မန်ယူကိုပြောင်းရင် ဆန်ချိုအတွက် မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်လို့ လီဗာပူးနောက်ခံလူဟောင်းဆို

photo-talksport

photo-EPA

လီဗာပူး ဒါမှမဟုတ် ချဲလ်ဆီးထက် မန်ယူကိုသာ ရွေးချယ်မယ်ဆိုရင် ဆန်ချိုအတွက် မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်လို့ လီဗာပူးနောက်ခံလူဟောင်းဂလင်းဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။ ၁၉ နှစ်အရွယ် အဲဒီအင်္ဂလန်တောင်ပံကစားသမားဟာ ဒေါ့မန်နဲ့အတူ ပြသနေတဲ့ခြေစွမ်းကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့စိတ်ဝင်စားခြင်းခံနေရပြီး အခုရာသီကုန်မှာ ဒေ့ါမန်နဲ့လမ်းခွဲပြီး အင်္ဂလန်ကိုပြန်သွားတော့မယ်လို့ သတင်းထွက်နေပါတယ်။

photo-gettyimages

လက်ရှိမှာလည်း အဲဒီမန်စီးတီးကစားသမားဟောင်းကို ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်ကြတဲ့ ချဲလ်ဆီးနဲ့မန်ယူတို့က အပြိုင်စိတ်ဝင်စားနေကြပြီး အခုဆိုရင် လီဗာပူးလည်း ပါဝင်လာပြီလို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။ ဒါ့အပြင် ကစားသမားက မန်ယူကိုပဲရွေးလိမ့်မယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။ ဘယ်အသင်းပဲခေါ်နိုင်ခေါ်နိုင် ခေါ်နိုင်တဲ့အသင်းဟာ ပြောင်းရွှေ့ကြေးအနေနဲ့ ဒေါ့မန်ကို ပေါင်သန်း ၁၀၀ လောက်ပေးရနိုင်ပါတယ်။ ဒါပေမဲ့လည်း အိုးလ်ထရက်ဖို့ဒ်ကိုသာ ပြောင်းရွှေ့ခဲ့ရင် ဆန်ချိုရဲ့တိုးတက်မှုကို နှောင့်နှေးသွားစေနိုင်တယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

photo-talksport

”သူ့ကိုလိုချင်တဲ့သူတွေအားလုံး သူ့ရဲ့ပြောင်းရွှေ့ကြေးကို တတ်နိုင်ကြမှာပါ။ ဒါကြောင့် ဆန်ချိုဘက်က သူ့ရဲ့နောက်အသင်းအတွက် အချိန်ယူစဉ်းစားရနိုင်ပါတယ်။ ဒါပေမဲ့ မန်ယူကိုသာ ရွေးမယ်ဆိုရင် မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုလိုအချိန်မှာ မန်ယူလိုအသင်းတစ်သင်းကို သူသွားမယ်ဆိုရင် အသင်းကောင်းတစ်သင်းဖြစ်တာမှန်သလို သူ့ CV မှာ အထင်ကြီးဖွယ်ဖြစ်မှာ မှန်ပေမယ့် အဲဒီအသင်းက သူတို့ရှိသင့်တဲ့နေရာမှာ မဟုတ်တော့ပါဘူး။ လူငယ်တစ်ယောက်အနေနဲ့ ပထမဆုံးနေ့ကတည်းက သူတို့တွေရဲ့ဖိအားအများအပြားပေးခြင်းကိုခံရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မန်ယူလိုအသင်းတစ်သင်းအတွက် လူငယ်တစ်ယောက်က ဦးဆောင်နေတာဟာ မဖြစ်သင့်ပါဘူး။ လောလောဆယ် ရက်ရှ်ဖို့ဒ်က မန်ယူအလံကို လွှင့်ကိုင်ချီတက်နေပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကတော့ အပြစ်ပေးခြင်းကို ခံစားနေရပါတယ်။ တိုးတက်နေတဲ့အချျိန်မှာ လူငယ်တွေကို ဂရုစိုက်ရမှာပါ။ တကယ်လို့ ချဲလ်ဆီး ဒါမှမဟုတ် လီဗာပူး ဒါမှမဟုတ် စပိန်ကိုသွားမယ်ဆိုရင် အဲဒီမှာ ချက်ချင်းကြီးခြေစွမ်းပြဖို့ သူမလိုအပ်ပါဘူး။ အဲဒီတွေမှာက သူ့ရဲ့ဖွံ့ဖြိုးမှုအတွက် သူတို့တွေက အချိန်ပေးနိုင်ပါတယ်”လို့ ဂလင်းဂျွန်ဆင်က ပြောခဲ့တာပါ။

[Zawgyi]

မန္ယူကိုေျပာင္းရင္ ဆန္ခ်ိဳအတြက္ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ျဖစ္လိမ့္မယ္လုိ႔ လီဗာပူးေနာက္ခံလူေဟာင္းဆုိ

