မန်ယူက မာတစ်ကို ခေါ်ယူဖို့ အင်တာမီလန်နည်းပြ ကွန်တီဆန္ဒရှိနေ

Photo- Internet
Photo- Internet

အင်တာမီလန်အသင်း နည်းပြကွန်တီဟာ မန်ယူမှာပုံမှန်နေရာမရတော့တဲ့ ဝါရင့်ကွင်းလယ်လူ မာတစ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သူ့ကိုသာ ခေါ်ယူဖြစ်ခဲ့ရင် အင်တာဟာ ဒီရာသီမှာ မန်ယူကနေ ကစားသမားခေါ်ယူမှု ဟက်ထရစ်ရရှိ မှာဖြစ်ပါတယ်။

အင်တာဟာ ပြီးခဲ့တဲ့ သြဂုတ်လက မန်ယူတိုက်စစ်မှူ း လူကာကူ ကိုပေါင် ၇၄ သန်းနဲ့ခေါ်ယူခဲ့သလို ဆန်းချက်ဇ်ကိုလည်း တစ်ရာသီအငှား စာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ မာတစ်ဟာ မော်ရင်ဟို လက်ထက်တုန်းကအဓိက ကျတဲ့သူဖြစ်ခဲ့ပေမယ့် ဆိုးလ်ရှားလက်ထက်မှာ ပုံမှန်နေရာပျောက်ဆုံးနေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃ ပွဲသာပါဝင်ကစားရသေး သူဖြစ်ပါတယ်။

Photo- Internet

မာတစ်ဟာ ချဲလ်ဆီးမှာရှိစဉ်တုန်းက ကွန်တီနဲ့ တစ်ရာသီလက်တွဲခဲ့ဘူးသူလည်းဖြစ်ပြီး ၂၀၁၇ သြဂုတ်လမှာ မန်ယူကိုပြောင်းရွှေ့လာသူဖြစ်ပါတယ်။ လက်ရှိမှာ အင်တာမီလန်ဟာ နည်းပြကွန်တီရဲ့ တောင်းဆိုမှုအရ မာတစ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူပြီး တစ်နှစ်လစာပေါင် ၄.၂၅ သန်းနဲ့ ၃ နှစ်စာချုပ်ဖို့ စီစဉ်ထားပါတယ်။

Photo- Internet

မာတစ်ဟာ အခုရာသီကုန်ချိန်မှာ မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပေမယ့် မန်ယူက သူ့ကိုစာချုပ်သက်တမ်း တစ်နှစ်တိုးခွင့် ရရှိထားပါတယ်။ ဒါကြောင့် မန်ယူဟာ မာတစ်ကိုလက်လွှတ်ရမယ်ဆိုရင်တောင်မှာ စာချုပ်တိုးပြီးမှ တန်ကြေးတစ်ရပ်နဲ့သာ ထွက်ခွင့်ပေးဖွယ်ရှိနေပါတယ်။

Photo- Internet

မန်ယူနည်းပြ ဆိုးလ်ရှားဟာ မာတစ်ထက်စာရင် လူငယ်ကစားသမား တွမ်မီနေးကိုသာ ကွင်းလယ်ခံစစ်မှာ အသုံးပြုနေတာဖြစ်ပါတယ်။ မာတစ်ဟာ မန်ယူအသင်းခေါင်းဆောင်အဖြစ် တစ်ကြိမ်တာဝန်ယူခဲ့ဘူးပြီး ဒီပွဲက ပြီးခဲ့တဲ့လက အက်စ်တာနာကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ အိမ်ကွင်း ယူရိုပါလိဂ်ပွဲစဉ် ဖြစ်ပါတယ်။

Photo- Internet

Zawgyi

မန္ယူက မာတစ္ကို ေခၚယူဖို႔ အင္တာမီလန္နည္းျပ ကြန္တီဆႏၵရွိေန

အင္တာမီလန္အသင္း နည္းျပကြန္တီဟာ မန္ယူမွာပုံမွန္ေနရာမရေတာ႔တဲ႔ ၀ါရင့္ကြင္းလယ္လူ မာတစ္ကိုေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ သူ႔ကိုသာ ေခၚယူျဖစ္ခဲ့ရင္ အင္တာဟာ ဒီရာသီမွာ မန္ယူကေန ကစားသမားေခၚယူမႈ ဟက္ထရစ္ရရွိ မွာျဖစ္ပါတယ္။

အင္တာဟာ ၿပီးခဲ့တဲ႔ ၾသဂုတ္လက မန္ယူတိုက္စစ္မွဴ း လူကာကူ ကိုေပါင္ ၇၄ သန္းနဲ႔ေခၚယူခဲ့သလို ဆန္းခ်က္ဇ္ကိုလည္း တစ္ရာသီအငွား စာခ်ဳပ္နဲ႔ ေခၚယူခဲ့တာပါ။ အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ႔ မာတစ္ဟာ ေမာ္ရင္ဟို လက္ထက္တုန္းကအဓိက က်တဲ႔သူျဖစ္ခဲ့ေပမယ္႔ ဆိုးလ္ရွားလက္ထက္မွာ ပုံမွန္ေနရာေပ်ာက္ဆုံးေနၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ ၃ ပြဲသာပါ၀င္ကစားရေသး သူျဖစ္ပါတယ္။

မာတစ္ဟာ ခ်ဲလ္ဆီးမွာရွိစဥ္တုန္းက ကြန္တီနဲ႔ တစ္ရာသီလက္တြဲခဲ့ဘူးသူလည္းျဖစ္ၿပီး ၂၀၁၇ ၾသဂုတ္လမွာ မန္ယူကိုေျပာင္းေရႊ႕လာသူျဖစ္ပါတယ္။ လက္ရွိမွာ အင္တာမီလန္ဟာ နည္းျပကြန္တီရဲ႕ ေတာင္းဆုိမႈအရ မာတစ္ကို လာမယ္႔ ဇန္န၀ါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေခၚယူၿပီး တစ္ႏွစ္လစာေပါင္ ၄.၂၅ သန္းနဲ႔ ၃ ႏွစ္စာခ်ဳပ္ဖို႔ စီစဥ္ထားပါတယ္။

မာတစ္ဟာ အခုရာသီကုန္ခ်ိန္မွာ မန္ယူနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ္႔သူျဖစ္ေပမယ္႔ မန္ယူက သူ႔ကိုစာခ်ဳပ္သက္တမ္း တစ္ႏွစ္တိုးခြင့္ ရရွိထားပါတယ္။ ဒါေၾကာင့္ မန္ယူဟာ မာတစ္ကိုလက္လႊတ္ရမယ္ဆိုရင္ေတာင္မွာ စာခ်ဳပ္တိုးၿပီးမွ တန္ေၾကးတစ္ရပ္နဲ႔သာ ထြက္ခြင့္ေပးဖြယ္ရွိေနပါတယ္။

မန္ယူနည္းျပ ဆိုးလ္ရွားဟာ မာတစ္ထက္စာရင္ လူငယ္ကစားသမား တြမ္မီေနးကိုသာ ကြင္းလယ္ခံစစ္မွာ အသုံးျပဳေနတာျဖစ္ပါတယ္။ မာတစ္ဟာ မန္ယူအသင္းေခါင္းေဆာင္အျဖစ္ တစ္ႀကိမ္တာ၀န္ယူခဲ့ဘူးၿပီး ဒီပြဲက ၿပီးခဲ့တဲ႔လက အက္စ္တာနာကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ႔ အိမ္ကြင္း ယူရိုပါလိဂ္ပြဲစဥ္ ျဖစ္ပါတယ္။