





မန်ယူကို ကမ္ဘာ့စံချိန်တင် နှုန်းထားတစ်ရပ်နဲ့ ရောင်းထုတ်နိုင်ဖို့
မျှော်လင့်နေတဲ့အတွက်ကြောင့် အသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ





ခေါ်ဈေးဖြစ်တဲ့ ပေါင် ၆ ဘီလီယံအောက် ဈေးလျှော့ပြီး
အရောင်းအဝယ်လုပ်မှာမဟုတ်သလို ဆွေးနွေးတာမျိုးလည်း
လုပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ယူနိုက်တက်ကို ပြီးခဲ့တဲ့





၂၀၀၅ ခုနှစ်ကတည်းက အလုံးစုံ ပိုင်ဆိုင်ခဲ့တဲ့ ဂလေဇာ မိသားစုဟာ
အသင်းနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် သရဲနီ





ပရိသတ်တွေရဲ့ ဆန္ဒပြမှုနဲ့ ထိပ်တိုက်ရင်ဆိုင်နေရလို့ ပြီးခဲ့တဲ့
နိုဝင်ဘာလမှာ အရောင်းစာရင်း တင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့
ခေါ်ထားတဲ့ ဈေးနှုန်းက အရမ်းကို မြင့်မားလွန်း နေတာကြောင့်





ကမ္ဘာ့ကျော်စီးပွားရေး လုပ်ငန်းစုကြီးတွေတောင်မှပဲ အနားမကပ်နိုင်တဲ့
အခြေအနေမျိုး ရှိနေပါတယ်။ လက်ရှိမှာ မန်ယူကို ဝယ်ဖို့ တရားဝင်





လေ့လာမှုတွေ လုပ်နေတာဆိုလို့ ဗြိတိန်ရဲ့ အချမ်းသာဆုံး
စီးပွားရေးလုပ် ငန်းရှင်ကြီး ဂျင်ရက်ကလစ်ဖ် တစ်ယောက်ပဲ
ရှိနေပါသေးတယ်။ ဒါပေမဲ့ တရားဝင် ကမ်းလှမ်းမှု လုပ်ငန်းစဉ်တွေကတော့





စတင်လုပ်ဆောင်တာမျိုး မရှိသေးပါဘူး။ ဒါကြောင့် သူတို့သတ်မှတ်ထားတဲ့
တန်ဖိုးကို ပေးချေနိုင်တဲ့ အသင်းပိုင်ရှင်မျိုး ထွက်မလာဘူးဆိုရင်တော့





ဂလေဇာမိသားစုကို အိုးလ်ထ ရက်ဖို့ဒ်မှာပဲ ဆက်မြင်ရဖို့ရှိနေပြီး
ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဂျိုးဂလေဇာကပဲ အသင်း ကို ချုပ်ကိုင်သွားဦးမှာ
ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး အရောင်းအဝယ်





ဖြစ်သွားခဲ့တဲ့ ဘောလုံးအသင်းက ချဲလ်ဆီးဖြစ်ပြီး ရုရှားသူဌေးဆီကနေ
အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တော့ဒ်ဘိုလေက





ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေရဲ့
ရောင်းဈေးဟာ အဆမတန်ကို မြင့်မားလွန်းနေပြီး တခြားဥရောပ





ထိပ်သီးကလပ်အသင်းတွေကို ပိုင်ဆိုင်နေတဲ့ အသင်းပိုင်ရှင်တွေ
ကိုယ်တိုင် အနားမကပ်နိုင်တဲ့ အနေအထားမျိုး ဖြစ်နေတာပါ။





အိုးလ်ထရက်ဖို့ဒ်ကို ဝယ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ စီးပွားရေး
လုပ်ငန်းရှင်တွေထဲမှာ အရှေ့အလယ်ပိုင်းဒေသ၊ အာရှနဲ့ အမေရိကန်
နိုင်ငံတွေက လုပ်ငန်းရှင်တွေ ရှိနေပေမဲ့လည်း တရားဝင် မဆက်သွယ်ပါဘူး။





zawgyi





မန္ယူကို အၿပီးသတ္ ေရာင္းထုတ္ႏိုင္ဖို႔ မလြယ္ကူတဲ့ အေျခဆိုက္ေန
မန္ယူကို ကမာၻ႔စံခ်ိန္တင္ ႏႈန္းထားတစ္ရပ္နဲ႔ ေရာင္းထုတ္ႏိုင္ဖို႔
ေမွ်ာ္လင့္ေနတဲ့အတြက္ေၾကာင့္ အသင္းပိုင္ရွင္ ဂေလဇာ မိသားစုဟာ





ေခၚေဈးျဖစ္တဲ့ ေပါင္ ၆ ဘီလီယံေအာက္ ေဈးေလွ်ာ့ၿပီး
အေရာင္းအဝယ္လုပ္မွာမဟုတ္သလို ေဆြးေႏြးတာမ်ိဳးလည္း





လုပ္မွာမဟုတ္ဘူးလို႔ သိရပါတယ္။ ယူႏိုက္တက္ကို ၿပီးခဲ့တဲ့
၂၀၀၅ ခုႏွစ္ကတည္းက အလုံးစုံ ပိုင္ဆိုင္ခဲ့တဲ့ ဂေလဇာ မိသားစုဟာ
အသင္းနဲ႔ပတ္သက္တဲ့ စီမံခန႔္ခြဲမႈ အလြဲေတြေၾကာင့္ သရဲနီ





ပရိသတ္ေတြရဲ႕ ဆႏၵျပမႈနဲ႔ ထိပ္တိုက္ရင္ဆိုင္ေနရလို႔ ၿပီးခဲ့တဲ့
ႏိုဝင္ဘာလမွာ အေရာင္းစာရင္း တင္ခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔





ေခၚထားတဲ့ ေဈးႏႈန္းက အရမ္းကို ျမင့္မားလြန္း ေနတာေၾကာင့္
ကမာၻ႔ေက်ာ္စီးပြားေရး လုပ္ငန္းစုႀကီးေတြေတာင္မွပဲ အနားမကပ္ႏိုင္တဲ့
အေျခအေနမ်ိဳး ရွိေနပါတယ္။ လက္ရွိမွာ မန္ယူကို ဝယ္ဖို႔ တရားဝင္





ေလ့လာမႈေတြ လုပ္ေနတာဆိုလို႔ ၿဗိတိန္ရဲ႕ အခ်မ္းသာဆုံး
စီးပြားေရးလုပ္ ငန္းရွင္ႀကီး ဂ်င္ရက္ကလစ္ဖ္ တစ္ေယာက္ပဲ





ရွိေနပါေသးတယ္။ ဒါေပမဲ့ တရားဝင္ ကမ္းလွမ္းမႈ လုပ္ငန္းစဥ္ေတြကေတာ့
စတင္လုပ္ေဆာင္တာမ်ိဳး မရွိေသးပါဘူး။ ဒါေၾကာင့္ သူတို႔သတ္မွတ္ထားတဲ့
တန္ဖိုးကို ေပးေခ်ႏိုင္တဲ့ အသင္းပိုင္ရွင္မ်ိဳး ထြက္မလာဘူးဆိုရင္ေတာ့





ဂေလဇာမိသားစုကို အိုးလ္ထ ရက္ဖို႔ဒ္မွာပဲ ဆက္ျမင္ရဖို႔ရွိေနၿပီး
ပူးတြဲပိုင္ရွင္ျဖစ္တဲ့ ဂ်ိဳးဂေလဇာကပဲ အသင္း ကို ခ်ဳပ္ကိုင္သြားဦးမွာ





ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး အေရာင္းအဝယ္
ျဖစ္သြားခဲ့တဲ့ ေဘာလုံးအသင္းက ခ်ဲလ္ဆီးျဖစ္ၿပီး ႐ုရွားသူေဌးဆီကေန
အေမရိကန္ စီးပြားေရး လုပ္ငန္းရွင္ ေတာ့ဒ္ဘိုေလက





ေပါင္ ၄.၂၅ ဘီလီယံနဲ႔ ဝယ္ယူခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္ ပရီးမီးယားလိဂ္ ထိပ္သီးကလပ္အသင္းေတြရဲ႕





ေရာင္းေဈးဟာ အဆမတန္ကို ျမင့္မားလြန္းေနၿပီး တျခားဥေရာပ
ထိပ္သီးကလပ္အသင္းေတြကို ပိုင္ဆိုင္ေနတဲ့ အသင္းပိုင္ရွင္ေတြ
ကိုယ္တိုင္ အနားမကပ္ႏိုင္တဲ့ အေနအထားမ်ိဳး ျဖစ္ေနတာပါ။





အိုးလ္ထရက္ဖို႔ဒ္ကို ဝယ္ယူဖို႔ အတြက္ စိတ္ဝင္စားေနတဲ့ စီးပြားေရး
လုပ္ငန္းရွင္ေတြထဲမွာ အေရွ႕အလယ္ပိုင္းေဒသ၊ အာရွနဲ႔ အေမရိကန္





ႏိုင္ငံေတြက လုပ္ငန္းရွင္ေတြ ရွိေနေပမဲ့လည္း တရားဝင္ မဆက္သြယ္ပါဘူး။