

နယ်သာလန်တိုက်စစ်မှူးဒီပေးကို အသင်းဟောင်းမန်ယူအနေနဲ့ ပြန်လည်ခေါ်ယူခွင့်ရှိနေတယ်လို့ လိုင်ယွန်အသင်းအမှုဆောင်ချုပ်ဂျူနင်ဟိုက အတည်ပြုပြောဆိုလိုက်ပါတယ်။ဒီပေးဟာ ပီအက်စ်ဗွီကနေ မန်ယူကိုပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် သရဲနီကစားသမားဘ၀ ၁၈ လတာကာလအတွင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၁၇ ဇန်နဝါရီမှာ လီဂူး-၁ကလပ်လိုင်ယွန်ကို ပေါင် ၁၆သန်းနဲ့ပြောင်းရွှေ့သွားခဲ့သူပါ။

မန်ယူအနေနဲ့ နယ်သာလန်တိုက်စစ်မှူးကို လိုင်ယွန်ဆီအရှုံးခံရောင်းချခဲ့တာဖြစ်ပေမယ့် နှစ်သင်းကြားသဘောတူညီမှုစာချုပ်ထဲမှာတော့ ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ဂျူနင်ဟိုကလည်း ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အတိအကျမသိရပေမယ့် မန်ယူဘက်ကနေ ပြန်လည်ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့အကြောင်း ဝန်ခံပြောဆိုလိုက်တာပါ။

ဒီပေးဟာ ဒီရာသီမှာ လိုင်ယွန်အတွက် ပြိုင်ပွဲစုံ ၁၄ပွဲကစား ၁၁ဂိုးသွင်းပေးထားပြီး ဥရောပထိပ်တန်းအသင်းတွေရဲ့ အာရုံစိုက်မှုခံနေရပါတယ်။အထူးသဖြင့် စပါးအသင်းက လာမယ့်ဇန်နဝါရီမှာ ပေါင်သန်း ၅၀နဲ့ကမ်းလှမ်းလိမ့်မယ်လို့တောင် သတင်းထွက်နေပါတယ်။ဒါပေမဲ့ ဒီပေးကိုခေါ်ယူရေးမှာ သူ့ရဲ့အသင်းဟောင်းမန်ယူက အလေးသာလိမ့်မယ်လို့ ဂျူနင်ဟိုကပြောဆိုသွားပါတယ်။

“ မန်ယူက ပြန်လည်ခေါ်ယူခွင့်ထည့်သွင်းထားတယ်ဆိုတဲ့ကိစ္စက အမှန်ပါပဲ။ ဘောလုံးမှာဒီလိုအရာမျိုးတွေရှိနေပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ဒီပေးအတွက်ကမ်းလှမ်းမှုတစ်စုံတစ်ရာမရှိသေးပါဘူး။ သူနဲ့ကျွန်တော်တို့စာချုပ်က တစ်နှစ်သက်တမ်းကျန်ရှိပါသေးတယ်။ စာချုပ်သစ်ဖြစ်လာဖို့လည်း အခက်အခဲတွေရှိနိုင်ပါတယ်။ သူလိုင်ယွန်မှာပျော်နေတယ်လို့တော့ထင်ပါတယ်။

