မန်ယူကို ကိုင်တွယ်ခွင့်ရရေးအတွက် စိတ်အားထက်သန်နေတဲ့ ကွန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးနဲ့အင်တာမီလန်နည်းပြဟောင်းအန်တိုနီယိုကွန်တီဟာ မန်ယူနည်းပြရာထူးအတွက် စိတ်အားထက်သန်နေပြီး လက်ခံဖို့ အဆင်သင့်ဖြစ်နေကြောင်း နာမည်ကြီးအပြောင်းအရွှေ့ကျွမ်းကျင်သူဂျာနယ်လစ်ဖာဘရီဇီယိုရိုမာနိုက ထုတ်ဖော်လိုက်ပါတယ်။

ကွန်တီဘက်က မန်ယူအလုပ်အတွက် အဆင်သင့်ဖြစ်နေပေမယ့် အဲဒီမန်ချက်စတာအခြေစိုက်အသင်းကတော့ တရားဝင်ကမ်းလှမ်းမှုလုပ်မလာသေးဘူးလို့ သိရပါတယ်။

မန်ယူဟာ လက်ရှိနည်းပြဆိုးလ်ရှားကို ထုတ်ပယ်ခြင်းလုပ်၊မလုပ် စဉ်းစားနေဆဲ ဖြစ်ပါတယ်။

လီဗာပူးကို ဂိုးပြတ်ရှုံးပြီးနောက် ၄၈ နှစ်အရွယ် အဲဒီနော်ဝေသားနည်းပြအပေါ်မှာ အသင်းကစားသမားတွေက ယုံကြည်မှုကင်းမဲ့သွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

ဒါကြောင့်လည်း မန်ယူအနေနဲ့ ဆိုးလ်ရှားရဲ့အနာဂါတ်ကိစ္စကို အသေအချာစဉ်စားနေကြောင်း ဆိုကြပါတယ်။

ကွန်တီကတော့ ရာသီကြားဖြတ်ကာလမှာ အသင်းသစ်ကိုင်ရတာ မကြိုက်သလို အဲဒါက သူ့စတိုင်လည်း မဟုတ်ပါဘူး။

ဒါပေမဲ့လည်း အခုချိန်မှာ မန်ယူဟာ ကွန်တီရဲ့အဲဒီသဘောထားကို ပြောင်းလဲစေနိုင်မယ့် တစ်သင်းတည်းသောကလပ်ဖြစ်ကြောင်း ဂျာနယ်လစ်ဖာဘရီဇီယိုရိုမာနိုက ဆိုပါတယ်။

ကွန်တီဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ အင်တာမီလန်နဲ့လမ်းခွဲခဲ့ကာ ပြီးခဲ့တဲ့နွေရာသီမှာ ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ စပါးရဲ့ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။

အဲဒီဂျူဗင်တပ်နည်းပြဟောင်းဟာ သူနောက်ပိုင်းကိုင်တွယ်ခဲ့တဲ့အသင်းတွေကို အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိင်ခဲ့ပါတယ်။

နည်းပြဘဝအစောပိုင်းတုန်းက ဘာရီအသင်းကို စီးရီးဘီချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ဂျူဗင်တပ်နဲ့အတူလည်း စီးရီးအေမှာ ၃ နှစ်ဆက်ဗိုလ်စွဲခဲ့ပါတယ်။

၂ နှစ်တာ ချဲလ်ဆီးနည်းပြဘဝမှာလည်း ပရီးမီးယားလိဂ်နဲ့အက်ဖ်အေဖလား တစ်ကြိမ်စီရယူပေးနိုင်ခဲ့ကာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း အင်တာမီလန်ကို စီးရီးအေမှာ ဗိုလ်စွဲစေခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူကို ကိုင္တြယ္ခြင့္ရေရးအတြက္ စိတ္အားထက္သန္ေနတဲ့ ကြန္တီ

