
photo-reuters
photo-gettyimages
မန်ယူနဲ့တုန်းက တစ်လုံးတည်းသောအနိုင်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ နယူးကာဆယ်ကွင်းလယ်လူလေး မတ်တီလောင်းစတက်ဖ်ဟာ တစ်ပတ်မှ ပေါင် ၈၅၀ သာရနေသူဖြစ်တယ်လို့ အင်္ဂလန်ရဲ့ The Sun သတင်းစာကြီးက ထုတ်ဖော်ရေးသားလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် အဲဒီကစားသမားလေးဟာ ပြီးခဲ့တဲ့အပတ် မန်ယူနဲ့ပွဲကျမှ ပထမဆုံးအကြိမ်အဖြစ် ပရီးယားလိဂ်မှာ ပွဲဦးထွက်ကစားနိုင်ခဲ့တာပါ။ သူဟာ နယူးကာဆယ်ကွင်းလယ်မှာ အစ်ကိုဖြစ်သူရှိန်းလောင်းစတက်ဖ်နဲ့အတူ ပွဲထွက်ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။
photo-gettyimages
မက်တီလောင်းစတက်ဖ်ဟာ မန်ယူနဲ့ပွဲက ကွင်းလယ်မှာ စိုးမိုးကစားနိုင်ခဲ့ပြီး ပထမဆုံးပရီးမီးယားလိဂ်အတွေ့အကြုံဖြစ်ပေမယ့် စိတ်လှုပ်ရှားနေတာမျိုး မရှိခဲ့ပါဘူး။ ဒီလိုခြေစွမ်းပြကစားသမားလေးက တစ်ပတ် ပေါင် ၈၅၀ သာရနေတာပါ။ ရှုံးနိမ့်ခဲ့တဲ့မန်ယူအသင်းက ကစားသမားတွေနဲ့ ယှဉ်လိုက်ရင် သူ့လစာက ဘာမှမပြောပလောက်ဖြစ်နေပါတယ်။ မန်ယူမှာက သူ့လိုပဲ လူငယ်တစ်ယောက်ဖြစ်တဲ့ ရက်ရှိဖု့ိဒ်ဟာ တစ်ပတ်ကို ပေါင် ၂၅၀၀၀၀ ရနေတာပါ။ နယူးကာဆယ်နဲ့ပွဲမှာ အတော်လေးကို ခြေစွမ်းဆိုးရွားခဲ့တဲ့ မန်ယူကွင်းလယ်လူဖရက်ဒ်ဆိုရင် တစ်ပတ်ကို ပေါင် ၁၂၀၀၀၀ ရနေသူပါ။ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းက စွမ်းဆောင်မှုအရဆိုရင် မတ်တီလေးကတောင် ဖရက်ဒ်ထက် လစာပိုများသင့်တာပေ့ါ။
photo-gettyimages
မတ်တီလောင်းစတက်ဖ်ဟာ ၂၀၁၈ ကမှ နယူးကာဆယ်နဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ် စချုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့အဲဒီစာချုပ်ဟာ အခုရာသီအကုန်မှာ သက်တမ်းကုန်ဆုံးမှာပါ။ ဒါကြောင့် နယူးကာဆယ်ဘက်က ပိုကောင်းတဲ့စာချုပ်သစ်နဲ့ အဲဒီလူငယ်ခြေတက်ကစားသမားလေးကို ဆက်ထိန်းထားချင်နေပါတယ်။ သူ့အစ်ကို ရှိန်းလောင်းတက်ဖ်ကတော့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ယူနဲ့သတင်းထွက်ခဲ့ဖူးသူဖြစ်ပါတယ်။
