
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ ဆက်တိုက်ထွက်ခဲ့တဲ့ ဆန်ချိုဟာ လာမယ့် ဘောလုံးရာသီမှာတော့ အသင်းကနေ အမှန်တကယ်ပြောင်းရွှေ့ခွင့် ပြုလုပ်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
ဆန်ချိုနဲ့ ဒေါ့မွန်တို့ဟာ အပြောင်းအရွှေ့အတွက် နှစ်ဦးနှစ်ဖက်ကြား သဘောတူညီမှုတစ်ခုကို ပြုလုပ်ထားခဲ့ရတယ်လို့ ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ဖ်က ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။
ဆန်ချိုကို မန်ယူအသင်းအပါအဝင် ထိပ်တန်းအသင်းတချို့က စိတ်ဝင်စားခဲ့ပြီး ခေါ်ယူုဖို့ကြိုးစားခဲ့ကြပေမယ့် မနှစ်ကအပြောင်းအရွှေ့မှာ ဒေ့ါမွန်က ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကစားသမားနဲ့ ကလပ်အသင်းကြား ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး လူကြီးလူကောင်းဆန်တဲ့ သဘောတူညီမှုတွေကို ရယူခဲ့ရကာ လာမယ့်ရာသီမှာ ဆန်ချိုကို ထွက်ခွင့်ပေးဖို့ ဒေါ့မွန်ဘက်က လိုက်လျောပေးခဲ့ရကြောင်း သိရပါတယ်။
မိုက်ကယ်ဇော့ဖ်က “ကျွန်တော်တို့ လူကြီးလူကောင်းပီသတဲ့သဘောတူညီမှုတစ်ခုကို ပြီးခဲ့တဲ့နှစ်က ရယူခဲ့ကြပါတယ်၊ အခြေအနေတချို့အောက်မှာ သူ အသင်းပြောင်းရွှေ့နိုင်ပါတယ်၊ ကျွန်တော်တို့နဲ့အတူ သူ ဟာနှစ်အနည်းငယ်ကြာရှိနေခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီလိုသဘောတူညီမှုမှာတော့ ဟာလန်း မပါဝင်ပါဘူး” လို့ ပြောဆိုခဲ့ပြီး သူတို့အနေနဲ့ ဆန်ချိုအတွက် သူတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးရရှိမယ်ဆိုရင် ရောင်းချဖို့အသင့်ဖြစ်နေပြီလို့ အသိပေးခဲ့ပါတယ်။
ဆန်ချိုကို ခေါ်ယူချင်တဲ့ အသင်းတွေအတွက် ဒါဟာ မီးစိမ်းပြလိုက်တာပါပဲ။
ဆန်ချိုဟာ မန်စီးတီးကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ယူရဲ့ အဓိကပစ်မှတ် ကစားသမားအဖြစ် မနှစ်ကတည်းက ရှိနေခဲ့ပါတယ်။
ဒေါ့မွန်မှာ ဆန်ချိုက ၄ရာသီကြာ ကစားပေးခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၃၆ ပွဲမှာ သွင်းဂိုး ၄၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၈ ကြိမ် ပြုလုပ်ပေးထားခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ မန်ယူ်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်နဲ့ ခင်မင်ရင်းနှီးသူဖြစ်ပြီး ညာတောင်ပံ တိုက်စစ်အတွက် ကစားသမားတစ်ဦးအလိုရှိနေတဲ့ နည်းပြဆိုးလ်ရှား အလိုချင်ဆုံးကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မန္ယူက အလိုရွိေနတဲ့ ဆန္ခ်ိဳ အသင္းေျပာင္းခြင့္ေပးလိုက္ဖို႔ ေဒ့ါ့မန္အသင္းဖက္က မီးစိမ္းျပလိုက္ၿပီ
