မန်ယူကိုပြန်လည်ခြောက်လှန့်နေတဲ့ ရောင်းမှားဝယ်မှားတစ်ခု (သို့မဟုတ်) လူကာကူ

photo-gettyimages

photo-gettyimages

မန်ယူဟာ မကြာသေးခင်နှစ်တွေမှာ ဆိုးရွားတဲ့ရောင်းမှားဝယ်မှားတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲက တစ်ခုကတော့ လူကာကူဆိုတာဟာ အခုချိန်မှာ ငြင်းနိုင်စရာအကြောင်းမရှိပါဘူး။ အဲဒီဘယ်လ်ဂျီယံတိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မီလန်ဒါဘီမှာ အကောင်းဆုံးခြေစွမ်းပြမှုနဲ့အတူ ဒီရာသီအင်တာမီလန်ရဲ့သူရဲကောင်းတစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့တာပါ။ သူဟာ ကွန်တီလက်ထက် စီးရီးအေချန်ပီယံဆုကိုစိန်ခေါ်နေတဲ့ အင်တာအတွက် အရေးပါသူတစ်ယောက်လည်း ဖြစ်နေပါတယ်။

photo-gettyimages

မီလန်ဒါဘီပွဲက သွင်းဂိုးကြောင့်လည်း အခုဆိုရင် လူကာကူဟာ အင်တာအတွက် ပြိုင်ပွဲအရပ်ရပ်ပွဲ ၃၀ မှာ ၂၁ ဂိုးရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အင်တာသမိုင်းမှာ ဂိုး ၂၀ အမြန်ဆုံးပြည့်ခဲ့သူအဖြစ်လည်း စံချိန်တင်ထားပါတယ်။ အင်တာဂန္ထဝင်တစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုကြီးတောင် အဲဒီစီးရီးအေအသင်းမှာ ဂိုး ၂၀ ပြည့်ဖို့ ၃၁ ပွဲလိုအပ်ခဲ့တာပါ။ လူကာကူတစ်ယောက် သွင်းဂိုးတွေနဲ့အတူ အင်တာရဲ့ချန်ပီယံတိုက်ပွဲမှာ အလျင်အမြန်နဲ့ပဲ အရေးပါသူဖြစ်လာခဲ့တာဟာ အသင်းဟောင်းမန်ယူအတွက်တော့ ရင်နာစရာဖြစ်နေမှာပါ။

photo-gettyimages

အမှန်ဆိုရင် လူကာကူရဲ့မန်ယူကစားသမားဘဝဟာ အရမ်းကြီးမနိမ့်ခဲ့ပါဘူး။ မန်ယူအတွက် ၈၅ ပွဲမှာ ၃၅ ဂိုးသွင်းပေးနိုင်ခဲ့တာပါ။ သူ့ကိုသာ အင်တာဆီမရောင်းခဲ့ရင် အခုလိုအချိန်မှာ အတော်လေးကိုအသုံးဝင်မှာပါ။ ပိုပြီးဆိုးတာက မန်ယူဟာ လူကာကူနေရာအတွက် အစားထိုးမှုမလုပ်ခဲ့တာပါပဲ။ ရက်ရှ်ဖို့ဒ် ကာလရှည်နားရမယ်ဆိုတာတောင်မှ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ နောက်ဆုံးရက်ရောက်မှ အသည်းအသန်နဲ့ အစ်ဂ်ဟာလိုကို အငှားခေါ်ခဲ့တာပါ။

[Zawgyi]

မန္ယူကိုျပန္လည္ေျခာက္လွန္႔ေနတဲ့ ေရာင္းမွား၀ယ္မွားတစ္ခု (သို႔မဟုတ္) လူကာကူ

မန္ယူဟာ မၾကာေသးခင္ႏွစ္ေတြမွာ ဆုိးရြားတဲ့ေရာင္းမွား၀ယ္မွားေတြကို ျပဳလုပ္ခဲ့ပါတယ္။ အဲဒီထဲက တစ္ခုကေတာ့ လူကာကူဆုိတာဟာ အခုခ်ိန္မွာ ျငင္းႏုိင္စရာအေၾကာင္းမရွိပါဘူး။ အဲဒီဘယ္လ္ဂ်ီယံတိုက္စစ္မႈးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက မီလန္ဒါဘီမွာ အေကာင္းဆုံးေျခစြမ္းျပမႈနဲ႔အတူ ဒီရာသီအင္တာမီလန္ရဲ႕သူရဲေကာင္းတစ္ေယာက္အျဖစ္ သက္ေသျပႏိုင္ခဲ့တာပါ။ သူဟာ ကြန္တီလက္ထက္ စီးရီးေအခ်န္ပီယံဆုကိုစိန္ေခၚေနတဲ့ အင္တာအတြက္ အေရးပါသူတစ္ေယာက္လည္း ျဖစ္ေနပါတယ္။

မီလန္ဒါဘီပြဲက သြင္းဂိုးေၾကာင့္လည္း အခုဆုိရင္ လူကာကူဟာ အင္တာအတြက္ ၿပိဳင္ပြဲအရပ္ရပ္ပြဲ ၃၀ မွာ ၂၁ ဂိုးရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ အင္တာသမိုင္းမွာ ဂိုး ၂၀ အျမန္ဆုံးျပည့္ခဲ့သူအျဖစ္လည္း စံခ်ိန္တင္ထားပါတယ္။ အင္တာဂႏၳ၀င္တစ္ေယာက္ျဖစ္တဲ့ ေရာ္နယ္ဒိုႀကီးေတာင္ အဲဒီစီးရီးေအအသင္းမွာ ဂိုး ၂၀ ျပည့္ဖုိ႔ ၃၁ ပြဲလုိအပ္ခ့ဲတာပါ။ လူကာကူတစ္ေယာက္ သြင္းဂိုးေတြနဲ႔အတူ အင္တာရဲ႕ခ်န္ပီယံတိုက္ပြဲမွာ အလ်င္အျမန္နဲ႔ပဲ အေရးပါသူျဖစ္လာခဲ့တာဟာ အသင္းေဟာင္းမန္ယူအတြက္ေတာ့ ရင္နာစရာျဖစ္ေနမွာပါ။

အမွန္ဆိုရင္ လူကာကူရဲ႕မန္ယူကစားသမားဘ၀ဟာ အရမ္းႀကီးမနိမ့္ခဲ့ပါဘူး။ မန္ယူအတြက္ ၈၅ ပြဲမွာ ၃၅ ဂိုးသြင္းေပးႏိုင္ခဲ့တာပါ။ သူ႔ကိုသာ အင္တာဆီမေရာင္းခဲ့ရင္ အခုလိုအခ်ိန္မွာ အေတာ္ေလးကိုအသုံး၀င္မွာပါ။ ပိုၿပီးဆိုးတာက မန္ယူဟာ လူကာကူေနရာအတြက္ အစားထုိးမႈမလုပ္ခဲ့တာပါပဲ။ ရက္ရွ္ဖုိ႔ဒ္ ကာလရွည္နားရမယ္ဆုိတာေတာင္မွ ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေနာက္ဆုံးရက္ေရာက္မွ အသည္းအသန္နဲ႔ အစ္ဂ္ဟာလိုကိုိ အငွားေခၚခဲ့တာပါ။