မန်ယူက ပိုများတဲ့ငွေကြေးနဲ့ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ်ကသာ ဘင်ဇီမာရဲ့အိပ်မက်လို့ လိုင်ယွန်ဥက္ကဌဖွင့်ဟ

photo-gettyimages

photo-gettyimages

မန်ယူအသင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ဖြစ်တဲ့ ၂၀၀၉ တုန်းက လိုင်ယွန်ကနေ တိုက်စစ်မှုးဘင်ဇီမာကို ခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် ကစားသမားက နောက်ဆုံးမိနစ်မှာ ရီးရဲလ်ကိုသာ ပြောင်းသွားခဲ့ပါတယ်။ မန်ယူဟာ ဘင်ဇီမာအတွက် ရီးရဲလ်ထက် ငွေကြေးပိုပေးပြီးကမ်းလှမ်းခဲ့ပေမယ့် ကာယကံရှင်က စိတ်မဝင်စားခဲ့ဘဲ ရီးရဲလ်ကိုသာ ပြောင်းသွားခဲ့တာပါ။

photo-gettyimages

အဲဒီအချိန်တုန်းက ဘင်ဇီမာဟာ လီဂူး ၂ ရာသီမှာ ၃၇ ဂိုးသွင်းပြီး ဥရောပအသင်းကြီးတွေကြား အပြိုင်အဆိုင်ခေါ်ယူလိုနေကြတဲ့ ကစားသမားဖြစ်ခဲ့တာပါ။ အခုတော့ လိုင်ယွန်ဥက္ကဌမိုက်ကယ်အောလက်စ်က ဘင်ဇီမာအတွက် ရီးရဲလ်ပေးခဲ့တဲ့ ပေါင် ၃၅ သန်းထက် မန်ယူက ပိုပေးခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဘင်ဇီမာရဲ့ဘဝရည်မှန်းချက်ကြောင့် သူဟာ ပိုနည်းတဲ့ကမ်းလှမ်းမှုကိုသာ လက်ခံဖို့ ပြင်ဆင်ခဲ့ရတယ်လို့ အောလက်စ်က ဆိုခဲ့တာပါ။

photo-gettyimages

”လိုင်ယွန်က ထွက်ဖို့ ဘင်ဇီမာက တောင်းခံလာတဲ့အချိန်တုန်းက ကျွန်တော်တို့ ကမ်းလှမ်းမှု ၂ ခုရခဲ့ပါတယ်။ မန်ယူနဲ့ ရီးရဲလ်တို့ပါ။ ဖီကာလိုပဲ ဘင်ဇီမာလည်း ကျွန်တေ်ာ့ကို လာတွေ့ပြီး သူ့ရဲ့အိပ်မက်က ရီးရဲလ်အတွက် ကစားပေးဖို့ပါလို့ ပြောပါတယ်။ ပြီးတော့ မန်ယူထက် ပိုနည်းတဲ့ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်ကို သူပြောင်းသွားပါတယ်”မိုက်ကယ်အောလက်စ်က ရုပ်သံတစ်ခုကို ပြောခဲ့တာပါ။ ရီးရဲလ်ကိုရောက်သွားပြီးကတည်းက ဘင်ဇီမာဟာ လာလီဂါမှာ ၂ ကြိမ်ဗိုလ်စွဲခဲ့ပြီး ချန်ပီယံလိဂ်မှာ ၄ ကြိမ်ဗိုလ်စွဲခဲ့ပါတယ်။

[Zawgyi]

မန္ယူက ပိုမ်ားတဲ့ေငြေၾကးနဲ႔ကမ္းလွမ္းခဲ့ေပမယ့္ ရီးရဲလ္ကသာ ဘင္ဇီမာရဲ႕အိပ္မက္လို႔ လိုင္ယြန္ဥကၠဌဖြင့္ဟ

မန္ယူအသင္းဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္ျဖစ္တဲ့ ၂၀၀၉ တုန္းက လုိင္ယြန္ကေန တုိက္စစ္မႈးဘင္ဇီမာကို ေခၚယူႏိုင္ဖို႔ အေတာ္ေလးနီးစပ္ခဲ့ေပမယ့္ ကစားသမားက ေနာက္ဆုံးမိနစ္မွာ ရီးရဲလ္ကိုသာ ေျပာင္းသြားခဲ့ပါတယ္။ မန္ယူဟာ ဘင္ဇီမာအတြက္ ရီးရဲလ္ထက္ ေငြေၾကးပိုေပးၿပီးကမ္းလွမ္းခဲ့ေပမယ့္ ကာယကံရွင္က စိတ္မ၀င္စားခဲ့ဘဲ ရီးရဲလ္ကိုသာ ေျပာင္းသြားခဲ့တာပါ။

အဲဒီအခ်ိန္တုန္းက ဘင္ဇီမာဟာ လီဂူး ၂ ရာသီမွာ ၃၇ ဂိုးသြင္းၿပီး ဥေရာပအသင္းႀကီးေတြၾကား အၿပိဳင္အဆိုင္ေခၚယူလိုေနၾကတဲ့ ကစားသမားျဖစ္ခဲ့တာပါ။ အခုေတာ့ လိုင္ယြန္ဥကၠဌမုိက္ကယ္ေအာလက္စ္က ဘင္ဇီမာအတြက္ ရီးရဲလ္ေပးခဲ့တဲ့ ေပါင္ ၃၅ သနး္ထက္ မန္ယူက ပိုေပးခဲ့ေၾကာင္း ဖြင့္ဟလိုက္ပါတယ္။ ဘင္ဇီမာရဲ႕ဘ၀ရည္မွန္းခ်က္ေၾကာင့္ သူဟာ ပိုနည္းတဲ့ကမ္းလွမး္မႈကိုသာ လက္ခံဖို႔ ျပင္ဆင္ခဲ့ရတယ္လို႔ ေအာလက္စ္က ဆုိခဲ့တာပါ။

”လိုင္ယြန္က ထြက္ဖို႔ ဘင္ဇီမာက ေတာင္းခံလာတဲ့အခ်ိန္တုန္းက ကၽြန္ေတာ္တုိ႔ ကမ္းလွမ္းမႈ ၂ ခုရခဲ့ပါတယ္။ မန္ယူနဲ႔ ရီးရဲလ္တို႔ပါ။ ဖီကာလုိပဲ ဘင္ဇီမာလည္း ကၽြန္ေတ္ာ့ကို လာေတြ႕ၿပီး သူ႔ရဲ႕အိပ္မက္က ရီးရဲလ္အတြက္ ကစားေပးဖို႔ပါလို႔ ေျပာပါတယ္။ ၿပီးေတာ့ မန္ယူထက္ ပိုနည္းတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ရီးရဲလ္ကို သူေျပာင္းသြားပါတယ္”မိုက္ကယ္ေအာလက္စ္က ရုပ္သံတစ္ခုကို ေျပာခဲ့တာပါ။ ရီးရဲလ္ကိုေရာက္သြားၿပီးကတည္းက ဘင္ဇီမာဟာ လာလီဂါမွာ ၂ ႀကိမ္ဗုိလ္စြဲခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ၄ ႀကိမ္ဗုိလ္စြဲခဲ့ပါတယ္။