မန်ယူချန်ပီယံဖြစ်နိုင်စွမ်းရှိနေပြီလို့ ဒါဘီနည်းပြ ရူနီကခန့်မှန်းလိုက်ပါတယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူတိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဒါဘီအသင်းနည်းပြ ဝိန်းရူနီက မန်ယူဟာဒီရာသီပရီးမီးယားလိဂ်မှာ ဗိုလ်စွဲ နိုင်စွမ်းရှိနေတယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။ မန်ယူအသင်း ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုနောက်ဆုံး ရခဲ့တဲ့ ၂၀၁၃ တုန်းကရူနီဟာ အဓိကကျတဲ့ အသင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။

မန်ယူဟာ ချန်ပီယံဘွဲ့နဲ့ဝေးကွာ နေတာ ၈ နှစ်ထဲရောက်လာပြီဖြစ်ပေမယ့် ဒီရာသီမှာတော့ မန်ယူအသင်းဆုဖလားကိုင်မြှောက်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး အသင်းသားတွေထံမှာရှိနေပြီလို့ ရူနီကယုံကြည်နေပါတယ်။ နောက်ပိုင်းမှာ ကွင်းလယ်လူ ပေါ့ဂ်ဘာတစ်ယောက် ခြေစွမ်းပြန်လည်ပြသနေတာကိုလည်း ရူနီကချီးကျူးလိုက်ပြီး ဖာနန်ဒက်စ်လို ကစားသ မားမျိုးရဲ့အကူအညီကြောင့် ဖိအားတွေလျော့ကာ ခြေစွမ်းပြန်ပေါ်လာတာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

မကြာသေးခင်က ဒါဘီအသင်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ ရူနီက” မန်ယူရဲ့လက်ရှိအနေအထားကို မြင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ သူတို့ကိုကြည့်ပြီးကျွန်တော်စိတ်လှုပ်ရှားနေတာပါ။ မန်ယူကစားသမားတွေ ဆီမှာ အောင်ပွဲဆာလောင်မှုနဲ့ ယုံကြည်ချက်မြင့်မားနေတာကို တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်ယူ ကစားပုံကိုကျွန်တော်လိုက်ကြည့်ခဲ့ပြီး အခုလိုယုံကြည်ချက်ရှိနေတာကို တွေ့ရတာကလည်း ပထမဆုံးအကြိမ် ပါဘဲ။ သူတို့တွေဟာ ဆုဖလားရယူနိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးရှိနေပြီး ရယူနိုင်မယ်လို့လည်း ကျွန် တော်ထင်ပါတယ်” လို့ပြောသွားပါတယ်။

ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့လည်း ရူနီက” မန်ယူအသင်းမှာ ပေါ့ဂ်ဘာဟာအဓိကကျတဲ့နေရာကနေ ဆက်ပါနေ ဦးမှာပါ။ မန်ယူဟာ ကာဗာနီနဲ့ ဖာနန်ဒက်စ် တို့လိုအနိုင်ရလိုစိတ်ပြင်းထန်တဲ့သူတွေကိုခေါ်ယူနိုင်ခဲ့ပြီး သူတို့ရဲ့ အကူအညီကြောင့် ပေါ့ဂ်ဘာဟာ ဖိအားတွေလျော့ပြီး အကောင်းဆုံးစွမ်းဆောင် ပြနိုင်တာပါ။

ပြီးခဲ့တဲ့ သီတင်း ၆ ပတ်တုန်းက ဒါဘီက ကျွန်တော့်နည်းပြအဖွဲ့တွေကို မန်ယူချန်ပီယံဖြစ်နိုင်တယ်လို့ ပြောခဲ့တဲ့အတိုင်း ဒီကနေ့ မှာလည်း ဒီအတိုင်းဘဲခံစားနေရပါတယ်။ မန်ယူဟာအခုဆိုရင် အသင်းလိုက်ပုံစံတစ်ခုကို တည်ဆောက်ထား နိုင်ပြီလို့ ထင်ပါတယ်” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ယူခ်န္ပီယံျဖစ္ႏိုင္စြမ္းရွိေနၿပီလို႔ ဒါဘီနည္းျပ ႐ူနီကခန႔္မွန္းလိုက္ပါတယ္

