မန်ယူကို ဂိုးသွင်းရင် ရွန်နီအောင်ပွဲခံလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဒါဘီနည်းပြအဖွဲ့ဝင်ဂစ်ဗင်း

photo-talksport

photo-gettyimages

ကြာသပတေးည အက်ဖ်အေဖလားပွဲစဉ်မှာ ရွန်နီဟဟာ အသင်းဟောင်းမန်ယူနဲ့ရင်ဆိုင်တွေ့နေရတာဖြစ်ပြီး အဲဒီပွဲမှာ သူဂိုးသွင်းမယ်ဆိုရင် ရွန်နီအောင်ပွဲခံလိမ့်မယ်လို့ ဒါဘီနည်းပြအဖွဲ့ဝင်ရှေးဂစ်ဗင်းက ယုံကြည်နေပါတယ်။ ရွန်နီဟာ မန်ယူရဲ့အသင်းခေါင်းဆောင်ဟောင်းနဲ့ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အက်ဖ်အေဖလားပဉ္စမအဆင့်မှာ အသင်းဟောင်းကို ပြိုင်ပွဲကထွက်အောင် ကြိုးစားတော့မှာပါ။

photo-gettyimages

ချန်ပီယံရှစ်ကလပ်ဒါဘီမှာ ကစားသမားနည်းပြဖြစ်နေတဲ့ရွန်နီအနေနဲ့ အသင်းဟောင်းမန်ယူနဲ့ ပြိုင်ဘက်အဖြစ် အခုမှ ပထမဆုံးအကြိမ်တွေ့ဖူးတာ မဟုတ်ဘဲ ၇ ကြိမ်တိုင် ရင်ဆိုင်ခဲ့ဖူးတာပါ။ ဒါပေမဲ့ မန်ယူနဲ့တွေ့တဲ့ပွဲတွေမှာ သူ့မှတ်တမ်းတွေဟာ မကောင်းခဲ့ဘဲ နိုင်ပွဲမရှိနဲ့ သွင်းဂိုးမရှိဖြစ်ခဲ့ပါတယ်။ ၃၄ နှစ်အရွယ်ဖြစ်လို့ အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းအတွက် ကြီးမားတဲ့စမ်းသပ်မှုတစ်ခုဖြစ်ပေမယ့် ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဒါဘီကို ရောက်လာပြီးကတည်းက အရေးပါတဲ့နေရာက ပါဝင်နိုင်ခဲ့တာပါ။ သူဟာ ဒါဘီမှာ ကွင်းလယ်နေရာကစားပေမယ့် အဲဒီချန်ပီယံရှစ်ကလပ်အတွက် ၁၄ ပွဲမှာ ၄ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးပေးထားပြီး ဖရီးကစ်ရော ပင်နယ်တီတာဝန်ကိုပါ နှစ်ခုစလုံးယူထားတဲ့အတွက် မန်ယူနဲ့ပွဲမှာ ဂိုးသွင်းနိုင်မယ့်အခွင့်အရေးရှိမှာပါ။

photo-the sun

အသင်းဟောင်းဘက်ကို သူ့ရဲ့ပထမဆုံးဂိုးသွင်းနိုင်ခဲ့ရင် ရွန်နီအောင်ပွဲခံမှာလားလို့ အင်တာဗျူးတစ်ခုမှာ မေးမြန်းလာတော့ ဒါဘီဂိုးနည်းပြဂစ်ဗင်းက ”သူအောင်ပွဲခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရွန်နီဟာ ဘောလုံးကစားရတာနဲ့ ဂိုးသွင်းရတာကို ချစ်တဲ့ လူတွေထဲမှာ တစ်ယောက်အပါအဝင်ပါ။ ဒီတော့ သူအောင်ပွဲခံမှာပါ။ သူဟာ အသင်းဟောင်းအတွက် လေးစားမှုအချို့ရှိမှာဖြစ်ပေမယ့် အခုလိုအချိန်မျိုးမှာတော့…….”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

[Zawgyi]

မန္ယူကို ဂိုးသြင္းရင္ ရြန္နီေအာင္ပြဲခံလိမ့္မယ္လို႔ ဆိုလိုက္္္္္္္္္္္္္္တဲ့ ဒါဘီနည္းျပအဖြဲ႕၀င္ဂစ္ဗင္း

