မန်ယူကိုပြောင်းဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူးဆိုတဲ့ ဘယ်လင်ဂမ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေါ့မန်အသင်းလူငယ်ကွင်းလယ်လူ ဂျူလီယန်ဘယ်လင်ဂမ်က သူ့အနေနဲ့ပြီးခဲ့တဲ့နွေရာသီတုန်းက မန်ယူကိုပြောင်းဖို့စဉ်းစားခဲ့သေးတယ် ဆိုတဲ့သတင်းတွေကို ခါးခါးသီးသီးငြင်းပယ်လိုက်ပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ ဘယ်လင်ဂမ်ဟာအင်္ဂလန်ယူ ၂၁ လက်ရွေးစင်ဖြစ်ပြီး နွေရာသီတုန်းကမန်ယူဟာ သူနဲ့သူ့မိဘတွေကို အိုးလ်ထရက်ဖို့ဒ်ကိုအထူးဧည့်သည်တော်တွေအဖြစ်ဖိတ်ကြားခဲ့သေးသလို ဖာဂူဆန်၊ ကန်တိုနာနဲ့ ဆိုးလ်ရှားတို့က အဲဒီလူငယ်ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့သေးတာပါ။

ဒါပေမယ့် ဘယ်လင်ဂမ်က သူ့လိုလူငယ်တစ်ဦးအတွက် ပုံမှန်ကစားခွင့်ရဖို့က အရေးပါလို့ မန်ယူကိုပြောင်းဖို့လုံးဝမစဉ်းစားခဲ့တဲ့အပြင် ဒေါ့မန်အတွက်သာအာရုံစိုက်ပြီး ဆန်ချိုရဲ့ခြေရာကိုနင်းနိုင်ဖို့ဘဲရည်ရွယ်ခဲ့တာပါလို့ ဆိုခဲ့ပါတယ်။

”မန်ယူကိုပြောင်းဖို့ဆိုတာ ကျွန်တော့်ခေါင်းထဲမှာလုံးဝမရှိခဲ့ပါဘူး။ မန်ယူဆိုတာ တကယ့်ကြီးကျယ်ခမ်းနားတဲ့ ကစားသမားကောင်းတွေ ရှိနေတဲ့အသင်းပါ။

ကျွန်တော့်ဆုံးဖြတ်ချက်ဟာ ဘောလုံးပုံမှန်ကစားခွင့်ရဖို့အပေါ်မှာဘဲအခြေခံတာပါ။ ဒါဟာမန်ယူ နဲ့ဘာမှမဆိုင်ပါဘူး။ဒေါ့မန်မှာက ကိုယ်အစွမ်းပြနိုင်တာနဲ့ အခွင့်အရေးရတယ်ဆိုတာ နေ့ခင်းဘက်လိုဘဲထင်ရှားပါတယ်။

ဒေါ့မန်မှာလူငယ်တွေအခွင့်အရေးရတာကို သိထားတဲ့တွက် သူတို့ကိုဘဲစိတ်ဝင်စားခဲ့တာပါ။ ကိုယ်ပြောင်းမယ့်အသင်းကိုရှာတဲ့အခါ အကောင်းဆုံးဖြစ်နိုင်တာကိုဘဲရွေးရပါတယ်။

ကျွန်တော်ဘာကိုဆိုလိုသလဲဆိုတာ ခင်ဗျားတို့သိကြမှာပါ။ ဆန်ချိုနဲ့အရင်က စကားမပြောခဲ့ဘူးပေမယ့် သူဟာကျွန်တော့်လို အင်္ဂလိပ်လူငယ်တွေအတွက် စံနမူနာပြကစားသမားပါ။

ဒီကိုပြောင်းလာတာ သူ့လိုဖြစ်ချင်တာလည်း ပါပါတယ်။ ဖြစ်လာမယ်လို့လည်းမျှော်လင့်ပါတယ်” ဘယ်လင်ဂမ်ကပြောသွားပါတယ်။

ဘယ်လင်ဂမ်ဟာ ဒီခုရာသီမှာ ချန်ပီယံလိဂ်နဲ့ ဘွန်ဒက်စ်လီဂါမှာ ဂိုးဖန်တီးမှုတွေအများအပြား ပြုလုပ်ထားပြီး ဘွန်ဒက်လီဂါ လိဂ်အဖွင့်ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲ ပွဲထွက်ပါဝင်ကစားခွင့်ရရှိထားသူဖြစ်ပါတယ်။

ဘယ်လင်ဂမ်က သူ့အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ဈေးကွက် တုန်းက ဘာမင်ဂမ်စီးတီးကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပက်သက်ပြီး ဘယ်လင်ဂမ်က ယူနိုက်တက်အသင်းကို မပြောင်းရွေ့ခဲ့တာ သူ့အနေနဲ့ အရမ်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းပြောခဲ့ပြီး သူသာ ယူနိုက်တက်အသင်းကို ပြောင်းဖြစ်ခဲ့ရင် ဘန်ဒီဘိဒ်လို အရန်ခုံမှာ အချိန်ကုန်နေလောက်ပြီလို့ လည်း ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူကိုေျပာင္းဖို႔ ဘယ္တုန္းကမွ မစဥ္းစားခဲ့ပါဘူးဆိုတဲ့ ဘယ္လင္ဂမ္