လီဗာပူး ဒါမွမဟုတ္ ခ်ဲလ္ဆီးထက္ မန္ယူကိုသာ ေရြးခ်ယ္မယ္ဆိုရင္ ဆန္ခ်ိဳအတြက္ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ျဖစ္လိမ့္မယ္လုိ႔ လီဗာပူးေနာက္ခံလူေဟာင္းဂလင္းဂၽြန္ဆင္က ေျပာၾကားလိုက္ပါတယ္။ ၁၉ ႏွစ္အရြယ္ အဲဒီအဂၤလန္ေတာင္ပံကစားသမားဟာ ေဒါ့မန္နဲ႔အတူ ျပသေနတဲ့ေျခစြမ္းေၾကာင့္ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕စိတ္၀င္စားျခင္းခံေနရၿပီး အခုရာသီကုန္မွာ ေဒ့ါမန္နဲ႔လမ္းခြဲၿပီး အဂၤလန္ကိုျပန္သြားေတာ့မယ္လုိ႔ သတင္းထြက္ေနပါတယ္။

လက္ရွိမွာလည္း အဲဒီမန္စီးတီးကစားသမားေဟာင္းကို ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္ၾကတဲ့ ခ်ဲလ္ဆီးနဲ႔မန္ယူတုိ႔က အၿပိဳင္စိတ္၀င္စားေနၾကၿပီး အခုဆုိရင္ လီဗာပူးလည္း္ ပါ၀င္လာၿပီလို႔ ေနာက္ဆုံးသတင္းေတြအရ သိရပါတယ္။ ဒါ့အျပင္ ကစားသမားက မန္ယူကုိပဲေရြးလိမ့္မယ္ဆုိတဲ့သတင္းေတြလည္း ထြက္ေနပါတယ္။ ဘယ္အသင္းပဲေခၚႏိုင္ေခၚႏုိင္ ေခၚႏိုင္တဲ့အသင္းဟာ ေျပာင္းေရႊ႕ေၾကးအေနနဲ႔ ေဒါ့မန္ကို ေပါင္သန္း ၁၀၀ ေလာက္ေပးရႏုိင္ပါတယ္။ ဒါေပမဲ့လည္း အိုးလ္ထရက္ဖုိ႔ဒ္ကိုသာ ေျပာင္းေရႊ႕ခဲ့ရင္ ဆန္ခ်ိဳရဲ႕တိုးတက္မႈကုိ ေႏွာင့္ေႏွးသြားေစႏိုင္တယ္လို႔ သုံးသပ္ေျပာၾကားလုိက္ပါတယ္။

”သူ႔ကိုလိုခ်င္တဲ့သူေတြအားလုံး သူ႔ရဲ႕ေျပာင္းေရႊ႕ေၾကးကို တတ္ႏိုင္ၾကမွာပါ။ ဒါေၾကာင့္ ဆန္ခ်ိဳဘက္က သူ႔ရဲ႕ေနာက္အသင္းအတြက္ အခ်ိန္ယူစဥ္းစားရႏိုင္ပါတယ္။ ဒါေပမဲ့ မန္ယူကိုသာ ေရြးမယ္ဆိုရင္ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ျဖစ္လိမ့္မယ္လုိ႔ ကၽြန္ေတာ္ ထင္ပါတယ္။ အခုလိုအခ်ိန္မွာ မန္ယူလိုအသင္းတစ္သင္းကို သူသြားမယ္ဆိုရင္ အသင္းေကာင္းတစ္သင္းျဖစ္တာမွန္သလို သူ႔ CV မွာ အထင္ႀကီးဖြယ္ျဖစ္မွာ မွန္ေပမယ့္ အဲဒီအသင္းက သူတို႔ရွိသင့္တဲ့ေနရာမွာ မဟုတ္ေတာ့ပါဘူး။ လူငယ္တစ္ေယာက္အေနနဲ႔ ပထမဆုံးေန႔ကတည္းက သူတို႔ေတြရဲ႕ဖိအားအမ်ားအျပားေပးျခငး္ကိုခံရလိမ့္မယ္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္။ မန္ယူလိုအသင္းတစ္သင္းအတြက္ လူငယ္တစ္ေယာက္က ဦးေဆာင္ေနတာဟာ မျဖစ္သင့္ပါဘူး။ ေလာေလာဆယ္ ရက္ရွ္ဖုိ႔ဒ္က မန္ယူအလံကို လႊင့္ကိုင္ခ်ီတက္ေနေပမယ့္ သူ႔ရဲ႕ခႏၶာကိုယ္ကေတာ့ အျပစ္ေပးျခင္းကို ခံစားေနရပါတယ္။ တိုးတက္ေနတဲ့အခ််ိန္မွာ လူငယ္ေတြကို ဂရုစိုက္ရမွာပါ။ တကယ္လုိ႔ ခ်ဲလ္ဆီး ဒါမွမဟုတ္ လီဗာပူး ဒါမွမဟုတ္ စပိန္ကိုသြားမယ္ဆုိရင္ အဲဒီမွာ ခ်က္ခ်င္းႀကီးေျခစြမ္းျပဖုိ႔ သူမလိုအပ္ပါဘူး။ အဲဒီေတြမွာက သူ႔ရဲ႕ဖြံ႔ၿဖိဳးမႈအတြက္ သူတို႔ေတြက အခ်ိန္ေပးႏိုိင္ပါတယ္”လုိ႔ ဂလင္းဂၽြန္ဆင္က ေျပာခဲ့တာပါ။