ၿပီးခဲ့တဲ့ ေဘာလုံးရာသီက မန္ယူအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ဆက္တိုက္ထြက္ခဲ့တဲ့ ဆန္ခ်ိဳဟာ လာမယ့္ ေဘာလုံးရာသီမွာေတာ့ အသင္းကေန အမွန္တကယ္ေျပာင္းေ႐ႊ႕ခြင့္ ျပဳလုပ္ေပးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။
ဆန္ခ်ိဳနဲ႔ ေဒါ့မြန္တို႔ဟာ အေျပာင္းအေ႐ႊ႕အတြက္ ႏွစ္ဦးႏွစ္ဖက္ၾကား သေဘာတူညီမႈတစ္ခုကို ျပဳလုပ္ထားခဲ့ရတယ္လို႔ ေဒါ့မြန္အားကစားဒါ႐ိုက္တာ မိုက္ကယ္ေဇာ့ဖ္က ဖြင့္ဟခဲ့တာလည္းျဖစ္ပါတယ္။
ဆန္ခ်ိဳကို မန္ယူအသင္းအပါအဝင္ ထိပ္တန္းအသင္းတခ်ိဳ႕က စိတ္ဝင္စားခဲ့ၿပီး ေခၚယူုဖို႔ႀကိဳးစားခဲ့ၾကေပမယ့္ မႏွစ္ကအေျပာင္းအေ႐ႊ႕မွာ ေဒ့ါမြန္က ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ ကစားသမားနဲ႔ ကလပ္အသင္းၾကား ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၾကၿပီး လူႀကီးလူေကာင္းဆန္တဲ့ သေဘာတူညီမႈေတြကို ရယူခဲ့ရကာ လာမယ့္ရာသီမွာ ဆန္ခ်ိဳကို ထြက္ခြင့္ေပးဖို႔ ေဒါ့မြန္ဘက္က လိုက္ေလ်ာေပးခဲ့ရေၾကာင္း သိရပါတယ္။
မိုက္ကယ္ေဇာ့ဖ္က “ကြၽန္ေတာ္တို႔ လူႀကီးလူေကာင္းပီသတဲ့သေဘာတူညီမႈတစ္ခုကို ၿပီးခဲ့တဲ့ႏွစ္က ရယူခဲ့ၾကပါတယ္၊ အေျခအေနတခ်ိဳ႕ေအာက္မွာ သူ အသင္းေျပာင္းေ႐ႊ႕ႏိုင္ပါတယ္၊ ကြၽန္ေတာ္တို႔နဲ႔အတူ သူ ဟာႏွစ္အနည္းငယ္ၾကာရွိေနခဲ့ပါတယ္။
ဒါေပမယ့္လည္း ဒီလိုသေဘာတူညီမႈမွာေတာ့ ဟာလန္း မပါဝင္ပါဘူး” လို႔ ေျပာဆိုခဲ့ၿပီး သူတို႔အေနနဲ႔ ဆန္ခ်ိဳအတြက္ သူတို႔အလိုရွိတဲ့ ေျပာင္းေ႐ႊ႕ေၾကးရရွိမယ္ဆိုရင္ ေရာင္းခ်ဖို႔အသင့္ျဖစ္ေနၿပီလို႔ အသိေပးခဲ့ပါတယ္။
ဆန္ခ်ိဳကို ေခၚယူခ်င္တဲ့ အသင္းေတြအတြက္ ဒါဟာ မီးစိမ္းျပလိုက္တာပါပဲ။ ဆန္ခ်ိဳဟာ မန္စီးတီးကေန ေဒါ့မြန္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး မန္ယူရဲ႕ အဓိကပစ္မွတ္ ကစားသမားအျဖစ္ မႏွစ္ကတည္းက ရွိေနခဲ့ပါတယ္။
ေဒါ့မြန္မွာ ဆန္ခ်ိဳက ၄ရာသီၾကာ ကစားေပးခဲ့ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၃၆ ပြဲမွာ သြင္းဂိုး ၄၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄၈ ႀကိမ္ ျပဳလုပ္ေပးထားခဲ့ပါတယ္။
အသက္ ၂၁ ႏွစ္အ႐ြယ္ အဂၤလန္လက္ေ႐ြးစင္ဟာ မန္ယူ္တိုက္စစ္မႉးရက္ရွ္ဖို႔ဒ္နဲ႔ ခင္မင္ရင္းႏွီးသူျဖစ္ၿပီး ညာေတာင္ပံ တိုက္စစ္အတြက္ ကစားသမားတစ္ဦးအလိုရွိေနတဲ့ နည္းျပဆိုးလ္ရွား အလိုခ်င္ဆုံးကစားသမားအျဖစ္ ရွိေနခဲ့ပါတယ္။