မန္ယူတိုက္စစ္မႉးေဟာင္းျဖစ္တဲ့ ဒါဘီအသင္းနည္းျပ ဝိန္း႐ူနီက မန္ယူဟာဒီရာသီပရီးမီးယားလိဂ္မွာ ဗိုလ္စြဲ ႏိုင္စြမ္းရွိေနတယ္လို႔ ခန႔္မွန္းေျပာၾကားလိုက္ပါတယ္။ မန္ယူအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုေနာက္ဆုံး ရခဲ့တဲ့ ၂၀၁၃ တုန္းက႐ူနီဟာ အဓိကက်တဲ့ အသင္းသားတစ္ဦးျဖစ္ခဲ့ပါတယ္။ မန္ယူဟာ ခ်န္ပီယံဘြဲ႕နဲ႔ေဝးကြာ ေနတာ ၈ ႏွစ္ထဲေရာက္လာၿပီျဖစ္ေပမယ့္ ဒီရာသီမွာေတာ့ မန္ယူအသင္းဆုဖလားကိုင္ေျမႇာက္ႏိုင္တယ္ဆိုတဲ့ ယုံၾကည္ခ်က္မ်ိဳး အသင္းသားေတြထံမွာရွိေနၿပီလို႔ ႐ူနီကယုံၾကည္ေနပါတယ္။ ေနာက္ပိုင္းမွာ ကြင္းလယ္လူ ေပါ့ဂ္ဘာတစ္ေယာက္ ေျခစြမ္းျပန္လည္ျပသေနတာကိုလည္း ႐ူနီကခ်ီးက်ဴးလိုက္ၿပီး ဖာနန္ဒက္စ္လို ကစားသ မားမ်ိဳးရဲ႕အကူအညီေၾကာင့္ ဖိအားေတြေလ်ာ့ကာ ေျခစြမ္းျပန္ေပၚလာတာျဖစ္တယ္လို႔လည္း ဆိုခဲ့ပါတယ္။

မၾကာေသးခင္က ဒါဘီအသင္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရတဲ့ ႐ူနီက” မန္ယူရဲ႕လက္ရွိအေနအထားကို ျမင္ရတာ စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။ သူတို႔ကိုၾကည့္ၿပီးကြၽန္ေတာ္စိတ္လႈပ္ရွားေနတာပါ။ မန္ယူကစားသမားေတြ ဆီမွာ ေအာင္ပြဲဆာေလာင္မႈနဲ႔ ယုံၾကည္ခ်က္ျမင့္မားေနတာကို ေတြ႕ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း မန္ယူ ကစားပုံကိုကြၽန္ေတာ္လိုက္ၾကည့္ခဲ့ၿပီး အခုလိုယုံၾကည္ခ်က္ရွိေနတာကို ေတြ႕ရတာကလည္း ပထမဆုံးအႀကိမ္ ပါဘဲ။ သူတို႔ေတြဟာ ဆုဖလားရယူႏိုင္စြမ္းရွိတယ္ဆိုတဲ့ ယုံၾကည္ခ်က္မ်ိဳးရွိေနၿပီး ရယူႏိုင္မယ္လို႔လည္း ကြၽန္ ေတာ္ထင္ပါတယ္” လို႔ေျပာသြားပါတယ္။

ေပါ့ဂ္ဘာနဲ႔ ပတ္သက္လို႔လည္း ႐ူနီက” မန္ယူအသင္းမွာ ေပါ့ဂ္ဘာဟာအဓိကက်တဲ့ေနရာကေန ဆက္ပါေန ဦးမွာပါ။ မန္ယူဟာ ကာဗာနီနဲ႔ ဖာနန္ဒက္စ္ တို႔လိုအႏိုင္ရလိုစိတ္ျပင္းထန္တဲ့သူေတြကိုေခၚယူႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ အကူအညီေၾကာင့္ ေပါ့ဂ္ဘာဟာ ဖိအားေတြေလ်ာ့ၿပီး အေကာင္းဆုံးစြမ္းေဆာင္ ျပႏိုင္တာပါ။ ၿပီးခဲ့တဲ့ သီတင္း ၆ ပတ္တုန္းက ဒါဘီက ကြၽန္ေတာ့္နည္းျပအဖြဲ႕ေတြကို မန္ယူခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ ေျပာခဲ့တဲ့အတိုင္း ဒီကေန႔ မွာလည္း ဒီအတိုင္းဘဲခံစားေနရပါတယ္။ မန္ယူဟာအခုဆိုရင္ အသင္းလိုက္ပုံစံတစ္ခုကို တည္ေဆာက္ထား ႏိုင္ၿပီလို႔ ထင္ပါတယ္” လို႔ေျပာသြားပါတယ္။