မန်ယူနဲ့အံဝင်လာတဲ့ ကာဗာနီနဲ့ ဗန်ဒီဘိခ် တို့ကို နည်းပြဆိုလ်ရှားချီးကျူးဂုဏ်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူက အစ္စတန်ဘူလ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ အိမ်ကွင်းချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းနဲ့အံဝင်အောင် ကစားသွားနိုင်ကြတဲ့ တိုက်စစ်မှူး ကာဗာနီနဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် တို့ကို နည်းပြဆိုးလ်ရှားက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ ပထမဆုံးအကြိမ်အဖြစ်ပွဲထွက်စာရင်းကနေ ပါဝင်လာပြီးမိနစ် ၉၀ ပြည့်ကစားခဲ့ကြတာလည်းဖြစ်ပါတယ်။

မန်ယူဟာ ပွဲချိန်အစောပိုင်းက ဖာနန်ဒက်စ်သွင်းယူခဲ့တဲ့ နှစ်ဂိုး၊ ရက်ရှ်ဖို့ဒ်ရဲ့ပင်နယ်တီ တို့အပြင် ပွဲပြီးကာနီးမှာ ဒန်နီရယ်ဂျိမ်းစ်သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဗန်ဒီဘိခ်ဟာ မန်ယူခံစစ်ကိုကောင်းစွာကာကွယ်ပေးနိုင်ခဲ့သလို ထိရောက်တဲ့ဘောလုံးဖြန့်ဝေပေးမှုတွေလည်း ပြုလုပ်နိုင်ခဲ့တာပါ။

ကာဗာနီ ဆိုရင်လည်းအသက်အရွယ်နဲ့မလိုက်အောင် တိုက်စစ်မှာအကောင်းဆုံးလှုပ်ရှားသွားခဲ့ပြီး သူ့ကြောင့် ဖာနန်ဒက်စ်ဟာနေရာလွတ်တွေပိုရပြီး ဂိုးတွေလည်းသွင်းယူနိုင်ခဲ့တာပါ။

ဗန်ဒီဘိခ်ဟာ အေဂျက်ကနေပေါင်သန်း ၄၀ နဲ့ရောက်ရှိလာသူဖြစ်ပြီး အရန်အဖြစ်သာနေခဲ့ရလို့ ဆိုးလ်ရှားအပေါ်ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒါပေမယ့် အခုပွဲမှာ မိနစ် ၉၀ ပြည့်ကစားပြီးခြေစွမ်းပြခဲ့လို့ မန်ယူရဲ့ပွဲထွက်စာရင်းနဲ့ ထိုက်တန်တဲ့သူဆိုတာ ပြသသွားခဲ့သလို ကာဗာနီဟာလည်း သူအတွေ့အကြုံတွေက တန်ဖိုးဖြတ်မရဘူးဆိုတာကို သက်သေပြနိုင်ခဲ့တာပါ။

ဆိုးလ်ရှားက” ကာဗာနီရော ဗန်ဒီဘိခ်ပါ ကျွန်တော်တို့လိုချင်တဲ့အတိုင်း ကစားနိုင်ခဲ့ပါတယ်။ ဒွန်နီ(ဗန်ဒီဘိခ်) ဆိုရင်မတူညီတဲ့နေရာမှာ ကစားနိုင်စွမ်းရှိတယ်ဆိုတာပြသခဲ့သလို ကာဗာနီဟာလည်း ကျောနံပါတ် ၉ နေရာမှာကောင်းကောင်းလှုပ်ရှားပြသွားတာပါ။

အသင်းမှာသိပ်မကြာခင်အချိန်တွေက မရှိခဲ့တဲ့ပုံစံပေါ့။ မာရှယ်ကလည်း ဘယ်တောင်ပံမှာကောင်းကောင်း ကစားပြနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ထိရောက်စွာကစားနိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်ညဖြစ်လို့လည်း ကစားသမားတွေခြေစွမ်းပြဖို့ မျှော်လင့်ခဲ့ရတာပါ။

အခုဆိုရင် နောက်ဆင့်တက်ဖို့ တစ်မှတ်ဘဲလိုပါတော့တယ်။ ဒါပေမယ့် တစ်ချိန်မှာတစ်ပွဲချင်းစီကိုဘဲ အာရုံစိုက်လို့ရပါမယ်” လို့ပြောသွားပါတယ်။

ဒီပွဲမှာ ဖာနန်ဒက်စ်က ရက်ရှ်ဖို့ဒ်ကို ပင်နယ်တီပေးကန်ခဲ့တာကိုလည်း ဆိုးလ်ရှားကအပြစ်မမြင်ခဲ့ဘဲ ပင်နယ်တီကန်နိုင်တဲ့သူ ပိုများလာတာဟာအသင်းအတွက် ပိုကောင်းပါတယ်လို့ ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူနဲ႔အံဝင္လာတဲ့ ကာဗာနီနဲ႔ ဗန္ဒီဘိခ္ တို႔ကို နည္းျပဆိုလ္ရွားခ်ီးက်ဴးဂုဏ္ျပဳ

