မန်ယူဂိုးသမား ဒင်းဟန်ဒါဆန်ကို ခေါ်ယူချင်နေတဲ့ ပီအက်စ်ဂျီရဲ့အံအားသင့်စရာလုပ်ရပ်

Photo- Internet
Photo- Internet

ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်ထဲမှာ မန်ယူအသင်းဂိုးသမား ဒင်းဒန်ဒါဆန်ကိုခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ ဟန်ဒါဆန်ဟာမန်ယူကနေ ရှက်ဖီးယူနိုက်တက်ကို အငှားသွားကစားနေသူဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်ရဲ့လက်စွမ်းအပြနိုင်ဆုံး ဂိုးသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ ဒီရာသီကုန်ရင် မန်ယူကိုပြန်သွားလိုနေပြီး ဦးစားပေးဂိုးသမားအဖြစ်ရပ်တည်လိုတယ်လို့ပြောထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဂီယာကြောင့် သူပြန်သွားရင်ပုံမှန်နေရာ ရဖို့မသေချာတဲ့အတွက် အခြေအနေတွေကိုစဉ်းစားနေပါတယ်။ သူ့ကို ရှက်ဖီးယူနိုက်တက်အပြင် ချဲလ်ဆီးနဲ့စပါးတို့ကလည်း ခေါ်ယူဖို့ဆန္ဒရှိနေပါတယ်။

Photo- Internet

ဒီလိုစိတ်ဝင်စားမှုများပြားလာတဲ့အတွက် မန်ယူအနေနဲ့ သောင်မတင်ရေမကျအခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။ ဟန်ဒါဆန်ဟာ မန်ယူရဲ့အနာဂတ်အဖြစ်သာမက အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း သိပ်မကြာခင်မှာဦးစားပေးနေရာ ရလာမယ်လို့ခန့်မှန်းခံထားရသူဖြစ်ပါတယ်။

Photo- Internet

မန်ယူဟာ ဒီဂီယာကိုတစ်ပတ်လစာပေါင် ၃ သိန်းကျော်အထိပေးပြီး ၂၀၂၃ အထိစာချုပ် ချုပ်ဆိုထားတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုလွယ်လွယ်နဲ့လက်လွှတ်ခံမှာ မဟုတ်လို့အဲဒီအခြေအနေကိုအသုံးချပြီး ဟန်ဒါဆန်ကိုလာမယ့်နွေရာသီမှာကမ်းလှမ်းဖို့ ပီအက်စ်ဂျီက စီစဉ်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အသင်းကိုလူငယ်ကစားသမားတွေဦးစားပေးပြီးပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားနေတာလည်းဖြစ်လို့ ဟန်ဒါဆန်ကိုပစ်မှတ်ထားနေတာပါ။

Photo- Internet

ဟန်ဒါဆန်ဟာ ဒီရာသီမှာ ၂၆ ပွဲကစားခဲ့ပြီး ၂၂ ဂိုးပေးထားရပေမယ့် ပေးဂိုးမရှိမှုက ၉ ပွဲတောင်ရှိလို့ ဒီဂီယာထက်သာလွန်တဲ့စွမ်းဆောင်ရည်လည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ သူတို့ဂိုးသမား ကီပါကအမှားများနေလို့ ဟန်ဒါဆန်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်သလို စပါးကလည်း အသက်ရလာတဲ့ လိုရစ်ရဲ့နေရာမှာအစားထိုးဖို့ ခေါ်ယူလိုနေတာဖြစ်ပါတယ်။

