မန်ယူနဲ့သတင်းထွက်နေတဲ့ ဂျီမီနက်ဇ်ကို ဆုံးရှုံးရဖို့ရှိနေတယ်လို့ ဝုဗ်နည်းပြဝန်ခံ

Photo- Internet
Photo- Internet

ဝုဗ်အသင်းနည်းပြ နူနိုဆန်တိုက အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဘာမဆိုဖြစ်နိုင်လို့ တိုက်စစ်မှူ း ဂျီမီနက်ဇ်ကိုဆုံးရှုံးရဖို့ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ အသက် ၂၈ နှစ်ရှိတဲ့ ဂျီမီနက်ဇ် ဟာဒီရာသီမှာဝုဗ်အတွက်ခြေစွမ်း ပြနေသူတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာမန်ယူနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာ အရန်အဖြစ်သာနေခဲ့ရပေမယ့်  ဒီရာသီမှာဝုဗ်အတွက်ပြိုင်ပွဲအရပ်ရပ် ၃၂ ပွဲကစားပြီး ၁၇ ဂိုးသွင်းယူကာ ၉ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ မန်ယူဟာသူ့ကိုအခုဈေးကွက်ထဲမှာပေါင် ၅၁ သန်းနဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။

Photo- Internet

ပြီးခဲ့တဲ့နွေရာသီက လူကာကူနဲ့ဆန်းချက်ဇ်ကိုလက်လွှတ်ခဲ့ရပြီးနောက် တိုက်စစ်မှူ း လိုအပ်ချက်ရှိခဲ့တဲ့အပြင် မာရှယ်ဟာလည်း ကြံခိုင်မှုပိုင်းစိတ်မချရသူဖြစ်လို့ ဂျီမီနက်ဇ် ကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။ မာရှယ်ဟာ ကြံခိုင်မှုပြည့်ဝနေရင် ခြေစွမ်းပြနိုင်သူဖြစ်ပေမယ့် ဒဏ်ရာမကြာခဏရတတ်သလို အဖျားဝေဒနာကြောင့် ဝုဗ်နဲ့ပွဲမှာလည်း မပါနိုင်ခဲ့ပါဘူး။

Photo- Internet

ဒါနဲ့ပတ်သက်လို့ မေးမြန်းမှုကိုနူနိုဆန်တိုက” ဒီသတင်းကိုကျွန်တော်အခုမှကြားတာပါ။ ဆိုးလ်ရှားဘက်ကလည်း ဘာမှပြောသံမကြားရပါဘူး။ ဒါပေမယ့်အခုက ဈေးကွက်ဖွင့်ချိန်ဖြစ်လို့ ဖွင့်နေသမျှကာလပတ်လုံးတော့ ဘာမဆိုဖြစ်နိုင်တာပါဘဲ။ လောလောဆယ်မှာ သူရှိနေတဲ့အတွက်တော့ ကျေနပ်ပါတယ်” လို့ပြောသွားပါတယ်။

Photo- Internet

မန်ယူနည်းပြ ဆိုးလ်ရှားကလည်း ဂျီမီနက်ဇ်နဲ့ပတ်သက်တဲ့သတင်းတွေကို ရေရေရာရာဖြေသွားခြင်းမရှိပါဘူး။ သူက”ဂျီမီနက်ဇ်ဟာကျွန်တော်တို့နဲ့သတင်းထွက်လာတဲ့ နောက်ထပ်ကစားသမားကောင်းတစ်ဦးပါ။ ဒီအတွက်ဘာမှတ်ချက်မှတော့ မပေးလိုပါဘူး” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

