မန်ယူကိုပြောင်းတဲ့ ဗန်ဒီဘိခ်ရဲ့ဆုံးဖြတ်ချက်ကိုဝေဖန်လိုက်တဲ့ ဗန်ဂေါလ်

ကွင်းလယ်လူဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူကိုပြောင်းလိုက်ခြင်းအားဖြင့် အမှားတစ်ခုလုပ်လိုက်တာပဲလို့ အသင်းနည်းပြဟောင်းဗန်ဂေါလ်က ယုံကြည်နေပါတယ်။

အဲဒီနယ်သာလန်ကွင်းလယ်လူဟာ အေဂျက်ကနေ ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ နဲ့ရောက်ရှိလာခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ပုံမှန်ကစားခွင့်ရဖို့ အခုချိန်ထိ ရုန်းကန်နေရပါတယ်။

ဂိုးမရှိသရေကျခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း ဗန်ဒီဘိခ်ဟာ အသုံးပြုခြင်းမခံရတဲ့လူစားဝင်အဖြစ်ရှိခဲ့ပြီး နည်းပြဆိုးလ်ရှားဟာ အဲဒီပွဲမှာ မာရှယ်တစ်ယောက်ကိုသာ လူစားဝင်အဖြစ် အသုံးပြုခဲ့တာပါ။

လွန်ခဲ့တဲ့ ၂ ရာသီက မန်ယူကို ကိုင်တွယ်ခဲ့တဲ့ဗန်ဂေါလ်ကတော့ သူနဲ့တစ်နိုင်ငံတည်းသားဟာ တခြားဥရောပထိပ်တန်းကလပ်တစ်ခုကိုပြောင်းတာ ပိုကောင်းမယ်လို့ သူံးသပ်ပြောကြားမှုပြုလုပ်ခဲ့ပါတယ်။

”သူ့အချိန်ရောက်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူရွေးချယ်မှုကောင်းတစ်ခုလုပ်ခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။ ပေါဂ့်ဘာနဲ့ဖာနန်ဒက်စ်တို့ရှိနေမယ်ဆိုရင် ဘယ်နေရာမှာ ဗန်ဒီဘိခ်ကို ထားသင့်လဲ။ သူ့မှာ ဖာနန်ဒက်စ်နဲ့ပေါ့ဂ်ဘာတို့ရဲ့အရည်အသွေးမရှိပါဘူး။ ပေါ့ဂ်ဘာတောင် မကြာခဏ ပွဲမထွက်ရတာ ခင်ဗျားတို့မြင်ကြတယ်လေ”လို့ ဗန်ဂေါလ်က နယ်သာလန်ရုပ်သံတစ်ခုကို ပြောခဲ့တာပါ။

 

”မပြောင်းခင်ကတည်းက သေသေချာချာစဉ်းစားသင့်ပါတယ်။ သူ့အတွက် ပိုကောင်းနိုင်မယ့်အသင်းတွေ အများကြီးရှိပါတယ်။ သူဟာ အရည်အသွေးအများကြီးရှိတဲ့ကောင်လေးတစ်ယောက်ပါ”လို့ ဗန်ဂေါလ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ရာသီ အေဂျက်ရဲ့အောင်မြင်မှုမှာ အဓိကကျသူတစ်ယောက်ဖြစ်ခဲ့တဲ့ ၂၃ နှစ်အရွယ် ဗန်ဒီဘိခ်ဟာ မန်ယူမှာတော့ ခက်ခဲတဲ့ဘဝကို စတင်နေရတာ ဖြစ်ပါတယ်။

သူဟာ ပါဝင်ကစားရတဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်ပေမယ့် ဆိုးလ်ရှားလက်ထက် ပရီးမီးယားလိဂ် ၂ ပွဲသာပွဲထွက်ရသေးပြီး မန်ယူကွင်းလယ်မှာ ဖာနန်ဒက်စ်က အမြဲတမ်းပွဲထွက်ရကာ ဦးစားပေးအနေန့ဆို ဗန်ဒီဘိခ်ကိုယ်တိုင်က ပေါ့ဂ်ဘာ၊ ဖရက်ဒ်နဲ့ တွမ်မီနေးတို့ရဲ့နောက်မှာသာ ရှိနေခဲ့တာပါ။

Zawgyi

မန္ယူကိုေျပာင္းတဲ့ ဗန္ဒီဘိခ္ရဲ႕ဆုံးျဖတ္ခ်က္ကိုေ၀ဖန္လုိက္တဲ့ ဗန္ေဂါလ္

ကြင္းလယ္လူဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ယူကိုေျပာင္းလုိက္ျခင္းအားျဖင့္ အမွားတစ္ခုလုပ္လုိက္တာပဲလို႔ အသင္းနည္းျပေဟာင္းဗန္ေဂါလ္က ယုံၾကည္ေနပါတယ္။

