
photo-reuters
photo-gettyimages
ဂျူဗင်တပ်တိုက်စစ်မှုးဒိုင်ဘာလာက သူ့အနေနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ယူနဲ့စပါးတို့ကိုပြောင်းဖို့ စိတ်ဆန္ဒမရှိခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီအာဂျင်တီးနားသားတိုက်စစ်မှုးဟာ ပြီးခဲ့တဲ့နွေဈေးကွက်မှာ ပရီးမီးယားလိဂ်ကိုရောက်ဖို့ အကြီးအကျယ်သတင်းထွက်ခဲ့တာပါ။ တူရင်ကို ဆာရီရောက်လာပြီးတဲ့နောက် ဂျူဗင်တပ်မှာ သူ့အတွက် နေရာမရှိနိုင်တော့ဘူးဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေနဲ့အတူ ပရီးမီးယားလိဂ်ကိုရောက်ဖို့ နီးစပ်ခဲ့သေးတာပါ။ အခုတော့ ဒိုင်ဘာလာက အပြောင်းအရွှေ့ရာသီပိတ်သွားလို့ သူ့ပခုံးပေါ်ရောက်နေတဲ့ဝန်ထုပ်ဝန်ပိုးတွေ မရှိတော့ကြောင်း ဝန်ခံလိုက်ပါတယ်။
photo-EPA
”လွယ်ကူတဲ့နွေရာသီအပြောင်းအရွှေ့ မဟုတ်ခဲ့ပါဘူး။ အသင်းတိုင်းနဲ့ ကျွန်တော်မသွားချင်တဲ့ နေရာတိုင်းနဲ့ ဆက်စပ်ပြီး ကိုယ့်နာမည်ကိုကြားနေရတာဟာ မကောင်းပါဘူး။ ဒါပေမဲ့ ဒါက ဘောလုံးပါပဲ။ အပြောင်းအရွှေ့ရာသီစမဖွင့်ခင်ကတည်းက ဂျူဗင်တပ်မှာပဲ ဆက်ရှိချင်တယ်လို့ ကျွန်တော်ပြောခဲ့တာပါ။ နောက်ဆုံးနေ့ထိတိုင်အောင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိကြပေမယ့် ကွင်းထဲမှာ စကားပြောခွင့်ရဖို့ကသာ ပိုအရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ဆက်ရှိချင်ပြီး ကျွန်တော် ဒီမှာဆက်ကစားချင်ပြီး ဂျူဗင်တပ်မှာသာ ကျွန်တော့်ကစားသမားဘဝကို ရှေ့ဆက်ချင်တာပါ။ ကျွန်တော်အများကြီးပေးနိုင်သေးတယ်လို့ ထင်ပါတယ်။ အင်တာနဲ့ပွဲမှာလည်း ကျွန်တော်ပြခဲ့ပြီးပါပြီ”လို့ ဒိုင်ဘာလာက အီတလီအားကစားသတင်းစာတစ်စောင်နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
photo-gettyimages
ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်က ရောင်းချချင်တဲ့ကစားသမားဖြစ်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့အင်တာနဲ့ပွဲမှာတော့ ပွဲထွက်စာရင်းထဲပါဝင်နိုင်ခဲ့ပြီး ဂျူဗင်တပ်အတွက် ဦးဆောင်ဂိုးကိုလည်း စောစီးစွာသွင်းယူပေးနိုင်ခဲ့တာပါ။ အဲဒီဂိုးဟာ အသက် ၂၅ နှစ်အရွယ် ဒိုင်ဘာလာအတွက် ဒီရာသီပထမဆုံးသွင်းဂိုးလည်း ဖြစ်ပါတယ်။
Zawgyi