မန္ယူနဲ႔သတင္းထြက္ေနတဲ႔ ဂ်ီမီနက္ဇ္ကို ဆုံးရႈံးရဖို႔ရွိေနတယ္လို႔ ၀ုဗ္နည္းျပ၀န္ခံ

၀ုဗ္အသင္းနည္းျပ ႏူႏုိဆန္တိုက အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ဘာမဆိုျဖစ္ႏိုင္လို႔ တိုက္စစ္မွဴ း ဂ်ီမီနက္ဇ္ကိုဆုံးရႈံးရဖို႔ရွိေနတယ္လို႔ ေျပာလိုက္ပါတယ္။ အသက္ ၂၈ ႏွစ္ရွိတဲ႔ ဂ်ီမီနက္ဇ္ ဟာဒီရာသီမွာ၀ုဗ္အတြက္ေျခစြမ္း ျပေနသူတစ္ဦးလည္းျဖစ္ပါတယ္။

သူဟာမန္ယူနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ႔ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္မွာ အရန္အျဖစ္သာေနခဲ့ရေပမယ္႔  ဒီရာသီမွာ၀ုဗ္အတြက္ၿပိဳင္ပြဲအရပ္ရပ္ ၃၂ ပြဲကစားၿပီး ၁၇ ဂိုးသြင္းယူကာ ၉ ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။ မန္ယူဟာသူ႔ကိုအခုေစ်းကြက္ထဲမွာေပါင္ ၅၁ သန္းနဲ႔ေခၚယူဖို႔ ပစ္မွတ္ထားေနတာပါ။

ၿပီးခဲ့တဲ႔ေႏြရာသီက လူကာကူနဲ႔ဆန္းခ်က္ဇ္ကိုလက္လႊတ္ခဲ့ရၿပီးေနာက္ တိုက္စစ္မွဴ း လိုအပ္ခ်က္ရွိခဲ့တဲ႔အျပင္ မာရွယ္ဟာလည္း ႀကံခိုင္မႈပိုင္းစိတ္မခ်ရသူျဖစ္လို႔ ဂ်ီမီနက္ဇ္ ကိုေခၚယူလိုေနတာျဖစ္ပါတယ္။ မာရွယ္ဟာ ႀကံခိုင္မႈျပည့္၀ေနရင္ ေျခစြမ္းျပႏိုင္သူျဖစ္ေပမယ္႔ ဒဏ္ရာမၾကာခဏရတတ္သလို အဖ်ားေ၀ဒနာေၾကာင့္ ၀ုဗ္နဲ႔ပြဲမွာလည္း မပါႏိုင္ခဲ့ပါဘူး။

ဒါနဲ႔ပတ္သက္လို႔ ေမးျမန္းမႈကိုႏူႏိုဆန္တိုက” ဒီသတင္းကိုက်ြန္ေတာ္အခုမွၾကားတာပါ။ ဆိုးလ္ရွားဘက္ကလည္း ဘာမွေျပာသံမၾကားရပါဘူး။ ဒါေပမယ္႔အခုက ေစ်းကြက္ဖြင့္ခ်ိန္ျဖစ္လို႔ ဖြင့္ေနသမွ်ကာလပတ္လုံးေတာ႔ ဘာမဆိုျဖစ္ႏိုင္တာပါဘဲ။ ေလာေလာဆယ္မွာ သူရွိေနတဲ႔အတြက္ေတာ႔ ေက်နပ္ပါတယ္” လို႔ေျပာသြားပါတယ္။

မန္ယူနည္းျပ ဆိုးလ္ရွားကလည္း ဂ်ီမီနက္ဇ္နဲ႔ပတ္္သက္တဲ႔သတင္းေတြကို ေရေရရာရာေျဖသြားျခင္းမရွိပါဘူး။ သူက”ဂ်ီမီနက္ဇ္ဟာက်ြန္ေတာ္တို႔နဲ႔သတင္းထြက္လာတဲ႔ ေနာက္ထပ္ကစားသမားေကာင္းတစ္ဦးပါ။ ဒီအတြက္ဘာမွတ္ခ်က္မွေတာ႔ မေပးလိုပါဘူး” လို႔ေျပာသြားပါတယ္။