မန်ယူကိုနည်းပြမယ့်အစား ဂေါက်သာသွားရိုက်နေမယ်လို့ ဂွာဒီယိုလာပြော

Photo- Internet
Photo- Internet

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မန်စီးတီးနဲ့လမ်းခွဲပြီးရင် မန်ယူကိုနည်းပြပေးမှာမဟုတ်ဖူးလို့ ပြောလိုက်ပါတယ်။ သူ့အနေနဲ့ မန်ယူကိုတာဝန်ယူမယ့်အစား ဂေါက်သာသွားရိုက်နေမယ်လို့ လည်းသူကနောက်ပြောင်ခဲ့ပါသေးတယ်။ သူတို့နှစ်သင်းဟာ ဒီကနေ့ည အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကစားရမှာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ မန်ယူကိုတာဝန်ယူမယ့်သူလို့ သတင်းထွက်ခဲ့ဘူးပါသေးတယ်။ ၂၀၁၂ တုန်းက ဘာစီလိုနာနဲ့လမ်းခွဲပြီးချိန်မှာ အဲဒီတုန်းကမန်ယူနည်းပြ ဖြစ်နေသေးတဲ့ ဖာဂူဆန်ဟာ စက်တင်ဘာလအတွင်းက နယူးယော့ခ်မှာ သူ့ကိုတွေ့ဆုံပြီး မန်ယူနည်းပြရာထူးအတွက် ကမ်းလှမ်းခဲ့သေးပေမယ့် သူက ဘိုင်ယန်မြူ းနစ်ကိုရွေးချယ်ပြီးသားဖြစ်နေခဲ့တာပါ။

Photo- Internet

ဂွာဒီယိုလာက”ဘာစီလိုနာကိုနည်းပြခဲ့တဲ့အတွက် ရီးရဲလ်ကိုတာဝန်မယူမှာ လုံးဝသေချာတယ်။ ဒီအတိုင်းဘဲ မန်စီးတီးကိုကိုင်တွယ်ခဲ့တဲ့အတွက် မန်ယူကိုတာဝန်ယူမှာမဟုတ်ဘူး။ မန်ယူဘက်က ကမ်းလှမ်းလာမယ်ဆိုရင်တောင်မှ မော်လ်ဒိုက်ဗ်မှာသွားနေမယ်ဗျာ။ ဒါပေမယ့် မော်လ်ဒိုက်ဗ်မှာ ဂေါက်ကွင်းမရှိတဲ့အတွက် အဲဒီမှာရှိချင်မှ ရှိနေမှာပေါ့ ” လို့ပြောသွားပါတယ်။

Photo- Internet

သူဟာ မန်စီးတီးကို ၂၀၁၆ ကကိုင်တွယ်ခဲ့ပြီးနောက် လိဂ်ဖလားမှာ မန်ယူကိုတစ်ခါမှမရှုံးသေးဘူးလို့လည်းသိရပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့ ဒီဇင်ဘာလက အိမ်ကွင်းမှာ မန်ယူနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ခဲ့တုန်းကတော့ ၂-၁ နဲ့ရှုံးခဲ့လို့ ဂွာဒီယိုလာဟာ ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။

Photo- Internet

မန်ယူနည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ရလဒ်ပိုင်းပုံမှန်မရှိဘဲ ရုန်းကန်နေရတာကြောင့် ဖိအားတွေရှိနေပြီး သူ့အနာဂတ်မသေချာဘူးလို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ မန်ယူဟာ သူ့နေရာမှာ စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့အစားထိုးမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