ခ်ဲလ္ဆီးနဲ႔အင္တာမီလန္နည္းျပေဟာင္းအန္တိုနီယိုကြန္တီဟာ မန္ယူနည္းျပရာထူးအတြက္ စိတ္အားထက္သန္ေနၿပီး လက္ခံဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း နာမည္ႀကီးအေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူဂ်ာနယ္လစ္ဖာဘရီဇီယို႐ိုမာႏိုက ထုတ္ေဖာ္လိုက္ပါတယ္။

ကြန္တီဘက္က မန္ယူအလုပ္အတြက္ အဆင္သင့္ျဖစ္ေနေပမယ့္ အဲဒီမန္ခ်က္စတာအေျခစိုက္အသင္းကေတာ့ တရားဝင္ကမ္းလွမ္းမႈလုပ္မလာေသးဘူးလို႔ သိရပါတယ္။

မန္ယူဟာ လက္ရွိနည္းျပဆိုးလ္ရွားကို ထုတ္ပယ္ျခင္းလုပ္၊မလုပ္ စဥ္းစားေနဆဲ ျဖစ္ပါတယ္။ လီဗာပူးကို ဂိုးျပတ္ရႈံးၿပီးေနာက္ ၄၈ ႏွစ္အ႐ြယ္ အဲဒီေနာ္ေဝသားနည္းျပအေပၚမွာ အသင္းကစားသမားေတြက ယုံၾကည္မႈကင္းမဲ့သြားခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။

ဒါေၾကာင့္လည္း မန္ယူအေနနဲ႔ ဆိုးလ္ရွားရဲ႕အနာဂါတ္ကိစၥကို အေသအခ်ာစဥ္စားေနေၾကာင္း ဆိုၾကပါတယ္။ ကြန္တီကေတာ့ ရာသီၾကားျဖတ္ကာလမွာ အသင္းသစ္ကိုင္ရတာ မႀကိဳက္သလို အဲဒါက သူ႔စတိုင္လည္း မဟုတ္ပါဘူး။

ဒါေပမဲ့လည္း အခုခ်ိန္မွာ မန္ယူဟာ ကြန္တီရဲ႕အဲဒီသေဘာထားကို ေျပာင္းလဲေစႏိုင္မယ့္ တစ္သင္းတည္းေသာကလပ္ျဖစ္ေၾကာင္း ဂ်ာနယ္လစ္ဖာဘရီဇီယို႐ိုမာႏိုက ဆိုပါတယ္။ ကြန္တီဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ အင္တာမီလန္နဲ႔လမ္းခြဲခဲ့ကာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ပရီးမီးယားလိဂ္အသင္းႀကီးတစ္သင္းျဖစ္တဲ့ စပါးရဲ႕ကမ္းလွမ္းမႈကို ရခဲ့ေပမယ့္ ပယ္ခ်ခဲ့ပါတယ္။

အဲဒီဂ်ဴဗင္တပ္နည္းျပေဟာင္းဟာ သူေနာက္ပိုင္းကိုင္တြယ္ခဲ့တဲ့အသင္းေတြကို အမွတ္ေပးခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးနိင္ခဲ့ပါတယ္။ နည္းျပဘဝအေစာပိုင္းတုန္းက ဘာရီအသင္းကို စီးရီးဘီခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သလို ဂ်ဴဗင္တပ္နဲ႔အတူလည္း စီးရီးေအမွာ ၃ ႏွစ္ဆက္ဗိုလ္စြဲခဲ့ပါတယ္။

၂ ႏွစ္တာ ခ်ဲလ္ဆီးနည္းျပဘဝမွာလည္း ပရီးမီးယားလိဂ္နဲ႔အက္ဖ္ေအဖလား တစ္ႀကိမ္စီရယူေပးႏိုင္ခဲ့ကာ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း အင္တာမီလန္ကို စီးရီးေအမွာ ဗိုလ္စြဲေစခဲ့ပါတယ္။