မန်ယူကြယ်ပွင့်ဘစ်ဆာကာကို ကမ္ဘာ့အကောင်းဆုံးလို့ သုံးနှုန်းလိုက်တဲ့ လီဗာပူးဂန္ထဝင်ကာရေဂါ

photo-daily mail

photo-gettyimages

မန်ယူအသင်းညာနောက်ခံလူဘစ်ဆာကာဟာ တစ်ယောက်ချင်းရင်ဆိုင်တားဆီးတဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံအစွန်လူဖြစ်ကြောင်း Sky Sports ရုပ်သံမှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ လီဗာပူးဂန္ထဝင်ကာရေဂါက ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့တနင်္ဂနွေ မန်ချက်စတာဒါဘီပွဲစဉ်မှာ ၂-၀ ဂိုးနဲ့အနိုင်ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်အားကောင်းလာခဲ့ပြီး အဲဒီပွဲမှာ ပြိုင်ဘက်အသင်းရဲ့အန္တာရယ်အပေးနိုင်ဆုံးကစားသမားဖြစ်တဲ့ စတာလင်းကိုထိန်းချုပ်နိုင်မှုအတွက် ဘစ်ဆာကာဟာ ချီးကျူးခံရနေရပါတယ်။

photo-gettyimages

မန်စီးတီးက စတာလင်းဟာ ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပေမယ့် မန်ယူက ပေါင်သန်း ၅၀ တန်ညာနောက်ခံလူနဲ့ရင်ဆိုင်တွေ့ရာမှာတော့ ကျော်လွှာနိုင်ခြင်း မရှိခဲ့ပါဘူး။ Sky Sports ရဲ့ Monday Night Football အစီအစဉ်မှာ ကာရေဂါဟာ ဘစ်ဆာကာကို ချီးကျူးခဲ့သလို မန်ယူရဲ့နိုင်ပွဲမှာ အရေးပါတဲ့နေရာက ပါဝင်နိုင်ခဲ့သူလို့လည်း ပြောကြားခဲ့ပါတယ်။

photo-sky sports

”မန်ချက်စတာနှစ်သင်းရဲ့ကြီးမားတဲ့ပြိုင်ဆိုင်မှုဖြစ်သလို စတာလင်းနဲ့ဘစ်ဆာကာတို့ရဲ့အားပြိုင်မှုလည်း ဖြစ်ပါတယ်။ နောက်တစ်ကြိမ်မန်ချက်စတာဒါဘီပွဲကျရင် စတာလင်းကို ဘစ်ဆာကာနဲ့ ရင်ဆိုင်မတွေ့ဖို့ ဂွါဒီယိုလာတစ်ခုခုလုပ်ရတော့မယ်လို့ ထင်ပါတယ်။ စတာလင်းဟာ ကမ္ဘာပေါ်က အကောင်းဆုံးတောင်ပံကစားသမား ၃၊ ၄ ယောက်ထဲမှာ တစ်ယောက်အပါအဝင်ပါ။ ဒါပေမဲ့ ဘစ်ဆာကာကလည်း မင်း ငါ့ကိုကျော်နိုင်မှာမဟုတ်ဘူးလို့ ပြောမှာပါ။ ဘစ်ဆာကာဟ တစ်ယောက်ချင်းတားဆီးတဲ့နေရာမှာ ကမ္ဘာပေါ်က နောက်ခံအစွန်လူလို့ ကျွန်တော် တကယ်ထင်မြင်မိပါတယ်။ အဲဒီနေရာမှာ သူ့ထက်ပိုကောင်းတဲ့သူ မရှိပါဘူး”လို့ ကာရေဂါက ပြောခဲ့တာပါ။

[Zawgyi]

မန္ယူၾကယ္ပြင့္ဘစ္ဆာကာကို ကမာၻ႔အေကာင္းဆုံးလို႔ သုံးႏႈန္းလိုက္တဲ့ လီဗာပူးဂႏၳ၀င္ကာေရဂါ