မန္ယူက အစၥတန္ဘူလ္ကို ၄-၁ နဲ႔အႏိုင္ရခဲ့တဲ့ အိမ္ကြင္းခ်န္ပီယံလိဂ္ပြဲစဥ္မွာ အသင္းနဲ႔အံဝင္ေအာင္ ကစားသြားႏိုင္ၾကတဲ့ တိုက္စစ္မႉး ကာဗာနီနဲ႔ ကြင္းလယ္လူ ဗန္ဒီဘိခ္ တို႔ကို နည္းျပဆိုးလ္ရွားက ခ်ီးက်ဴးဂုဏ္ျပဳလိုက္ပါတယ္။

သူတို႔ႏွစ္ဦးဟာ ပထမဆုံးအႀကိမ္အျဖစ္ပြဲထြက္စာရင္းကေန ပါဝင္လာၿပီးမိနစ္ ၉၀ ျပည့္ကစားခဲ့ၾကတာလည္းျဖစ္ပါတယ္။ မန္ယူဟာ ပြဲခ်ိန္အေစာပိုင္းက ဖာနန္ဒက္စ္သြင္းယူခဲ့တဲ့ ႏွစ္ဂိုး၊ ရက္ရွ္ဖို႔ဒ္ရဲ႕ပင္နယ္တီ တို႔အျပင္ ပြဲၿပီးကာနီးမွာ ဒန္နီရယ္ဂ်ိမ္းစ္သြင္းယူခဲ့တဲ့ ဂိုးေတြနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ဗန္ဒီဘိခ္ဟာ မန္ယူခံစစ္ကိုေကာင္းစြာကာကြယ္ေပးႏိုင္ခဲ့သလို ထိေရာက္တဲ့ေဘာလုံးျဖန႔္ေဝေပးမႈေတြလည္း ျပဳလုပ္ႏိုင္ခဲ့တာပါ။ ကာဗာနီ ဆိုရင္လည္းအသက္အ႐ြယ္နဲ႔မလိုက္ေအာင္ တိုက္စစ္မွာအေကာင္းဆုံးလႈပ္ရွားသြားခဲ့ၿပီး သူ႔ေၾကာင့္ ဖာနန္ဒက္စ္ဟာေနရာလြတ္ေတြပိုရၿပီး ဂိုးေတြလည္းသြင္းယူႏိုင္ခဲ့တာပါ။

ဗန္ဒီဘိခ္ဟာ ေအဂ်က္ကေနေပါင္သန္း ၄၀ နဲ႔ေရာက္ရွိလာသူျဖစ္ၿပီး အရန္အျဖစ္သာေနခဲ့ရလို႔ ဆိုးလ္ရွားအေပၚေဝဖန္မႈေတြရွိခဲ့ပါတယ္။ ဒါေပမယ့္ အခုပြဲမွာ မိနစ္ ၉၀ ျပည့္ကစားၿပီးေျခစြမ္းျပခဲ့လို႔ မန္ယူရဲ႕ပြဲထြက္စာရင္းနဲ႔ ထိုက္တန္တဲ့သူဆိုတာ ျပသသြားခဲ့သလို ကာဗာနီဟာလည္း သူအေတြ႕အႀကဳံေတြက တန္ဖိုးျဖတ္မရဘူးဆိုတာကို သက္ေသျပႏိုင္ခဲ့တာပါ။

ဆိုးလ္ရွားက” ကာဗာနီေရာ ဗန္ဒီဘိခ္ပါ ကြၽန္ေတာ္တို႔လိုခ်င္တဲ့အတိုင္း ကစားႏိုင္ခဲ့ပါတယ္။ ဒြန္နီ(ဗန္ဒီဘိခ္) ဆိုရင္မတူညီတဲ့ေနရာမွာ ကစားႏိုင္စြမ္းရွိတယ္ဆိုတာျပသခဲ့သလို ကာဗာနီဟာလည္း ေက်ာနံပါတ္ ၉ ေနရာမွာေကာင္းေကာင္းလႈပ္ရွားျပသြားတာပါ။

အသင္းမွာသိပ္မၾကာခင္အခ်ိန္ေတြက မရွိခဲ့တဲ့ပုံစံေပါ့။ မာရွယ္ကလည္း ဘယ္ေတာင္ပံမွာေကာင္းေကာင္း ကစားျပႏိုင္ခဲ့ပါတယ္။ ပထမပိုင္းမွာ ထိေရာက္စြာကစားႏိုင္ခဲ့တာပါ။ ခ်န္ပီယံလိဂ္ညျဖစ္လို႔လည္း ကစားသမားေတြေျခစြမ္းျပဖို႔ ေမွ်ာ္လင့္ခဲ့ရတာပါ။

အခုဆိုရင္ ေနာက္ဆင့္တက္ဖို႔ တစ္မွတ္ဘဲလိုပါေတာ့တယ္။ ဒါေပမယ့္ တစ္ခ်ိန္မွာတစ္ပြဲခ်င္းစီကိုဘဲ အာ႐ုံစိုက္လို႔ရပါမယ္” လို႔ေျပာသြားပါတယ္။

ဒီပြဲမွာ ဖာနန္ဒက္စ္က ရက္ရွ္ဖို႔ဒ္ကို ပင္နယ္တီေပးကန္ခဲ့တာကိုလည္း ဆိုးလ္ရွားကအျပစ္မျမင္ခဲ့ဘဲ ပင္နယ္တီကန္ႏိုင္တဲ့သူ ပိုမ်ားလာတာဟာအသင္းအတြက္ ပိုေကာင္းပါတယ္လို႔ ေျပာသြားပါတယ္။