မန္ယူကိုေရာ စပါးကိုပါ ဘယ္တုန္းကမွ မေျပာင္းခ်င္ခဲ့ဘူးလုိ႔ ဖြင့္ဟလုိက္တဲ့ဒို္င္ဘာလာ
ဂ်ဴဗင္တပ္တိုက္စစ္မႈးဒိုင္ဘာလာက သူ႔အေနနဲ႔ ၿပီးခဲဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ မန္ယူနဲ႔စပါးတုိ႔ကိုေျပာင္းဖုိ႔ စိတ္ဆႏၵမရွိခဲ့ေၾကာင္း ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အဲဒီအာဂ်င္တီးနားသားတုိက္စစ္မႈးဟာ ၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာ ပရီးမီးယားလိဂ္ကိုေရာက္ဖို႔ အႀကီးအက်ယ္သတင္းထြက္ခဲ့တာပါ။ တူရင္ကို ဆာရီေရာက္လာၿပီးတဲ့ေနာက္ ဂ်ဴဗင္တပ္မွာ သူ႔အတြက္ ေနရာမရွိႏိုင္ေတာ့ဘူးဆိုတဲ့ ခန္႔မွန္းေျပာဆုိမႈေတြနဲ႔အတူ ပရီးမီးယားလိဂ္ကိုေရာက္ဖို႔ နီးစပ္ခဲ့ေသးတာပါ။ အခုေတာ့ ဒိုင္ဘာလာက အေျပာင္းအေရႊ႕ရာသီပိတ္သြားလုိ႔ သူ႔ပခုံးေပၚေရာက္ေနတဲ့၀န္ထုပ္၀န္ပိုးေတြ မရွိေတာ့ေၾကာင္း ၀န္ခံလိုက္ပါတယ္။
”လြယ္ကူတဲ့ေႏြရာသီအေျပာင္းအေရႊ႕ မဟုတ္ခဲ့ပါဘူး။ အသင္းတိုင္းနဲ႔ ကၽြန္ေတာ္မသြားခ်င္တဲ့ ေနရာတိုင္းနဲ႔ ဆက္စပ္ၿပီး ကုိယ့္နာမည္ကိုၾကားေနရတာဟာ မေကာင္းပါဘူး။ ဒါေပမဲ့ ဒါက ေဘာလုံးပါပဲ။ အေျပာင္းအေရႊ႕ရာသီစမဖြင့္ခင္ကတည္းက ဂ်ဴဗင္တပ္မွာပဲ ဆက္ရွိခ်င္တယ္လုိ႔ ကၽြန္ေတာ္ေျပာခဲ့တာပါ။ ေနာက္ဆုံးေန႔ထိတိုင္ေအာင္ ဘာျဖစ္မယ္ဆုိတာ ဘယ္သူမွ မသိၾကေပမယ့္ ကြင္းထဲမွာ စကားေျပာခြင့္ရဖို႔ကသာ ပိုအေရးႀကီးတယ္္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ္ ဆက္ရွိခ်င္ၿပီး ကၽြန္ေတာ္ ဒီမွာဆက္ကစားခ်င္ၿပီး ဂ်ဴဗင္တပ္မွာသာ ကၽြန္ေတာ့္ကစားသမားဘ၀ကို ေရွ႕ဆက္ခ်င္တာပါ။ ကၽြန္ေတာ္အမ်ားႀကီးေပးႏိုင္ေသးတယ္လို႔ ထင္ပါတယ္။ အင္တာနဲ႔ပြဲမွာလည္း ကၽြန္ေတာ္ျပခဲဲ့ၿပီးပါၿပီ”လုိ႔ ဒိုင္ဘာလာက အီတလီအားကစားသတင္းစာတစ္ေစာင္နဲ႔ အင္တာဗ်ဴးမွာ ေျပာခဲ့တာပါ။
ဒိုင္ဘာလာဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ဂ်ဴဗင္တပ္က ေရာင္းခ်ခ်င္တဲ့ကစားသမားျဖစ္ခဲ့ေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့အင္တာနဲ႔ပြဲမွာေတာ့ ပြဲထြက္စာရင္းထဲပါ၀င္ႏိုင္ခဲ့ၿပီး ဂ်ဴဗင္တပ္အတြက္ ဦးေဆာင္ဂိုးကိုလည္း ေစာစီးစြာသြင္းယူေပးႏိုင္ခဲ့တာပါ။ အဲဒီဂိုးဟာ အသက္ ၂၅ ႏွစ္အရြယ္ ဒုိင္ဘာလာအတြက္ ဒီရာသီပထမဆုံးသြင္းဂိုးလညး္ ျဖစ္ပါတယ္။