အဲဒီနယ္သာလန္ကြင္းလယ္လူဟာ ေအဂ်က္ကေန ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၄၀ နဲ႔ေရာက္ရွိလာခဲ့ေပမယ့္ အိုးလ္ထရက္ဖုို႔ဒ္မွာ ပုံမွန္ကစားခြင့္ရဖို႔ အခုခ်ိန္ထိ ရုန္းကန္ေနရပါတယ္။

ဂိုးမရွိသေရက်ခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာလည္း ဗန္ဒီဘိခ္ဟာ အသုံးျပဳျခင္းမခံရတဲ့လူစား၀င္အျဖစ္ရွိခဲ့ၿပီး နည္းျပဆုိးလ္ရွားဟာ အဲဲဒီပြဲမွာ မာရွယ္တစ္ေယာက္ကိုသာ လူစား၀င္အျဖစ္ အသုံးျပဳခဲ့တာပါ။

လြန္ခဲ့တဲ့ ၂ ရာသီက မန္ယူကို ကုိင္တြယ္ခဲ့တဲ့ဗန္ေဂါလ္ကေတာ့ သူနဲ႔တစ္ႏိုင္ငံတည္းသားဟာ တျခားဥေရာပထိပ္တန္းကလပ္တစ္ခုကိုေျပာင္းတာ ပိုေကာင္းမယ္လုိ႔ သူံးသပ္ေျပာၾကားမႈျပဳလုပ္ခဲ့ပါတယ္။

”သူ႔အခ်ိန္ေရာက္လာမယ္လုိ႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ သူေရြးခ်ယ္မႈေကာင္းတစ္ခုလုပ္ခဲ့တယ္လုိ႔ ကၽြန္ေတာ္မထင္ပါဘူး။ ေပါဂ့္ဘာနဲ႔ဖာနန္ဒက္စ္တို႔ရွိေနမယ္ဆိုရင္ ဘယ္ေနရာမွာ ဗန္ဒီဘိခ္ကို ထားသင့္လဲ။ သူ႔မွာ ဖာနန္ဒက္စ္နဲ႔ေပါ့ဂ္ဘာတုိ႔ရဲ႕အရည္အေသြးမရွိပါဘူး။ ေပါ့ဂ္ဘာေတာင္ မၾကာခဏ ပြဲမထြက္ရတာ ခင္ဗ်ားတုိ႔ျမင္ၾကတယ္ေလ”လုိ႔ ဗန္ေဂါလ္က နယ္သာလန္ရုပ္သံတစ္ခုကို ေျပာခဲ့တာပါ။

”မေျပာင္းခင္ကတည္းက ေသေသခ်ာခ်ာစဥ္းစားသင့္ပါတယ္။ သူ႔အတြက္ ပိုေကာင္းႏိုင္မယ့္အသင္းေတြ အမ်ားႀကီးရွိပါတယ္။ သူဟာ အရည္အေသြးအမ်ားႀကီးရွိတဲ့ေကာင္ေလးတစ္ေယာက္ပါ”လို႔ ဗန္ေဂါလ္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂ ရာသီ ေအဂ်က္ရဲ႕ေအာင္ျမင္မႈမွာ အဓိကက်သူတစ္ေယာက္ျဖစ္ခဲ့တဲ့ ၂၃ ႏွစ္အရြယ္ ဗန္ဒီဘိခ္ဟာ မန္ယူမွာေတာ့ ခက္ခဲတဲ့ဘ၀ကို စတင္ေနရတာ ျဖစ္ပါတယ္။

သူဟာ ပါ၀င္ကစားရတဲ့ပြဲေတြမွာ ေျခစြမ္းျပႏိုင္ေပမယ့္ ဆုိးလ္ရွားလက္ထက္ ပရီးမီးယားလိဂ္ ၂ ပြဲသာပြဲထြက္ရေသးၿပီး မန္ယူကြင္းလယ္မွာ ဖာနန္ဒက္စ္က အၿမဲတမ္းပြဲထြက္ရကာ ဦးစားေပးအေနန႔ဆုိ ဗန္ဒီဘိခ္ကိုယ္တိုင္က ေပါ့ဂ္ဘာ၊ ဖရက္ဒ္နဲ႔ တြမ္မီေနးတို႔ရဲ႕ေနာက္မွာသာ ရွိေနခဲ့တာပါ။