[Zawgyi]
မန္ယူကို ဂိုးသြင္းတဲ့ နယူးကာဆယ္ခ်ာတိတ္ေလးက တစ္ပတ္မွ ေပါင္ ၈၅၀ သာရ
မန္ယူနဲ႔တုန္းက တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းေပးႏိုင္ခဲ့တဲ့ နယူးကာဆယ္ကြင္းလယ္္လူေလး မတ္တီေလာင္းစတက္ဖ္ဟာ တစ္ပတ္မွ ေပါင္ ၈၅၀ သာရေနသူျဖစ္တယ္လို႔ အဂၤလန္ရဲ႕ The Sun သတင္းစာႀကီးက ထုတ္ေဖာ္ေရးသားလိုက္ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ အဲဒီကစားသမားေလးဟာ ၿပီးခဲ့တဲ့အပတ္ မန္ယူနဲ႔ပြဲက်မွ ပထမဆုံးအႀကိမ္အျဖစ္ ပရီးယားလိဂ္မွာ ပြဲဦးထြက္ကစားႏိုင္ခဲ့တာပါ။ သူဟာ နယူးကာဆယ္ကြငး္လယ္မွာ အစ္ကုိျဖစ္သူရွိန္းေလာင္းစတက္ဖ္နဲ႔အတူ ပြဲထြက္ကစားခြင့္ရခဲ့တာလည္း ျဖစ္ပါတယ္။
မက္တီေလာငး္စတက္ဖ္ဟာ မန္ယူနဲ႔ပြဲက ကြင္းလယ္မွာ စိုးမိုးကစားႏိုင္ခဲ့ၿပီး ပထမဆုံးပရီးမီးယားလိဂ္အေတြ႕အႀကဳံျဖစ္ေပမယ့္ စိတ္လႈပ္ရွားေနတာမ်ိဳး မရွိခဲ့ပါဘူး။ ဒီလုိေျခစြမ္းျပကစားသမားေလးက တစ္ပတ္ ေပါင္ ၈၅၀ သာရေနတာပါ။ ရႈံးနိမ့္ခဲ့တဲ့မန္ယူအသင္းက ကစားသမားေတြနဲ႔ ယွဥ္လုိက္ရင္ သူ႔လစာက ဘာမွမေျပာပေလာက္ျဖစ္ေနပါတယ္။ မန္ယူမွာက သူ႔လုိပဲ လူငယ္တစ္ေယာက္ျဖစ္တဲ့ ရက္ရွိဖု႔ိဒ္ဟာ တစ္ပတ္ကို ေပါင္ ၂၅၀၀၀၀ ရေနတာပါ။ နယူးကာဆယ္နဲ႔ပြဲမွာ အေတာ္ေလးကို ေျခစြမ္းဆုိးရြားခဲ့တဲ့ မန္ယူကြင္းလယ္လူဖရက္ဒ္ဆိုရင္ တစ္ပတ္ကို ေပါင္ ၁၂၀၀၀၀ ရေနသူပါ။ စိန္႔ဂ်ိမ္းစ္ပါ့ခ္ကြင္းက စြမ္းေဆာင္မႈအရဆိုရင္ မတ္တီေလးကေတာင္ ဖရက္ဒ္ထက္ လစာပိုမ်ားသင့္တာေပ့ါ။
မတ္တီေလာင္းစတက္ဖ္ဟာ ၂၀၁၈ ကမွ နယူးကာဆယ္နဲ႔ ပထမဆုံးပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ စခ်ဳပ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အဲဒီစာခ်ဳပ္ဟာ အခုရာသီအကုန္မွာ သက္တမ္းကုန္ဆုံးမွာပါ။ ဒါေၾကာင့္ နယူးကာဆယ္ဘက္က ပိုေကာင္းတဲ့စာခ်ဳပ္သစ္နဲ႔ အဲဒီလူငယ္ေျခတက္ကစားသမားေလးကို ဆက္ထိန္းထားခ်င္ေနပါတယ္။ သူ႔အစ္ကို ရွိန္းေလာင္းတက္ဖ္ကေတာ့ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ မန္ယူနဲ႔သတင္းထြက္ခဲ့ဖူးသူျဖစ္ပါတယ္။