ၾကာသပေတးည အက္ဖ္ေအဖလားပြဲစဥ္မွာ ရြန္နီဟဟာ အသင္းေဟာင္းမန္ယူနဲ႔ရင္ဆိုင္ေတြ႕ေနရတာျဖစ္ၿပီး အဲဒီပြဲမွာ သူဂိုးသြင္းမယ္ဆိုရင္ ရြန္နီေအာင္ပြဲခံလိမ့္မယ္လို႔ ဒါဘီနည္းျပအဖြဲ႔၀င္ေရွးဂစ္ဗင္းက ယုံၾကည္ေနပါတယ္။ ရြန္နီဟာ မန္ယူရဲ႕အသင္းေခါင္းေဆာင္ေဟာင္းနဲ႔ အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္ပါတယ္။ ဒါေပမဲ့ သူဟာ အက္ဖ္ေအဖလားပဥၥမအဆင့္မွာ အသင္းေဟာင္းကို ၿပိဳင္ပြဲကထြက္ေအာင္ ႀကိဳးစားေတာ့မွာပါ။

ခ်န္ပီယံရွစ္ကလပ္ဒါဘီမွာ ကစားသမားနည္းျပျဖစ္ေနတဲ့ရြန္နီအေနနဲ႔ အသင္းေဟာင္းမန္ယူနဲ႔ ၿပိဳင္ဘက္အျဖစ္ အခုမွ ပထမဆုံးအႀကိမ္ေတြ႕ဖူးတာ မဟုတ္ဘဲ ၇ ႀကိမ္တိုင္ ရင္ဆိုင္ခဲ့ဖူးတာပါ။ ဒါေပမဲ့ မန္ယူနဲ႔ေတြ႕တဲ့ပြဲေတြမွာ သူ႔မွတ္တမ္းေတြဟာ မေကာင္းခဲ့ဘဲ ႏိုင္ပြဲမရွိနဲ႔ သြင္းဂိုးမရွိျဖစ္ခဲ့ပါတယ္။ ၃၄ ႏွစ္အရြယ္ျဖစ္လို႔ အဲဒီအဂၤလန္အသငး္ေခါင္းေဆာင္ေဟာင္းအတြက္ ႀကီးမားတဲ့စမး္သပ္မႈတစ္ခုျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ဇန္န၀ါရီမွာ ဒါဘီကို ေရာက္လာၿပီးကတည္းက အေရးပါတဲ့ေနရာက ပါ၀င္ႏုိင္ခဲ့တာပါ။ သူဟာ ဒါဘီမွာ ကြင္းလယ္ေနရာကစားေပမယ့္ အဲဒီခ်န္ပီယံရွစ္ကလပ္အတြက္ ၁၄ ပြဲမွာ ၄ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးေပးထားၿပီး ဖရီးကစ္ေရာ ပင္နယ္တီတာ၀န္ကိုပါ ႏွစ္ခုစလုံးယူထားတဲ့အတြက္ မန္ယူနဲ႔ပြဲမွာ ဂိုးသြင္းႏိုင္မယ့္အခြင့္အေရးရွိမွာပါ။

အသင္းေဟာင္းဘက္ကို သူ႔ရဲ႕ပထမဆုံးဂိုးသြင္းႏိုင္ခဲ့ရင္ ရြန္နီေအာင္ပြဲခံမွာလားလုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေမးျမန္းလာေတာ့ ဒါဘီဂိုးနည္းျပဂစ္ဗင္းက ”သူေအာင္ပြဲခံလိမ့္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ရြန္နီဟာ ေဘာလုံးကစားရတာနဲ႔ ဂိုးသြင္းရတာကို ခ်စ္တဲ့ လူေတြထဲမွာ တစ္ေယာက္အပါအ၀င္ပါ။ ဒီေတာ့ သူေအာင္ပြဲခံမွာပါ။ သူဟာ အသင္းေဟာင္းအတြက္ ေလးစားမႈအခ်ိဳ႕ရွိမွာျဖစ္ေပမယ့္ အခုလိုအခ်ိန္မ်ိဳးမွာေတာ့…….”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။