
photo-gettyimages
photo-PA
၂၀၁၆ တုန်းက မန်ယူက ကမ်းလှမ်းလာချိန်မှာ အဲဒါကို ပယ်ချပြီး ရီးရဲလ် ဒါမှမဟုတ် ဘာစီလိုနာကိုပြောင်းဖို့ ပေါ့ဂ်ဘာကို ပြောခဲ့ကြောင်း ဂျူဗင်တပ်ကွင်လယ်လူဟောင်းမာချီစီယိုက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီအချိန်က ဂျူဗင်တပ်ကွင်းလယ်မှာ မာချီးစီယိုနဲ့ပေါ့ဂ်ဘာတို့ဟာ အတူတွဲကစားခဲ့ကြသလို ရင်းရင်းနှီးနှီးလည်းဖြစ်ခဲ့ကြကာ မော်ရင်ဟိုက ကမ်းလှမ်းမှုလုပ်လာတော့ အကြံပေးခဲ့တာပါ။
photo-gettyimages
နောက်ဆုံးမှာ ပေါ့ဂ်ဘာဟာ အဲဒီအချိန်က စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၉ သန်းနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ပေါ့ဂ်ဘာရဲ့မန်ယူကစားသမားဘဝဟာ အနိမ့်အမြင့်အတက်အကျတွေနဲ့ တည်ငြိမ်မှုမရှိခဲ့ဘဲ အခုလည်း သူ့ရဲ့အိုးလ်ထရက်ဖို့ဒ်အနာဂါတ်ဟာ မရေရာဖြစ်နေပါတယ်။ လက်ရှိမှာလည်း ပေါ့ဂ်ဘာဟာ ရီးရဲလ်၊အသင်းဟောင်းဂျူဗင်တပ်တို့နဲ့ သတင်းတွေထွက်နေတာပါ။
photo-gettyimages
နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်ကို ပေါ့ဂ်ဘာပြန်ရောက်လာနိုင်တာနဲ့ ပတ်သက်လို့ အီတလီအားကစားသတင်းစာ Tuttosport က မေးမြန်းတော့ မာချီစီယိုက”သူပြန်ရောက်လာရင်တော့ ကျွန်တော် အရမ်းကို ပျော်ရွှင်မိမှာပါ။ မန်ယူကို ပြန်သွားတာ မှားတယ်လို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ဘက်က တကယ်အပြောင်းအလဲလုပ်ချင်တယ်ဆိုရင် စပိန်ကိုရွေးသင့်ပါတယ်။ သူပြန်လာမှာက အလွန့်အလွန်ကို အပေါင်းလက္ခဏာဆန်မှာပါ။ သူချစ်တဲ့ သူ့ကိုအားပေးတဲ့ ပတ်ဝန်းကျင်မှာ သူပြန်လည်မွေးဖွားမှာပါ။ ဂျူဗင်တပ်အနေနဲ့ကလည်း ကွင်းလယ်မှာ သူ့လိုလူမျိုးလိုအပ်ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
[Zawgyi]
မန္ယူကုိ ျပန္သြားတာ မွားတယ္လို႔ ေပါ့ဂ္ဘာကို သတိေပးခဲ့ေၾကာင္း မာခ်ီစီယုိဖြင့္ဟ
၂၀၁၆ တုန္းက မန္ယူက ကမ္းလွမ္းလာခ်ိန္မွာ အဲဒါကို ပယ္ခ်ၿပီး ရီးရဲလ္ ဒါမွမဟုတ္ ဘာစီလိုနာကိုေျပာင္းဖုိ႔ ေပါ့ဂ္ဘာကို ေျပာခဲ့ေၾကာင္း ဂ်ဴဗင္တပ္ကြင္လယ္လူေဟာင္းမာခ်ီစီယုိက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အဲဒီအခ်ိန္က ဂ်ဴဗင္တပ္ကြင္းလယ္မွာ မာခ်ီးစီယုိနဲ႔ေပါ့ဂ္ဘာတုိ႔ဟာ အတူတြဲကစားခဲ့ၾကသလုိ ရင္းရင္းႏွီးႏွီးလည္းျဖစ္ခဲ့ၾကကာ ေမာ္ရင္ဟိုက ကမး္လွမ္းမႈလုပ္လာေတာ့ အႀကံေပးခဲ့တာပါ။
ေနာက္ဆုံးမွာ ေပါ့ဂ္ဘာဟာ အဲဒီအခ်ိန္က စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၈၉ သန္းနဲ႔ အုိးလ္ထရက္ဖုိ႔ဒ္ကို ျပန္ေရာက္လာခဲ့ပါတယ္။ ဒါေပမဲ့ ေပါ့ဂ္ဘာရဲ႕မန္ယူကစားသမားဘ၀ဟာ အနိမ့္အျမင့္အတက္အက်ေတြနဲ႔ တည္ၿငိမ္မႈမရွိခဲ့ဘဲ အခုလည္း သူ႔ရဲ႕အိုးလ္ထရက္ဖုိ႔ဒ္အနာဂါတ္ဟာ မေရရာျဖစ္ေနပါတယ္။ လက္ရွိမွာလည္း ေပါ့ဂ္ဘာဟာ ရီးရဲလ္၊အသင္းေဟာင္းဂ်ဴဗင္တပ္တို႔နဲ႔ သတင္းေတြထြက္ေနတာပါ။
ေႏြရာသီအေျပာင္းအေရႊ႕မွာ ဂ်ဴဗင္တပ္ကို ေပါ့ဂ္ဘာျပန္ေရာက္လာႏိုင္တာနဲ႔ ပတ္သက္လုိ႔ အီတလီအားကစားသတင္းစာ Tuttosport က ေမးျမန္းေတာ့ မာခ်ီစီယိုက”သူျပန္ေရာက္လာရင္ေတာ့ ကၽြန္ေတာ္ အရမး္ကို ေပ်ာ္ရႊင္မိမွာပါ။ မန္ယူကို ျပန္သြားတာ မွားတယ္လို႔ ကၽြန္ေတာ္ သူ႔ကို ေျပာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ သူ႔ဘက္က တကယ္အေျပာင္းအလဲလုပ္ခ်င္တယ္ဆုိရင္ စပိန္ကိုေရြးသင့္ပါတယ္။ သူျပန္လာမွာက အလြန္႔အလြန္ကို အေပါင္းလကၡဏာဆန္မွာပါ။ သူခ်စ္တဲ့ သူ႔ကိုအားေပးတဲ့ ပတ္၀န္းက်င္မွာ သူျပန္လည္ေမြးဖြားမွာပါ။ ဂ်ဴဗင္တပ္အေနနဲ႔ကလည္း ကြင္းလယ္မွာ သူ႔လုိလူမ်ိဳးလုိအပ္ပါတယ္”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။