မန်ယူနဲ့ ချဲလ်ဆီး စောင်ကြည့်နေတဲ့ ဂိုးသမားဒွန်နာရမ်မာကို စာချုပ်သစ်အတွက် မေလ ၂၃ နောက်ဆုံးထား အကြောင်းပြန်ဖို့ မီလန် သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်ယူ၊ ချဲလ်ဆီးတို့အပြင် ဂျူဗင်တပ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့

ဂိုသမား ဒွန်နာရာမာ အနေနဲ့ အသင်းက ကမ်းလှမ်းတဲ့ တပတ်လုပ်ခပေါင် ၁၃၀၀၀၀ ကို လက်ခံ လက်မခံကို

လာမယ့် မေလ ၂၃ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်အကြောင်းပြန်ဖို့ အေစီမီလန်အသင်းက သတိပေးလိုက်ပါတယ်။

ဒွန်နာရာမာဟာ အသက် ၂၂နှစ်သာ ရှိသေးပေမယ့် အေစီမီလန်အတွက် ပွဲပေါာင်း ၂၅၀နီးပါး ကစားထားတဲ့သူဖြစ်ပြီး

လွန်ခဲ့တဲ့ ၆နှစ် ကတည်းက အသင်းမှာ ပွဲထွက်ခွင့်ရခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

အီတလီက Tuttosport ရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ သူတို့ရဲ့ စီးရီးအေနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အတ္တလန္တာနဲ့ပွဲမတိုင်ခင်

ဒွန်နာရမ်မာရဲ့ စာချုပ်ကိစ္စ အခြေအနေကို တိတိကျကျ သိချင်နေပါတယ်။

ကစားသမားရဲ့အေးဂျင့်ကတော့ ငွေမက်တယ်လို့ နာမည်ဆိုးထွက်တဲ့ ရွိုင်အိုလာဖြစ်ပြီး သူရဲ့ ကစားသမားအတွက်

တပတ်လုပ်ခလစာ ပေါင် ၂၀၀၀၀၀ တောင်းဆိုထားတာပါ။

၂၀၁၅-၁၆ ဘောလုံးရာသီကနေစပြီး အေစီမီလန်အတွက် ဆက်ကျော်သက်အရွယ်ကတည်းက ပွဲထွက်ခွင့်ရခဲပတဲ့ ဒွန်နာရမ်မာဟာ

ဆုဖလား အောင်မြင်မှုအနေနဲ့ အီတလီစူပါဖလား တစ်ကြိမ်သာ ရရှိထားတာပါ။

၂၀၁၉-၂၀ ဘောလုံးရာသီမှာတော့ သူ့ရဲ့ လက်စွမ်းကြောင့် စီးရီးအေတစ်ရာသီ အကောင်းဆုံးကစားသမား အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

သူ့ကို အေစီမီလန်က ၈နှစ်စာချုပ်သစ် ချုပ်ဆိုလိုနေပြီး လက်ရှစာချုပ်သက်တမ်းက ဇွန်လမှာ

ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် အသင်းကပေးတဲ့ ကမ်းလှမ်းမှုကို

လက်ခံ လက်မခံဆိုတာ သေချာ သိချင်နေတာလည်း ဖြစ်ပါတယ်။

 

ဒီရာသီမှာ ဒွန်နာရမ်မာဟာ အေစီမီလန်အတွက် လက်စွမ်းပြနေတဲ့သူဖြစ်ပြီး လက်ရှိအေစီမီလန်အသင်း အဆင့် ၂နေရာမှာ ရပ်တည်နေနိုင်တာပါ။

ဒါပေမယ့် လက်ကျန် ၆ပွဲပဲ ကျန်တဲ့ အနေအထားမှာ အေစီမီလန်အနေနဲ့ အဆင့် ၂နေရာကို အတော်လေးကြိုးစား ကာကွယ်ရမယ့် အခြေအနေရှိပြီး

အဆင့် ၅နေရာက နာပိုလီနဲ့ ၃မှတ်သာ ကွာဟ နေတာပါ။

လာမယ့် ရာသီအတွက် အေစီမီလန်အနေနဲ့ ချန်ပီယံလိ၈်ဝင်ခွင့်၇ဖို့ အဓိက ပစ်မှတ်ထားနေပြီး

တကယ်လို့ ဒွန်နာရမ်မာ ထွက်ခွာသွားခဲ့ရင် လိုင်လီအသင်းက ဂိုးသမား မိုက်မက်ချ်နမ် နဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ယူနဲ႔ ခ်ဲလ္ဆီး ေစာင္ၾကည့္ေနတဲ့ ဂိုးသမားဒြန္နာရမ္မာကို စာခ်ဳပ္သစ္အတြက္ ေမလ ၂၃ ေနာက္ဆုံးထား အေၾကာင္းျပန္ဖို႔ မီလန္ သတိေပး

ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းေတြျဖစ္တဲ့ မန္ယူ၊ ခ်ဲလ္ဆီးတို႔အျပင္ ဂ်ဴဗင္တပ္အသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့

ဂိုသမား ဒြန္နာရာမာ အေနနဲ႔ အသင္းက ကမ္းလွမ္းတဲ့ တပတ္လုပ္ခေပါင္ ၁၃၀၀၀၀ ကို လက္ခံ လက္မခံကို

လာမယ့္ ေမလ ၂၃ရက္ေန႔ ေနာက္ဆုံးထားၿပီး ဆုံးျဖတ္အေၾကာင္းျပန္ဖို႔ ေအစီမီလန္အသင္းက သတိေပးလိုက္ပါတယ္။

ဒြန္နာရာမာဟာ အသက္ ၂၂ႏွစ္သာ ရွိေသးေပမယ့္ ေအစီမီလန္အတြက္ ပြဲေပါာင္း ၂၅၀နီးပါး ကစားထားတဲ့သူျဖစ္ၿပီး

လြန္ခဲ့တဲ့ ၆ႏွစ္ ကတည္းက အသင္းမွာ ပြဲထြက္ခြင့္ရခဲ့တဲ့သူလည္း ျဖစ္ပါတယ္။ အီတလီက Tuttosport ရဲ႕ ေဖာ္ျပခ်က္အရ

ေအစီမီလန္အသင္းဟာ သူတို႔ရဲ႕ စီးရီးေအေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ အတၱလႏၲာနဲ႔ပြဲမတိုင္ခင္ ဒြန္နာရမ္မာရဲ႕

စာခ်ဳပ္ကိစၥ အေျခအေနကို တိတိက်က် သိခ်င္ေနပါတယ္။

ကစားသမားရဲ႕ေအးဂ်င့္ကေတာ့ ေငြမက္တယ္လို႔ နာမည္ဆိုးထြက္တဲ့ ႐ြိဳင္အိုလာျဖစ္ၿပီး

သူရဲ႕ ကစားသမားအတြက္ တပတ္လုပ္ခလစာ ေပါင္ ၂၀၀၀၀၀ ေတာင္းဆိုထားတာပါ။

၂၀၁၅-၁၆ ေဘာလုံးရာသီကေနစၿပီး ေအစီမီလန္အတြက္ ဆက္ေက်ာ္သက္အ႐ြယ္ကတည္းက ပြဲထြက္ခြင့္ရခဲပတဲ့ ဒြန္နာရမ္မာဟာ

ဆုဖလား ေအာင္ျမင္မႈအေနနဲ႔ အီတလီစူပါဖလား တစ္ႀကိမ္သာ ရရွိထားတာပါ။

၂၀၁၉-၂၀ ေဘာလုံးရာသီမွာေတာ့ သူ႔ရဲ႕ လက္စြမ္းေၾကာင့္ စီးရီးေအတစ္ရာသီ အေကာင္းဆုံးကစားသမား အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

သူ႔ကို ေအစီမီလန္က ၈ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုေနၿပီး လက္ရွစာခ်ဳပ္သက္တမ္းက ဇြန္လမွာ ကုန္ဆုံးေတာ့မွာျဖစ္တဲ့အတြက္

အသင္းကေပးတဲ့ ကမ္းလွမ္းမႈကိုလက္ခံ လက္မခံဆိုတာ ေသခ်ာ သိခ်င္ေနတာလည္း ျဖစ္ပါတယ္။

ဒီရာသီမွာ ဒြန္နာရမ္မာဟာ ေအစီမီလန္အတြက္ လက္စြမ္းျပေနတဲ့သူျဖစ္ၿပီး လက္ရွိေအစီမီလန္အသင္း အဆင့္ ၂ေနရာမွာ

ရပ္တည္ေနႏိုင္တာပါ။ ဒါေပမယ့္ လက္က်န္ ၆ပြဲပဲ က်န္တဲ့ အေနအထားမွာ ေအစီမီလန္အေနနဲ႔ အဆင့္ ၂ေနရာကို

အေတာ္ေလးႀကိဳးစား ကာကြယ္ရမယ့္ အေျခအေနရွိၿပီး အဆင့္ ၅ေနရာက နာပိုလီနဲ႔ ၃မွတ္သာ ကြာဟ ေနတာပါ။

လာမယ့္ ရာသီအတြက္ ေအစီမီလန္အေနနဲ႔ ခ်န္ပီယံလိ၈္ဝင္ခြင့္၇ဖို႔ အဓိက ပစ္မွတ္ထားေနၿပီး တကယ္လို႔ ဒြန္နာရမ္မာ ထြက္ခြာသြားခဲ့ရင္

လိုင္လီအသင္းက ဂိုးသမား မိုက္မက္ခ်္နမ္ နဲ႔ အစားထိုးဖို႔ ျပင္ဆင္ေနပါတယ္။