မန်ယူနဲ့ ကာဗာနီတို့ရဲ့ အပြောင်းအရွှေ့သတင်း Update

photo internet

မန်ယူနိုက်တက်ကတော့ PSG အသင်းတိုက်စစ်မှုး အက်ဒီဆင်ကာဗာနီ ကို ခေါ်ယူဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ကာဗာနီကိုခေါ်ယူလိုခြင်းမရှိပဲ ငယ်ရွယ်တဲ့ကစားသမားတွေကိုသာ ခေါ်ယူလိုနေတာကြောင့် ငြင်းဆန်ခဲ့တာပါ။

ယခုနှစ်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကာဗာနီဟာ ယခုဇန်နဝါရီမှာတင်အသင်းပြောင်းရွှေ့ဖို့ ကြိုးပမ်းနေခဲ့တာပါ။ မန်ယူနိုက်တက်အနေနဲ့လည်း ရက်ရှ်ဖို့ဒ် ကို သုံးလနီးပါးလက်လွှတ်ရမယ့် အခြေအနေနဲ့ရင်ဆိုင်နေရတာကြောင့် ကာဗာနီနဲ့အစားထိုးဖို့

ပရိသတ်တွေက အလိုရှိနေခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါဟာ ကာဗာနီကိုစိတ်ဝင်စားနေတဲ့ ချယ်ဆီးအသင်းအတွက်တော့ သတင်းကောင်းဖြစ်လာဖွယ်ရှိနေပြီး ချယ်ဆီးဟာ ကာဗာနီကို ယူရို ၂၃ သန်း နဲ့ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။ကာဗာနီကို စိတ်ဝင်စားနေတဲ့အကြောင်း ချယ်ဆီးနည်းပြချုပ် လမ်းပတ်ကလည်း အရိပ်အမြွက်အနေနဲ့ ပြောကြားခဲ့ပါသေးတယ်။

မန်ယူနိုက်တက်ဟာ လိုင်ယွန်တိုက်စစ်မှှုး ဒမ်ဘီလီ နဲ့ ရီးယဲတိုက်စစ်မှုး လူကာဂျိုဗစ် တို့ကို ကာလတိုခေါ်ယူပြီး ရက်ရှ်ဖို့ဒ်ရဲ့နေရာကို အစားထိုးဖို့ကြိုးစားနေတယ်လို့သိရပါတယ်။
ဘန်လေနဲ့ရင်ဆိုင်ရမယ့် မန်ယူနိုက်တက်ဟာ ချယ်ဆီးရဲ့ နံပါတ် ၄ နေရာကို အရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။