မန်ယူနိုက်တက်အတွက် အဖွင့်ဂိုးကို အရမ်းလန်းတဲ့ အဝေးကန်ချက်နဲ့ စတင်ရယူလိုက်တဲ့ ဟယ်ရီမက်ဂွဲယား

ယနေ့ည ယှဉ်ပြိုင်ကစားနေတဲ့ FA ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေမှာတော့ မန်ယူနိုက်တက်အသင်းနောက်တန်းကစားသမား မက်ဂွဲယားဟာပြိုင်ဘက်အသင်း ထရန်မဲရိုဗာကို အလန်းစားကန်ချက်နဲ့ ကန်သွင်းကာ အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီဂိုးဟာ မန်ယူနိုက်တက်အတွက် သူ့ရဲ့ ပထမဆုံးသွင်းဂိုးလည်းဖြစ်လာခဲ့ပြီး ဒီသွင်းဂိုးကိုတော့ ယူနိုက်တက်ပရိသတ်တွေက ချီးကျူးနေခဲ့ကြတာပါ။

ပြိုင်ဘက်ကစားသမားတစ်ဦးကို ကျော်ဖြတ်ကာ ဂိုးသမားရဲ့ဘယ်ဘက်ထောင့်ထဲကို အပြင်းကန်သွင်းရယူခဲ့တာဖြစ်ပြီး လူမှုကွန်ယက်တွေပေါ်မှာတော့
ဒီဂိုးဟာ အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ်။


ယခုလက်ရှိပထမပိုင်းပြီးဆုံးချိန်မှာတော့ မန်ယူနိုက်တက်ဟာ ထရန်မဲရိုဗာအသင်းကို ၅-၀ ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိနေပြီး နောက်တဆင့်တက်ရောက်သွားဖို့
သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။မက်ဂွဲယားရဲ့ အလန်းစားဂိုးသွင်းယူမှု Video လေးကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်နော်။