မန်ယူနဲ့တွေ့ဆုံမှု ၁၆ ပွဲမှာ ၁ ဂိုးသာသွင်းနိုင်ခဲ့တဲ့ ဆာလာ၊မာနီနဲ့ဖာမီနို

photo-gettyimages

photo-gettyimages

ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ ပွဲကြီးပွဲကောင်းအဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ့် မန်ယူနဲ့လီဗာပူးတို့ရဲ့ပွဲစဉ်ရှိနေပါတယ်။ လက်ရှိခြေစွမ်းအရတော့ ရာနှုန်းပြည့်အနိုင်ရထားတဲ့လီဗာပူးက အိုးလ်ထရက်ဖို့ဒ်မှာ ၉ ပွဲဆက်ပရီးမီးယာလိဂ်နိုင်ပွဲရဖို့ အတော်လေးကို ရေပန်းစားနေပါတယ်။ ဂျာဂင်ကလော့ပ်ရဲ့အသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ အကြမ်းထည်အရည်အသွေးရှိအသင်းကနေ ဥရောပရဲ့အကောင်းဆုံးအသင်းအဖြစ် ကြီးထွားလာပါတယ်။ ဒီအချိန်မှာ မန်ယူကတော့ အကျဘက်ကို ရောက်ပြီးရင်းရောက်နေတာပါ။

photo-gettyimages

မန်ယူဘက်မှာ အဓိကကစားသမားတွေထဲက ဒီဂီယာနဲ့ပေါ့ဂ်ဘာတို့ ပါနိုင်မှာမဟုတ်တဲ့အချိန် လီဗာပူးကတော့ အင်ပြည့်အားပြည့်နဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာမှာပါ။ အိမ်ရှင်အသင်းအတွက် မမျှော်မှန်းရဲစရာအခြေအနေတစ်ခုဖြစ်ပေမယ့် သူတု့ိအတွက် မျှော်လင့်ချက်အချို့ပေးနိုင်မယ့် ကိန်းဂဏန်းအချက်အလက်တစ်ခုတော့ ရှိနေပါတယ်။ အဲဒါက ကြောက်စရာကောင်းလှပါတယ်ဆိုတဲ့ ဆာလာ၊မာနီနဲ့ဖာမီနိုတို့ရဲ့လီဗာပူးတိုက်စစ်ဟာ မန်ယူနဲ့သူတို့ကြားတွေ့ဆုံမှု စုစုပေါင်း ၁၆ ပွဲမှာ ၁ ဂိုးသာသွင်းနိုင်ခဲ့တယ် ဆိုတာပါပဲ။ အဲဒီ ၁ ဂိုးက ပြီးခဲ့တဲ့ရာသီ အန်ဖီးလ်မှာ လီဗာပူးက ၃-၁ နဲ့နိုင်ခဲ့တဲ့ပွဲမှာဖြစ်ပြိး အဖွင့်ဂိုးအဖြစ် မာနီက သွင်းယူခဲ့တာပါ။ ဆာလာနဲ့ဖာမီနိုတို့ကတော့ မန်ယူကို ဂိုးသွင်းဖူးခြင်း မရှိသေးပါဘူး။

photo-gettyimages

ကျန်ထိပ်ဆုံး ၆ သင်းစာရင်းဝင်ပြိုင်ဘက်တွေနဲ့ဆိုရင် သူတို့ဂိုးသွင်းကောင်းလေ့ရှိလို့ အဲဒါဟာ မူမမှန်သလိုဖြစ်နေပါတယ်။ ဒီရာသီမှာပဲ ဆာလာဟာ အာဆင်နယ်ဘက်ကို ၂ ဂိုးသွင်းထားပါတယ်။ ဖာမီနိုကလည်း ချဲလ်ဆီးကို ၂-၁ နဲ့နိုင်ခဲ့တဲ့အဝေးကွင်းပွဲမှာ ဂိုးသွင်းခဲ့ပါတယ်။ ဒါ့အပြင် ဖာမီနိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ဘက်ကို ဟက်ထရစ်သွင်းနိုင်ခဲ့ပြီး မန်စီးတီးနဲ့အဝေးကွင်းပွဲမှာတောင် ဂိုးသွင်းနိုင်ခဲ့တာပါ။ ဆာလာရဲ့စံချိန်ချိုးဂိုးသွင်းရာသီအတွင်းမှာတောင် အဲဒီအီဂျစ်သားဟာ ထိပ်ဆုံး ၆ သင်းထဲမှာ ဂိုးမသွင်းနိုင်တာဆိုလို့ မန်ယူတစ်သင်းသာရှိခဲ့တာပါ။ အဲဒါကြောင့် ဒီတစ်ပတ် မန်ယူနဲ့ပွဲဟာ ဆာလာ၊ဖာမီနိုနဲ့မာနီတို့ရဲ့လီဗာပူးတိုက်စစ်အတွက် အတော်လေးကို စိတ်ဝင်စားစရာကောင်းနေတာပါ။

[Zawgyi]

