မန်ယူကို ကိုင်တွယ်ဖို့ စိတ်မဝင်စားတဲ့ ဇီဒန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်နည်းပြဟောင်းဇီဒန်းဟာ မန်ယူနည်းပြသစ်ဖြစ်လာဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ဆိုးလ်ရှားထွက်ခွာသွားပြီးတဲ့နောက် အဲဒီပြင်သစ်သားနည်းပြဆီ ချဉ်းကပ်မှုလုပ်ခဲ့တာပါ။

ဒါပေမဲ့လည်း BBC ရဲ့အဆိုအရတော့ အခုလိုအခြေအနေမှာ ဇီဒန်းဟာ မန်ယူကို ကိုင်တွယ်ဖို့ ရည်ရွယ်ထားခြင်းမရှိကြောင်း သိရပါတယ်။

ရီးရဲလ်ကို သူကိုင်တွယ်စဉ်က ဇီဒန်းဟာ ယူနိုက်တက်ကိုအခုရောက်နေတဲ့ စီရော်နယ်ဒို၊ ဗာရာနီတို့နှစ်ယောက်စလုံးနဲ့ အတူအလုပ်လုပ်ခဲ့တာပါ။

စပိန်ဘောလုံးကျွမ်းကျင်သူဂျာနယ်လစ်ဖြစ်တဲ့ ဂူလီယမ်ဘယ်လာဂူးကတော့ တကယ်လို့ ပိုချက်တီနိုသာ ယူနိုက်တက်ကို သွားမယ်ဆိုရင် ဇီဒန်းဟာ ပီအက်စ်ဂျီမှာ အဲဒီအာဂျင်းတီးနားသားနေရာ အစားဝင်ဖို့ စဉ်းစားမှာလို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့လည်း စိတ်ဝင်စားနေပြီး လက်ရှိနည်းပြဒက်စ်ချမ့်က လာမယ့်နှစ်ကမ္ဘာ့ဖလားအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

ဇီဒန်းဟာ ရီးရဲလ်ဟာ ကိုင်တွယ်ခဲ့တဲ့ ၂ ကြိမ်မှာ ချန်ပီယံလိဂ် ၃ ကြိမ်ရခဲ့ပြီး လာလီဂါ ၂ ကြိမ်ရခဲ့ပါတယ်။

၄၉ နှစ်အရွယ် အဲဒီပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ရီးရဲလ်ကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။

လောလောဆယ်တော့ မန်ယူမှာ ဆိုးလ်ရှားနေရာ ဆက်ခံဖို့အတွက် ပီအက်စ်ဂျီနည်းပြပိုချက်တီနိုက ရေပန်းစားနေပါတယ်။

ဆိုးလ်ရှားနေရာဆက်ခံသူဟာ လက်ရှိပရီးမီးယားလိဂ်မှာ အဆင့် ၉ ရောက်နေတဲ့ယူနိုက်တက်အတွက် များစွာအလုပ်လုပ်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူကို ကိုင္တြယ္ဖို႔ စိတ္မဝင္စားတဲ့ ဇီဒန္း

ရီးရဲလ္နည္းျပေဟာင္းဇီဒန္းဟာ မန္ယူနည္းျပသစ္ျဖစ္လာဖို႔ စိတ္မဝင္စားေၾကာင္း သိရပါတယ္။ ယူႏိုက္တက္ဟာ ဆိုးလ္ရွားထြက္ခြာသြားၿပီးတဲ့ေနာက္ အဲဒီျပင္သစ္သားနည္းျပဆီ ခ်ဥ္းကပ္မႈလုပ္ခဲ့တာပါ။

ဒါေပမဲ့လည္း BBC ရဲ႕အဆိုအရေတာ့ အခုလိုအေျခအေနမွာ ဇီဒန္းဟာ မန္ယူကို ကိုင္တြယ္ဖို႔ ရည္႐ြယ္ထားျခင္းမရွိေၾကာင္း သိရပါတယ္။ ရီးရဲလ္ကို သူကိုင္တြယ္စဥ္က ဇီဒန္းဟာ ယူႏိုက္တက္ကိုအခုေရာက္ေနတဲ့ စီေရာ္နယ္ဒို၊ ဗာရာနီတို႔ႏွစ္ေယာက္စလုံးနဲ႔ အတူအလုပ္လုပ္ခဲ့တာပါ။

စပိန္ေဘာလုံးကြၽမ္းက်င္သူဂ်ာနယ္လစ္ျဖစ္တဲ့ ဂူလီယမ္ဘယ္လာဂူးကေတာ့ တကယ္လို႔ ပိုခ်က္တီႏိုသာ ယူႏိုက္တက္ကို သြားမယ္ဆိုရင္ ဇီဒန္းဟာ ပီအက္စ္ဂ်ီမွာ အဲဒီအာဂ်င္းတီးနားသားေနရာ အစားဝင္ဖို႔ စဥ္းစားမွာလို႔ ေရးသားခဲ့ပါတယ္။

ဒါ့အျပင္ ဇီဒန္းဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းကို ကိုင္တြယ္ဖို႔လည္း စိတ္ဝင္စားေနၿပီး လက္ရွိနည္းျပဒက္စ္ခ်မ့္က လာမယ့္ႏွစ္ကမာၻ႔ဖလားအၿပီးမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာပါ။

ဇီဒန္းဟာ ရီးရဲလ္ဟာ ကိုင္တြယ္ခဲ့တဲ့ ၂ ႀကိမ္မွာ ခ်န္ပီယံလိဂ္ ၃ ႀကိမ္ရခဲ့ၿပီး လာလီဂါ ၂ ႀကိမ္ရခဲ့ပါတယ္။ ၄၉ ႏွစ္အ႐ြယ္ အဲဒီျပင္သစ္သားဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ ရီးရဲလ္ကေန ထြက္ခြာၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနတာပါ။

ေလာေလာဆယ္ေတာ့ မန္ယူမွာ ဆိုးလ္ရွားေနရာ ဆက္ခံဖို႔အတြက္ ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုက ေရပန္းစားေနပါတယ္။ ဆိုးလ္ရွားေနရာဆက္ခံသူဟာ လက္ရွိပရီးမီးယားလိဂ္မွာ အဆင့္ ၉ ေရာက္ေနတဲ့ယူႏိုက္တက္အတြက္ မ်ားစြာအလုပ္လုပ္ရမွာပါ။