မန်ယူနဲ့သတင်းတွေအကြီးအကျယ်ထွက်ခဲ့တဲ့ ဟာလန်းကို ဒေါ့မန်ခေါ်ယူလိုက်ပြီ

photo-dortmund

photo-dortmund

ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဂိုးသွင်းခြေစွမ်းပြခဲ့တဲ့ဆယ်ကျော်သက်တိုက်စစ်မှုးလေးဟာလန်းဟာ မန်ယူနဲ့သတင်းတွေအကြီးအကျယ်ထွက်ခဲ့သေးပေမယ့်လည်း အခုတော့ ဘွန်ဒက်စ်လီဂါကလပ်ဒေ့ါမန်အသင်းကို ရောက်ရှိသွားခဲ့ပြီ။ ဒေါ့မန်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ တရားဝင်မဖွင့်လှစ်ခင်မှာပဲ ဥရောပအသင်းကြီးတွေရဲ့မျက်စိကျခြင်းခံခဲ့ရတဲ့ အဲဒီဆဲလ်ဘတ်တိုက်စစ်မှုးလေးကို ခေါ်ယူလိုက်ပြီဖြစ်ကြောင့် ကြေညာနိုင်ခဲ့ပါတယ်။

photo-gettyimages

ဒေ့ါမန်ဟာ အဲဒီနော်ဝေးသားတိုက်စစ်မှုးလေးကို ၂၀၂၄ နွေရာသီအထိ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒေါ့မန်အနေနဲ့ ဟာလန်းအတွက် ပေါင် ၁၈ သန်းသာကုန်ကျခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ သူဟာ လာမယ့်ဇန်နဝါရီ ၃ ရက်နေ့မှာ အသင်းဖော်သစ်တွေနဲ့ လာရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။

photo-gettyimages

ဟာလန်းဟာ နော်ဝေမှာတုန်းက မိုလ်ဒီအသင်းမှာ ဆိုးလ်ရှားရဲ့လက်အောက် ကစားခဲ့ဖူးသူပါ။ မန်ယူနည်းပြဆိုးလ်ရှားဟာ အပြောင်းအရွှေ့အတွက် ဟာလန်းနဲ့ တွေ့ဆုံခဲ့သေးတယ်လို့ မကြာသေးခင်က သတင်းတွေထွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ဒေ့ါမန်ဟာ မန်ယူထက်လက်ဦးမှုရယူပြီး ဟာလန်းကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ၁၉ နှစ်အရွယ် ဟာလန်းဟာ ဒီရာသီ ဆဲလ်ဘတ်အတွက် ၂၂ ပွဲမှာ ၂၈ ဂိုးသွင်းထားပြီး အဲဒီထဲမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တုန်းက ၈ ဂိုးသွင်းခဲ့တာလည်း ပါဝင်ပါတယ်။

[Zawgyi]

မန္ယူနဲ႔သတင္းေတြအႀကီးအက်ယ္ထြက္ခဲ့တဲ့ ဟာလန္းကို ေဒါ့မန္ေခၚယူလိုက္ၿပီ

ဒီရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဂိုးသြင္းေျခစြမ္းျပခဲ့တဲ့ဆယ္ေက်ာ္သက္တုိက္စစ္မႈးေလးဟာလန္းဟာ မန္ယူနဲ႔သတင္းေတြအႀကီးအက်ယ္ထြက္ခဲ့ေသးေပမယ့္လည္း အခုေတာ့ ဘြန္ဒက္စ္လီဂါကလပ္ေဒ့ါမန္အသင္းကုိ ေရာက္ရွိသြားခဲ့ၿပီ။ ေဒါ့မန္ဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕ တရား၀င္္မဖြင့္လွစ္ခင္မွာပဲ ဥေရာပအသင္းႀကီးေတြရဲ႕မ်က္စိက်ျခင္းခံခဲ့ရတဲ့ အဲဒီဆဲလ္ဘတ္တိုက္စစ္မႈးေလးကို ေခၚယူလိုက္ၿပီျဖစ္ေၾကာင့္ ေၾကညာႏိုင္ခဲ့ပါတယ္။

ေဒ့ါမန္ဟာ အဲဒီေနာ္ေ၀းသားတိုက္စစ္မႈးေလးကို ၂၀၂၄ ေႏြရာသီအထိ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ ေဒါ့မန္အေနနဲ႔ ဟာလန္းအတြက္ ေပါင္ ၁၈ သန္းသာကုန္က်ခဲ့တယ္လို႔ သတင္းေတြအရ သိရပါတယ္။ သူဟာ လာမယ့္ဇန္န၀ါရီ ၃ ရက္ေန႔မွာ အသင္းေဖာ္သစ္ေတြနဲ႔ လာေရာက္ပူးေပါင္းမွာ ျဖစ္ပါတယ္။

ဟာလန္းဟာ ေနာ္ေ၀မွာတုန္းက မိုလ္ဒီအသင္းမွာ ဆုိးလ္ရွားရဲ႕လက္ေအာက္ ကစားခဲ့ဖူးသူပါ။ မန္ယူနည္းျပဆုိးလ္ရွားဟာ အေျပာင္းအေရႊ႕အတြက္ ဟာလန္းနဲ႔ ေတြ႕ဆုံခဲ့ေသးတယ္လို႔ မၾကာေသးခင္က သတင္းေတြထြက္ခဲ့ပါေသးတယ္။ ဒါေပမဲ့လည္း ေဒ့ါမန္ဟာ မန္ယူထက္လက္ဦးမႈရယူၿပီး ဟာလန္းကို ေခၚယူႏိုင္ခဲ့ပါတယ္။ ၁၉ ႏွစ္အရြယ္ ဟာလန္းဟာ ဒီရာသီ ဆဲလ္ဘတ္အတြက္ ၂၂ ပြဲမွာ ၂၈ ဂိုးသြင္းထားၿပီး အဲဒီထဲမွာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္တုန္းက ၈ ဂိုးသြငး္ခဲ့တာလည္း ပါ၀င္ပါတယ္။