မန်ယူပစ်မှတ်ဖာနန်ဒက်စ် ဆက်ရှိ၊မရှိကို စပို့တင်းနည်းပြအတည်ပြုနိုင်ခြင်းမရှိ

photo-gettyimages

photo-PA Images

ဒီဇန်နဝါရီဈေးကွက်မှာ မန်ယူရဲ့အဓိကပစ်မှတ်ဖြစ်နေတဲ့ကွင်းလယ်လူဖာနန်ဒက်စ်ဟာ စပို့တင်းအတွက် နောက်ဆုံးပွဲကစားခဲ့ပြီလားဆိုတာကို အဲဒီပေါ်တူဂီကလပ်အသင်းနည်းပြဆီလက်က အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီ့မတိုင်ခင် အပြောင်းအရွှေ့ရာသီကတည်းက မန်ယူနဲ့သတင်းထွက်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ တနင်္လာညက မာရီတီမိုကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ စပို့တင်းရဲ့နိုင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး အပြောင်းအရွှေ့သတင်းတွေ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပေမယ့် သူကတော့ စပို့တင်းမှာပဲ ဆက်ရှိနေဆဲပါ။

photo-EPA

”မာရီတီမိုနဲ့ပွဲဟာ စပို့တင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲလားဆိုတာ ကျွန်တော်အတည်မပြုနိုင်ပါဘူး။ ကျွန်တော်ကတော့ သူ့ကို ဆက်ရှိစေချင်တာပေါ့။ အခုချိန်မှာ သူဆက်ရှိမရှိဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ အနည်းဆုံးရာသီကုန်ထိတိုင်အောင် ကျွန်တော် သူ့ကို ထည့်တွက်ထားချင်ပါတယ်။ ဖာနန်ဒက်စ်ဟာ ကွဲပြားခြားနားတဲ့ ကစားသမားတစ်ယောက်ပါ။ ဘယ်သူမှမမြင်တာတွေကို သူမြင်ပါတယ်။ ဖာနန်ဒက်စ်ကိုပိုင်ဆိုင်တဲ့ ဘယ်ပေါ်တူဂီအသင်းပဲဖြစ်ဖြစ် သူ့ကိုဆုံးရှုံးရမယ်ဆိုရင် ခံစားရမှာပါ။ အဲဒီလိုဆိုရင် ကျွန်တော်တို့ အဖြေရှာရမှာပါ”လို့ စပို့တင်းနည်းပြဆီလက်က ပြောကြားသွားခဲ့တာပါ။

photo-PA Images

ဇန်နဝါရီအပြောင်းအရွှေ့ပိတ်ဖို့က ရက်ပိုင်းသာလိုတော့ပြီး အပြောင်းအရွှေ့မပိတ်ခင် ဖာနန်ဒက်စ်အတွက် သဘောတူညီမှုရနိုင်ဖို့ မန်ယူနဲ့စပို့တင်းတို့ဟာ ကြိုးစားနေကြဆဲဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ဒီရာသီ စပို့တင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၁၅ ဂိုးသွင်းယူထားပါတယ်။ အသက် ၂၅ နှစ်အရွယ် အဲဒီကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း စပို့တင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၃၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။

[Zawgyi]

မန္ယူပစ္မွတ္ဖာနန္ဒက္စ္ ဆက္ရွိ၊မရွိကုိ စပို႔တင္းနည္းျပအတည္ျပဳႏိုင္ျခင္းမရွိ

ဒီဇန္န၀ါရီေစ်းကြက္မွာ မန္ယူရဲ႕အဓိကပစ္မွတ္ျဖစ္ေနတဲ့ကြင္းလယ္လူဖာနန္ဒက္စ္ဟာ စပို႔တင္းအတြက္ ေနာက္ဆုံးပြဲကစားခဲ့ၿပီလားဆိုတာကို အဲဒီေပၚတူဂီကလပ္အသင္းနည္းျပဆီလက္က အတည္ျပဳႏိုင္ျခင္း မရွိခဲ့ပါဘူး။ ဒီ့မတိုင္ခင္ အေျပာင္းအေရႊ႕ရာသီကတည္းက မန္ယူနဲ႔သတင္းထြက္ခဲ့တဲ့ ဖာနန္ဒက္စ္ဟာ တနလၤာညက မာရီတီမိုကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ စပို႔တင္းရဲ႕ႏိုင္ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ ပါ၀င္ခဲ့ၿပီး အေျပာင္းအေရႊ႕သတင္းေတြ ဆက္လက္ထြက္ေပၚေနဆဲျဖစ္ေပမယ့္ သူကေတာ့ စပို႔တင္းမွာပဲ ဆက္ရွိေနဆဲပါ။

”မာရီတီမိုနဲ႔ပြဲဟာ စပို႔တင္းအတြက္ သူ႔ရဲ႕ေနာက္ဆုံးပြဲလားဆုိတာ ကၽြန္ေတာ္အတည္မျပဳႏိုင္ပါဘူး။ ကၽြန္ေတာ္ကေတာ့ သူ႔ကုိ ဆက္ရွိေစခ်င္တာေပါ့။ အခုခ်ိန္မွာ သူဆက္ရွိမရွိဆိုတာ ကၽြန္ေတာ္မသိပါဘူး။ ဒါေပမဲ့ အနည္းဆုံးရာသီကုန္ထိတိုင္ေအာင္ ကၽြန္ေတာ္ သူ႔ကို ထည့္တြက္ထားခ်င္ပါတယ္။ ဖာနန္ဒက္စ္ဟာ ကြဲျပားျခားနားတဲ့ ကစားသမားတစ္ေယာက္ပါ။ ဘယ္သူမွမျမင္တာေတြကို သူျမင္ပါတယ္။ ဖာနန္ဒက္စ္ကိုပိုင္ဆိုင္တဲ့ ဘယ္ေပၚတူဂီအသင္းပဲျဖစ္ျဖစ္ သူ႔ကိုဆုံးရႈံးရမယ္ဆုိရင္ ခံစားရမွာပါ။ အဲဒီလိုဆုိရင္ ကၽြန္ေတာ္တုိ႔ အေျဖရွာရမွာပါ”လို႔ စပို႔တင္းနည္းျပဆီလက္က ေျပာၾကားသြားခဲ့တာပါ။

ဇန္န၀ါရီအေျပာင္းအေရႊ႕ပိတ္ဖုိ႔က ရက္ပိုင္းသာလုိေတာ့ၿပီး အေျပာင္းအေရႊ႕မပိတ္ခင္ ဖာနန္ဒက္စ္အတြက္ သေဘာတူညီမႈရႏိုင္ဖုိ႔ မန္ယူနဲ႔စပို႔တင္းတို႔ဟာ ႀကိဳးစားေနၾကဆဲျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ဒီရာသီ စပို႔တင္းအတြက္ ၿပိဳင္ပြဲအရပ္ရပ္မွာ ၁၅ ဂိုးသြင္းယူထားပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ အဲဒီကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း စပုိ႔တင္းအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၃၁ ဂိုးသြင္းယူေပးခဲ့ပါတယ္။