ချန်ပီယံဆုတွေအတွက် တိုက်ပွဲဝင်မယ်ဆိုရင်တော့ ကစားသမားကောင်းတွေကို အချိန်ကြာကြာဆက်ထိန်းနိုင်ဖို့လိုပါတယ်။ ဒီပေးနဲ့ပတ်သတ်လို့ ထူးခြားမှုမရှိသေးပေမယ့် ဒီနှစ်ကုန်မှာတော့စာချုပ်သစ်ကိစ္စကိုဆွေးနွေးသွားမှာပါ” လို့ ဂျူနင်ဟိုက ပြောဆိုလိုက်ပါတယ်။
(zawgyi)
နယ္သာလန္တိုက္စစ္မွဴးဒီေပးကို အသင္းေဟာင္းမန္ယူအေနနဲ႔ ျပန္လည္ေခၚယူခြင့္ရွိေနတယ္လို႔ လိုင္ယြန္အသင္းအမႈေဆာင္ခ်ဳပ္ဂ်ဴနင္ဟိုက အတည္ျပဳေျပာဆိုလိုက္ပါတယ္။ဒီေပးဟာ ပီအက္စ္ဗီြကေန မန္ယူကိုေျပာင္းေရႊ႔လာခဲ့ၿပီးတဲ့ေနာက္ သရဲနီကစားသမားဘ၀ ၁၈ လတာကာလအတြင္းမွာ ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ခဲ့ရၿပီး ၂၀၁၇ ဇန္န၀ါရီမွာ လီဂူး-၁ကလပ္လိုင္ယြန္ကို ေပါင္ ၁၆သန္းနဲ႔ေျပာင္းေရႊ႔သြားခဲ့သူပါ။မန္ယူအေနနဲ႔ နယ္သာလန္တိုက္စစ္မွဴးကို လိုင္ယြန္ဆီအရႈံးခံေရာင္းခ်ခဲ့တာျဖစ္ေပမယ့္ ႏွစ္သင္းၾကားသေဘာတူညီမႈစာခ်ဳပ္ထဲမွာေတာ့ ျပန္လည္ေခၚယူခြင့္ကို ထည့္သြင္းခ်ဳပ္ဆိုထားခဲ့တာျဖစ္ပါတယ္။ဂ်ဴနင္ဟိုကလည္း ကစားသမားအတြက္ ေျပာင္းေရႊ႔ေၾကးကို အတိအက်မသိရေပမယ့္ မန္ယူဘက္ကေန ျပန္လည္ေခၚယူခြင့္ရွိတယ္ဆိုတဲ့အေၾကာင္း ၀န္ခံေျပာဆိုလိုက္တာပါ။ဒီေပးဟာ ဒီရာသီမွာ လိုင္ယြန္အတြက္ ၿပိဳင္ပြဲစံု ၁၄ပြဲကစား ၁၁ဂိုးသြင္းေပးထားၿပီး ဥေရာပထိပ္တန္းအသင္းေတြရဲ႕ အာရံုစိုက္မႈခံေနရပါတယ္။အထူးသျဖင့္ စပါးအသင္းက လာမယ့္ဇန္န၀ါရီမွာ ေပါင္သန္း ၅၀နဲ႔ကမ္းလွမ္းလိမ့္မယ္လို႔ေတာင္ သတင္းထြက္ေနပါတယ္။ဒါေပမဲ့ ဒီေပးကိုေခၚယူေရးမွာ သူ႔ရဲ႕အသင္းေဟာင္းမန္ယူက အေလးသာလိမ့္မယ္လို႔ ဂ်ဴနင္ဟိုကေျပာဆိုသြားပါတယ္။“ မန္ယူက ျပန္လည္ေခၚယူခြင့္ထည့္သြင္းထားတယ္ဆိုတဲ့ကိစၥက အမွန္ပါပဲ။ ေဘာလံုးမွာဒီလိုအရာမ်ိဳးေတြရွိေနပါတယ္။ ဒါေပမယ့္ အခုအခ်ိန္ထိေတာ့ ဒီေပးအတြက္ကမ္းလွမ္းမႈတစ္စံုတစ္ရာမရွိေသးပါဘူး။ သူနဲ႔ကၽြန္ေတာ္တို႔စာခ်ဳပ္က တစ္ႏွစ္သက္တမ္းက်န္ရွိပါေသးတယ္။ စာခ်ဳပ္သစ္ျဖစ္လာဖို႔လည္း အခက္အခဲေတြရွိႏိုင္ပါတယ္။ သူလိုင္ယြန္မွာေပ်ာ္ေနတယ္လို႔ေတာ့ထင္ပါတယ္။ ခ်န္ပီယံဆုေတြအတြက္ တိုက္ပြဲ၀င္မယ္ဆိုရင္ေတာ့ ကစားသမားေကာင္းေတြကို အခ်ိန္ၾကာၾကာဆက္ထိန္းႏိုင္ဖို႔လိုပါတယ္။ ဒီေပးနဲ႔ပတ္သတ္လို႔ ထူးျခားမႈမရွိေသးေပမယ့္ ဒီႏွစ္ကုန္မွာေတာ့စာခ်ဳပ္သစ္ကိစၥကိုေဆြးေႏြးသြားမွာပါ” လို႔ ဂ်ဴနင္ဟိုက ေျပာဆိုလိုက္ပါတယ္။