Photo- Internet

Zawgyi

မန္ယူကိုနည္းျပမယ္႔အစား ေဂါက္သာသြားရိုက္ေနမယ္လို႔ ဂြာဒီယိုလာေျပာ

မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာက မန္စီးတီးနဲ႔လမ္းခြဲၿပီးရင္ မန္ယူကိုနည္းျပေပးမွာမဟုတ္ဖူးလို႔ ေျပာလိုက္ပါတယ္။ သူ႔အေနနဲ႔ မန္ယူကိုတာ၀န္ယူမယ္႔အစား ေဂါက္သာသြားရိုက္ေနမယ္လို႔ လည္းသူကေနာက္ေျပာင္ခဲ့ပါေသးတယ္။ သူတို႔ႏွစ္သင္းဟာ ဒီကေန႔ည အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ လိဂ္ဖလားဆီမီးဖိုင္နယ္ပြဲစဥ္ကစားရမွာျဖစ္ပါတယ္။

ဂြာဒီယိုလာဟာ မန္ယူကိုတာ၀န္ယူမယ္႔သူလို႔ သတင္းထြက္ခဲ့ဘူးပါေသးတယ္။ ၂၀၁၂ တုန္းက ဘာစီလိုနာနဲ႔လမ္းခြဲၿပီးခ်ိန္မွာ အဲဒီတုန္းကမန္ယူနည္းျပ ျဖစ္ေနေသးတဲ႔ ဖာဂူဆန္ဟာ စက္တင္ဘာလအတြင္းက နယူးေယာ႔ခ္မွာ သူ႔ကိုေတြ႔ဆုံၿပီး မန္ယူနည္းျပရာထူးအတြက္ ကမ္းလွမ္းခဲ့ေသးေပမယ္႔ သူက ဘိုင္ယန္ျမဴ းနစ္ကိုေရြးခ်ယ္ၿပီးသားျဖစ္ေနခဲ့တာပါ။

ဂြာဒီယိုလာက”ဘာစီလိုနာကိုနည္းျပခဲ့တဲ႔အတြက္ ရီးရဲလ္ကိုတာ၀န္မယူမွာ လုံး၀ေသခ်ာတယ္။ ဒီအတိုင္းဘဲ မန္စီးတီးကိုကိုင္တြယ္ခဲ့တဲ႔အတြက္ မန္ယူကိုတာ၀န္ယူမွာမဟုတ္ဘူး။ မန္ယူဘက္က ကမ္းလွမ္းလာမယ္ဆိုရင္ေတာင္မွ ေမာ္လ္ဒိုက္ဗ္မွာသြားေနမယ္ဗ်ာ။ ဒါေပမယ္႔ ေမာ္လ္ဒုိက္ဗ္မွာ ေဂါက္ကြင္းမရွိတဲ႔အတြက္ အဲဒီမွာရွိခ်င္မွ ရွိေနမွာေပါ့ ” လို႔ေျပာသြားပါတယ္။

သူဟာ မန္စီးတီးကုိ ၂၀၁၆ ကကိုင္တြယ္ခဲ့ၿပီးေနာက္ လိဂ္ဖလားမွာ မန္ယူကိုတစ္ခါမွမရႈံးေသးဘူးလို႔လည္းသိရပါတယ္။ ဒါေပမယ္႔ၿပီးခဲ့တဲ႔ ဒီဇင္ဘာလက အိမ္ကြင္းမွာ မန္ယူနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ယွဥ္ၿပိဳင္ခဲ့တုန္းကေတာ႔ ၂-၁ နဲ႔ရႈံးခဲ့လို႔ ဂြာဒီယုိလာဟာ ေ၀ဖန္မႈေတြခံခဲ့ရပါေသးတယ္။

မန္ယူနည္းျပ ဆိုးလ္ရွားဟာ အသင္းရဲ႕ရလဒ္ပိုင္းပုံမွန္မရွိဘဲ ရုန္းကန္ေနရတာေၾကာင့္ ဖိအားေတြရွိေနၿပီး သူ႔အနာဂတ္မေသခ်ာဘူးလို႔ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။ မန္ယူဟာ သူ႔ေနရာမွာ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုနဲ႔အစားထိုးမယ္လို႔လည္း သတင္းေတြထြက္ေနပါတယ္။