ေဒါ့မန္အသင္းလူငယ္ကြင္းလယ္လူ ဂ်ဴလီယန္ဘယ္လင္ဂမ္က သူ႔အေနနဲ႔ၿပီးခဲ့တဲ့ေႏြရာသီတုန္းက မန္ယူကိုေျပာင္းဖို႔စဥ္းစားခဲ့ေသးတယ္
ဆိုတဲ့သတင္းေတြကို ခါးခါးသီးသီးျငင္းပယ္လိုက္ပါတယ္။

အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ ဘယ္လင္ဂမ္ဟာအဂၤလန္ယူ ၂၁ လက္ေ႐ြးစင္ျဖစ္ၿပီး ေႏြရာသီတုန္းကမန္ယူဟာ သူနဲ႔သူ႔မိဘေတြကို အိုးလ္ထရက္ဖို႔ဒ္ကိုအထူးဧည့္သည္ေတာ္ေတြအျဖစ္ဖိတ္ၾကားခဲ့ေသးသလို ဖာဂူဆန္၊ ကန္တိုနာနဲ႔ ဆိုးလ္ရွားတို႔က အဲဒီလူငယ္ကိုေခၚယူဖို႔ႀကိဳးပမ္းခဲ့ေသးတာပါ။

ဒါေပမယ့္ ဘယ္လင္ဂမ္က သူ႔လိုလူငယ္တစ္ဦးအတြက္ ပုံမွန္ကစားခြင့္ရဖို႔က အေရးပါလို႔ မန္ယူကိုေျပာင္းဖို႔လုံးဝမစဥ္းစားခဲ့တဲ့အျပင္ ေဒါ့မန္အတြက္သာအာ႐ုံစိုက္ၿပီး ဆန္ခ်ိဳရဲ ့ေျခရာကိုနင္းႏိုင္ဖို႔ဘဲရည္႐ြယ္ခဲ့တာပါလို႔ ဆိုခဲ့ပါတယ္။

”မန္ယူကိုေျပာင္းဖို႔ဆိုတာ ကြၽန္ေတာ့္ေခါင္းထဲမွာလုံးဝမရွိခဲ့ပါဘူး။ မန္ယူဆိုတာ တကယ့္ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမားေကာင္းေတြ
ရွိေနတဲ့အသင္းပါ။

ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ဟာ ေဘာလုံးပုံမွန္ကစားခြင့္ရဖို႔အေပၚမွာဘဲအေျခခံတာပါ။ ဒါဟာမန္ယူ နဲ႔ဘာမွမဆိုင္ပါဘူး။ေဒါ့မန္မွာက ကိုယ္အစြမ္းျပႏိုင္တာနဲ႔ အခြင့္အေရးရတယ္ဆိုတာ ေန႔ခင္းဘက္လိုဘဲထင္ရွားပါတယ္။

ေဒါ့မန္မွာလူငယ္ေတြအခြင့္အေရးရတာကို သိထားတဲ့တြက္ သူတို႔ကိုဘဲစိတ္ဝင္စားခဲ့တာပါ။ ကိုယ္ေျပာင္းမယ့္အသင္းကိုရွာတဲ့အခါ အေကာင္းဆုံးျဖစ္ႏိုင္တာကိုဘဲေ႐ြးရပါတယ္။

ကြၽန္ေတာ္ဘာကိုဆိုလိုသလဲဆိုတာ ခင္ဗ်ားတို႔သိၾကမွာပါ။ ဆန္ခ်ိဳနဲ႔အရင္က စကားမေျပာခဲ့ဘူးေပမယ့္ သူဟာကြၽန္ေတာ့္လို အဂၤလိပ္လူငယ္ေတြအတြက္ စံနမူနာျပကစားသမားပါ။

ဒီကိုေျပာင္းလာတာ သူ႔လိုျဖစ္ခ်င္တာလည္း ပါပါတယ္။ ျဖစ္လာမယ္လို႔လည္းေမွ်ာ္လင့္ပါတယ္” ဘယ္လင္ဂမ္ကေျပာသြားပါတယ္။

ဘယ္လင္ဂမ္ဟာ ဒီခုရာသီမွာ ခ်န္ပီယံလိဂ္နဲ႔ ဘြန္ဒက္စ္လီဂါမွာ ဂိုးဖန္တီးမႈေတြအမ်ားအျပား ျပဳလုပ္ထားၿပီး ဘြန္ဒက္လီဂါ လိဂ္အဖြင့္ပြဲစဥ္ ၆ ပြဲမွာ ၄ ပြဲ ပြဲထြက္ပါဝင္ကစားခြင့္ရရွိထားသူျဖစ္ပါတယ္။

ဘယ္လင္ဂမ္က သူ႕အေနနဲ့ ျပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရြ့ေစ်းကြက္ တုန္းက ဘာမင္ဂမ္စီးတီးကေန ေဒါ့မြန္ကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာနဲ့ ပက္သက္ျပီး ဘယ္လင္ဂမ္က ယူနိုက္တက္အသင္းကို မေျပာင္းေရြ့ခဲ့တာ သူ႕အေနနဲ့ အရမ္းကို မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ျဖစ္ေျကာင္းေျပာခဲ့ၿပီး သူသာ ယူနိုက္တက္အသင္းကို ေျပာင္းျဖစ္ခဲ့ရင္ ဘန္ဒီဘိဒ္လို အရန္ခံုမွာ အခ်ိန္ကုန္ေနေလာက္ျပီလို့ လည္း ေျပာျကားသြားခဲ့ပါတယ္။