မန္ယူအသင္းညာေနာက္ခံလူဘစ္ဆာကာဟာ တစ္ေယာက္ခ်င္းရင္ဆိုင္တားဆီးတဲ့ေနရာမွာ ကမာၻ႔အေကာင္းဆုံးေနာက္ခံအစြန္လူျဖစ္ေၾကာင္း Sky Sports ရုပ္သံမွာ ေဘာလုံးေ၀ဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ လီဗာပူးဂႏၳ၀င္ကာေရဂါက ေျပာၾကားလုိက္ပါတယ္။ မန္ယူဟာ ၿပီးခဲ့့တဲ့တနဂၤေႏြ မန္ခ်က္စတာဒါဘီပြဲစဥ္မွာ ၂-၀ ဂိုးနဲ႔အႏုိင္ရခဲ့လုိ႔ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္အားေကာင္းလာခဲ့ၿပီး အဲဒီပြဲမွာ ၿပိဳင္ဘက္အသင္းရဲ႕အႏၱာရယ္အေပးႏိုင္ဆုံးကစားသမားျဖစ္တဲ့ စတာလင္းကိုထိန္းခ်ဳပ္ႏိုင္မႈအတြက္ ဘစ္ဆာကာဟာ ခ်ီးက်ဴးခံရေနရပါတယ္။

မန္စီးတီးက စတာလင္းဟာ ကမာၻ႔အေကာင္းဆုံးေတာင္ပံကစားသမားေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရေပမယ့္ မန္ယူက ေပါင္သန္း ၅၀ တန္ညာေနာက္ခံလူနဲ႔ရင္ဆိုင္ေတြ႕ရာမွာေတာ့ ေက်ာ္လႊာႏိုင္ျခင္း မရွိခဲ့ပါဘူး။ Sky Sports ရဲ႕ Monday Night Football အစီအစဥ္မွာ ကာေရဂါဟာ ဘစ္ဆာကာကို ခ်ီးက်ဴးခဲ့သလို မန္ယူရဲ႕ႏုိင္ပြဲမွာ အေရးပါတဲ့ေနရာက ပါ၀င္ႏိုင္ခဲ့သူလို႔လည္း ေျပာၾကားခဲ့ပါတယ္။

”မန္ခ်က္စတာႏွစ္သင္းရဲ႕ႀကီးမားတဲ့ၿပိဳင္ဆိုင္မႈျဖစ္သလုိ စတာလင္းနဲ႔ဘစ္ဆာကာတုိ႔ရဲ႕အားၿပိဳင္မႈလည္း ျဖစ္္ပါတယ္။ ေနာက္တစ္ႀကိမ္မန္ခ်က္စတာဒါဘီပြဲက်ရင္ စတာလင္းကို ဘစ္ဆာကာနဲ႔ ရင္ဆုိင္မေတြ႕ဖို႔ ဂြါဒီယိုလာတစ္ခုခုလုပ္ရေတာ့မယ္လို႔ ထင္ပါတယ္။ စတာလင္းဟာ ကမာၻေပၚက အေကာင္းဆံုးေတာင္ပံကစားသမား ၃၊ ၄ ေယာက္ထဲမွာ တစ္ေယာက္အပါအ၀င္ပါ။ ဒါေပမဲ့ ဘစ္ဆာကာကလည္း မင္း ငါ့ကိုေက်ာ္ႏိုင္မွာမဟုတ္ဘူးလို႔ ေျပာမွာပါ။ ဘစ္ဆာကာဟ တစ္ေယာက္ခ်င္းတားဆီးတဲ့ေနရာမွာ ကမာၻေပၚက ေနာက္ခံအစြန္လူလုိ႔ ကၽြန္ေတာ္ တကယ္ထင္ျမင္မိပါတယ္။ အဲဒီေနရာမွာ သူ႔ထက္ပိုေကာင္းတဲ့သူ မရွိပါဘူး”လို႔ ကာေရဂါက ေျပာခဲ့တာပါ။