မန္ယူနဲ႔ေတြ႕ဆုံမႈ ၁၆ ပြဲမွာ ၁ ဂိုးသာသြငး္ႏိုင္ခဲ့တဲ့ ဆာလာ၊မာနီနဲ႔ဖာမီႏို

ဒီတစ္ပတ္ပရီးမီးယားလိဂ္မွာ ပြဲႀကီးပြဲေကာင္းအျဖစ္ အုိးလ္ထရက္ဖုိ႔ဒ္မွာ ကစားမယ့္ မန္ယူနဲ႔လီဗာပူးတို႔ရဲ႕ပြဲစဥ္ရွိေနပါတယ္။ လက္ရွိေျခစြမ္းအရေတာ့ ရာႏႈန္းျပည့္အႏိုင္ရထားတဲ့လီဗာပူးက အိုးလ္ထရက္ဖုိ႔ဒ္မွာ ၉ ပြဲဆက္ပရီးမီးယာလိဂ္ႏိုင္ပြဲရဖို႔ အေတာ္ေလးကို ေရပန္းစားေနပါတယ္။ ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္းမွာ အၾကမ္းထည္အရည္အေသြးရွိအသင္းကေန ဥေရာပရဲ႕အေကာင္းဆုံးအသငး္အျဖစ္ ႀကီးထြားလာပါတယ္။ ဒီအခ်ိန္မွာ မန္ယူကေတာ့ အက်ဘက္ကို ေရာက္ၿပီးရင္းေရာက္ေနတာပါ။

မန္ယူဘက္မွာ အဓိကကစားသမားေတြထဲက ဒီဂီယာနဲ႔ေပါ့ဂ္ဘာတို႔ ပါႏိုင္မွာမဟုတ္တဲ့အခ်ိန္ လီဗာပူးကေတာ့ အင္ျပည့္အားျပည့္နဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာမွာပါ။ အိမ္ရွင္အသင္းအတြက္ မေမွ်ာ္မွန္းရဲစရာအေျခအေနတစ္ခုျဖစ္ေပမယ့္ သူတု႔ိအတြက္ ေမွ်ာ္လင့္ခ်က္အခ်ိဳ႕ေပးႏိုင္မယ့္ ကိန္းဂဏန္းအခ်က္အလက္တစ္ခုေတာ့ ရွိေနပါတယ္။ အဲဒါက ေၾကာက္စရာေကာင္းလွပါတယ္ဆိုတဲ့ ဆာလာ၊မာနီနဲ႔ဖာမီႏိုတို႔ရဲ႕လီဗာပူးတုိက္စစ္ဟာ မန္ယူနဲ႔သူတုိ႔ၾကားေတြ႕ဆုံမႈ စုစုေပါင္း ၁၆ ပြဲမွာ ၁ ဂိုးသာသြငး္ႏိုင္ခဲ့တယ္ ဆုိတာပါပဲ။ အဲဒီ ၁ ဂိုးက ၿပီးခဲ့တ့ဲရာသီ အန္ဖီးလ္မွာ လီဗာပူးက ၃-၁ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာျဖစ္ၿပိး အဖြင့္ဂိုးအျဖစ္ မာနီက သြင္းယူခဲ့တာပါ။ ဆာလာနဲ႔ဖာမီႏုိတို႔ကေတာ့ မန္ယူကို ဂိုးသြငး္ဖူးျခင္း မရွိေသးပါဘူး။

က်န္ထိပ္ဆုံး ၆ သင္းစာရင္း၀င္ၿပိဳင္ဘက္ေတြနဲ႔ဆုိရင္ သူတို႔ဂိုးသြင္းေကာငး္ေလ့ရွိလုိ႔ အဲဒါဟာ မူမမွန္သလိုျဖစ္ေနပါတယ္။ ဒီရာသီမွာပဲ ဆာလာဟာ အာဆင္နယ္ဘက္ကို ၂ ဂုိးသြင္းထားပါတယ္။ ဖာမီႏုိကလည္း ခ်ဲလ္ဆီးကို ၂-၁ နဲ႔ႏိုင္ခဲ့တဲ့အေ၀းကြငး္ပြဲမွာ ဂိုးသြင္းခဲ့ပါတယ္။ ဒါ့အျပင္ ဖာမီႏိုဟာ ၿပီးခဲ့တဲ့ရာသီတုန္းက အာဆင္နယ္ဘက္ကို ဟက္ထရစ္သြင္းႏိုင္ခဲ့ၿပီး မန္စီးတီးနဲ႔အေ၀းကြင္းပြဲမွာေတာင္ ဂိုးသြင္းႏို္င္ခ့ဲတာပါ။ ဆာလာရဲ႕စံခ်ိန္ခ်ိဳးဂိုးသြငး္ရာသီအတြင္းမွာေတာင္ အဲဒီအီဂ်စ္သားဟာ ထိပ္ဆုံး ၆ သင္းထဲမွာ ဂိုးမသြင္းႏုိင္တာဆိုလို႔ မန္ယူတစ္သငး္သာရွိခဲ့တာပါ။ အဲဒါေၾကာင့္ ဒီတစ္ပတ္ မန္ယူနဲ႔ပြဲဟာ ဆာလာ၊ဖာမီႏိုနဲ႔မာနီတို႔ရဲ႕လီဗာပူးတိုက္စစ္အတြက္ အေတာ္ေလးကို စိတ္၀င္စားစရာေကာင္းေနတာပါ။