Photo- Internet

Zawgyi

မန္ယူဂိုးသမား ဒင္းဟန္ဒါဆန္ကို ေခၚယူခ်င္ေနတဲ႔ ပီအက္စ္ဂ်ီရဲ႕အံအားသင့္စရာလုပ္ရပ္

ပီအက္စ္ဂ်ီအသင္းဟာ လာမယ္႔ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ မန္ယူအသင္းဂိုးသမား ဒင္းဒန္ဒါဆန္ကိုေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၂ ႏွစ္သာရွိေသးတဲ႔ ဟန္ဒါဆန္ဟာမန္ယူကေန ရွက္ဖီးယူႏိုက္တက္ကို အငွားသြားကစားေနသူျဖစ္ၿပီး ဒီရာသီပရီးမီးယားလိဂ္ရဲ႕လက္စြမ္းအျပႏိုင္ဆုံး ဂိုးသမားေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ပါတယ္။

ဟန္ဒါဆန္ဟာ ဒီရာသီကုန္ရင္ မန္ယူကိုျပန္သြားလိုေနၿပီး ဦးစားေပးဂိုးသမားအျဖစ္ရပ္တည္လိုတယ္လို႔ေျပာထားသူျဖစ္ပါတယ္။ ဒါေပမယ္႔လည္း ဒီဂီယာေၾကာင့္ သူျပန္သြားရင္ပုံမွန္ေနရာ ရဖို႔မေသခ်ာတဲ႔အတြက္ အေျခအေနေတြကိုစဥ္းစားေနပါတယ္။ သူ႔ကို ရွက္ဖီးယူႏိုက္တက္အျပင္ ခ်ဲလ္ဆီးနဲ႔စပါးတို႔ကလည္း ေခၚယူဖို႔ဆႏၵရွိေနပါတယ္။

ဒီလိုစိတ္၀င္စားမႈမ်ားျပားလာတဲ႔အတြက္ မန္ယူအေနနဲ႔ ေသာင္မတင္ေရမက်အေျခအေနနဲ႔ရင္ဆိုင္ေနရတယ္လို႔လည္း ဆိုပါတယ္။ ဟန္ဒါဆန္ဟာ မန္ယူရဲ႕အနာဂတ္အျဖစ္သာမက အဂၤလန္လက္ေရြးစင္အသင္းမွာလည္း သိပ္မၾကာခင္မွာဦးစားေပးေနရာ ရလာမယ္လို႔ခန္႔မွန္းခံထားရသူျဖစ္ပါတယ္။

မန္ယူဟာ ဒီဂီယာကိုတစ္ပတ္လစာေပါင္ ၃ သိန္းေက်ာ္အထိေပးၿပီး ၂၀၂၃ အထိစာခ်ဳပ္ ခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ကိုလြယ္လြယ္နဲ႔လက္လႊတ္ခံမွာ မဟုတ္လို႔အဲဒီအေျခအေနကိုအသုံးခ်ၿပီး ဟန္ဒါဆန္ကိုလာမယ္႔ေႏြရာသီမွာကမ္းလွမ္းဖို႔ ပီအက္စ္ဂ်ီက စီစဥ္ေနတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ အသင္းကိုလူငယ္ကစားသမားေတြဦးစားေပးၿပီးျပန္လည္ဖြဲ႔စည္းဖို႔ ႀကိဳးစားေနတာလည္းျဖစ္လို႔ ဟန္ဒါဆန္ကိုပစ္မွတ္ထားေနတာပါ။

ဟန္ဒါဆန္ဟာ ဒီရာသီမွာ ၂၆ ပြဲကစားခဲ့ၿပီး ၂၂ ဂိုးေပးထားရေပမယ္႔ ေပးဂိုးမရွိမႈက ၉ ပြဲေတာင္ရွိလို႔ ဒီဂီယာထက္သာလြန္တဲ႔စြမ္းေဆာင္ရည္လည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ သူတို႔ဂိုးသမား ကီပါကအမွားမ်ားေနလို႔ ဟန္ဒါဆန္ကိုေခၚယူဖို႔ စိတ္၀င္စားေနတာျဖစ္သလို စပါးကလည္း အသက္ရလာတဲ႔ လိုရစ္ရဲ႕ေနရာမွာအစားထိုးဖို႔ ေခၚယူလိုေနတာျဖစ္ပါတယ္။