးယားလိဂ္မွာက်င္လည္ခဲ့ဖူးတဲ့အစ္ဟာလိုဟာ လာမယ့္တနလၤာည ခ်ဲလ္ဆီးနဲ႔အေ၀းကြင္းပဲြစဥ္မွာ မန္ယူအတြက္ ပြဲဦးထြက္ခြင့္ရမယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။ အစ္ဟာလုိဟာ မန္ယူပရိသတ္တစ္ေယာက္အေနနဲ႔ ႀကီးျပင္းလာတာျဖစ္ၿပီး အရင္က မန္ယူကစားသမားေတြထဲမွာ အန္ဒီကိုးလ္ကို ႀကိဳက္ႏွစ္သက္ခဲ့သူလည္း ျဖစ္ပါတယ္။ အခုေတာ့ သူ႔ဟီးရိုးျဖစ္သူရဲ႕ေထာက္ခံအားေပးစကားကိုေတာင္ ရရွိေနပါၿပီ။ ေလာေလာဆယ္မွာ အစ္ဟာလိုဟာ မန္ယူအသင္းေဖာ္သစ္နဲ႔ ပူးေပါင္းရျခင္းမရွိေသးေပမယ့္ တစ္ေယာက္တည္း အျပင္းအထန္ေလ့က်င့္ေနပါတယ္။

”ကၽြန္ေတာ္တို႔ေမွ်ာ္လင့္ေနတာ ဒါပါပဲ။ သူလုပ္ႏိုင္လိမ့္မယ္ဆုိတာ သံသယမရွိပါဘူး။ သူဟာ မန္ယူရဲ႕အမာခံပရိသတ္တစ္ေယာက္ပါ။ သူ ဒီကိုလာခ်င္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အတြက္ လုပ္ေပးႏိုင္တာကို လုပ္ေပးမွာျဖစ္ကာ သူ႔အရည္အေသြးကေန အေကာင္းဆုံးကို ညွစ္ထုတ္သြားမွာပါ။ ၀က္ဖုိ႔ဒ္နဲ႔အတူ သူ႔မွာ ပရီးမီးယားလိဂ္အေတြ႕အႀကံဳရွိထားပါတယ္။ အဲဒီမွာလည္း သူေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္။ တရုတ္ကိုေျပာင္းသြားေပမယ့္ အဂၤလန္ကိုသူျပန္လာခဲ့ၿပီး သူ႔မွာရွိတာအားလုံးကို ေပးလိမ့္မွာပါ။ မန္ယူပရိသတ္တစ္ေယာက္အေနနဲ႔ ကလပ္အတြက္ သူလုံေလာက္ေအာင္ေကာင္းတယ္ဆုိတာကို သက္ေသျပခ်င္ပါလိမ့္မယ္”လို႔ အန္ဒီကိုးလ္က အစ္ဟာလိုနဲ႔ပတ္သက္ၿပီး ေျပာၾကားသြားခဲ့တာပါ။