မန်ယူက ရော်နယ်ဒိုကြောင့် ဒီရာသီမှာ ဖလား တစ်ခုခု စိန်ခေါ်နိုင်လိမ့်မယ်လို့ ပြောတဲ့ ရွန်းနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရွန်းနီကတော့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ သူ့ရဲ့ မန်ယူ အသင်းဖော်ဟောင်း ရော်နယ်ဒိုကို ပြန်လည် ခေါ်ယူခဲ့ပြီးတဲ့နောက် လက်ရှိရာသီမှာ ဆုဖလား တစ်ခုခုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ အင်တာဗျူး ဖြေနေစဥ်မှာ ပြောသွားခဲ့ပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ (၂၀၀၉) ခုနှစ်မှာ မန်ယူအသင်းကနေ ထွက်သွားပြီးနောက် ရီးရဲလ်အသင်း နဲ့ ဂျုဗင်တပ်အင်းမှာ အောင်မြင်မှု များစွာ ရယူခဲ့ပြီး (၁၂) အကြာမှာ မန်ယူအသင်းကို တစ်ကျော့ပြန် ပြန်လည် ပြောင်းလာပါတယ်။

တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ရော်နယ်ဒို နဲ့ ရွန်းနီဟာ မန်ယူအသင်းမှာ အတူ တွဲကစားခဲ့ကြစဥ်က မန်ယူအသင်းအတွက် အင်္ဂလန် ပရီးမီးယားလိဂ် ဖလား (၃) ကြိမ် နှင့် ဥရောပ ချန်ပီယံလိဂ် ဖလား (၁) ကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြတာပါ။

အသက် (၃၅) နှစ်အရွယ်မှာ ဘောလုံး ကစားသအမား အဖြစ်က အနားယူပြီး လက်ရှိမှာ ဒါဘီ နည်းပြ အဖြစ် တာဝန်ယူနေတဲ့ နည်းပြ ရွန်းနီက တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိမယ်လို့ ဆိုပါတယ်။

ရွန်းနီဟာ ရော်နယ်ဒိုအနေနဲ့ မန်ယူအသင်းမှာ ဒုတိယမြောက် ပြန်လည် ကစားချိန်မှာ ဘယ်လို စွမ်းဆောင်နိုင်မလဲလို့ အမေးခံခဲ့ရတဲ့ အချိန်မှာ “သူက ကမ္ဘာမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ ဒီဟာကို မြင်တွေ့ခဲ့ကြရပါပြီ´´

“အိုင်ယာလန်နဲ့ ပွဲစဥ်မှာ ရော်နယ်ဒို ဘာလုပ်ခဲ့လဲ ဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့တယ်။

နောက်ဆုံး မိနစ်မှာ သူက ခေါင်းတိုက်ဂိုး သွင်းယူခဲ့တာပါပဲ။

ဒီတော့ သူက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကြီးမားတဲ့ အကျိုး သက်ရောက်မှု ရှိလာပါလိမ့်မယ်´´

“မန်ယူအသင်းက နောက်ဆုံးတော့ ဆုဖလားကို စိန်ခေါ်ဖို့ အဆင့်သင့် ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။

သူတို့ ဒီနှစ်မှာ စိန်ခေါ်နိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားရပါတယ်။

ရော်နယ်ဒိုအနေနဲ့ ကြီးမားတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်´´

“ရော်နယ်ဒိုအနေနဲ့ ဒီလက်ရှိ ရာသီမှာ ကြီးမားတဲ့ အချိန်ကောင်းတွေကို ရရှိပြီး သွင်းဂိုးတွေလည်း အများကြီး သွင်းယူသွားလိမ့်မယ်လို့ ကျွန်တော် ခံစားရပါတယ်´´လို့ ရော်နယ်ဒိုရဲ့ လက်ရှိရာသီမှာ စွမ်းဆောင်နိုင်မယ့် အရာကို ဖြေသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi








