မန်ယူကိုငြင်းပြီး ချဲလ်ဆီးကိုရွေးရန် ဟာဗက်ဇ်အား လီဗာပူးကြယ်ပွင့်ဟောင်းတိုက်တွန်း

photo-daily mail

photo-PA Images

ပရီးမီးယားလိဂ်ကိုပြောင်းဖို့ ရည်ရွယ်ထားတဲ့ကိုင်ဟာဗက်ဇ်အနေနဲ့ မန်ယူထက် ချဲလ်ဆီးကိုသာရွေးသင့်ကြောင်း လီဗာပူးကြယ်ပွင့်ဟောင်းဟာမန်းက ယုံကြည်နေပါတယ်။ ဥရောပရဲ့အလားအလာအကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၂၀ အရွယ် ကွင်းလယ်ဖန်တီးရှင်ကိုင်ဟာဗက်ဇ်ဟာ နွေရာသီအပြောင်းအရွှေ့စဖွင့်တာနဲ့ လေဗာကူဆင်ကနေ ထွက်ခွာမယ့်သူပါ။ အဲဒီဂျာမန်တိုက်စစ်အသားပေးကွင်းလယ်လူအတွက် ချဲလ်ဆီးက ရေပန်းစားနေပေမယ့် မန်ယူဆီက အပြိုင်အဆိုင်ကြိုးပမ်းမှုလည်း ရှိလာနိုင်သေးတာပါ။

photo-gettyimages

ဒါ့အပြင် ပေါင် ၇၅ သန်းတန်ကြေးသတ်မှတ်ထားတဲ့ ဟာဗက်ဇ်ကို ဥရောပအသင်းကြီးတွေဖြစ်ကြတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ ဒါပေမဲ့ အင်္ဂလန်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဂျာမန်လက်ရွေးစင်ဟောင်းဟာမန်းကတော့ ဟာဗက်ဇ်နဲ့ ပရီးမီးယားလိဂ်မှာသာ ကစားချင်တယ်ဆိုရင် မန်ယူထက် ချဲလ်ဆီးကိုသာ ရွေးသင့်တယ်လို့ ဆိုခဲ့တာပါ။

photo-gettyimages

”မန်ယူဟာ မကြာသေးခင်နှစ်တွေမှာ ဆွဲဆောင်နိုင်စွမ်းပျောက်ဆုံးသွားပါတယ်။ သူတို့ဟာ နှစ်ပေါင်းများစွာကြာအောင် တိုင်းတာလို့ကောင်းတဲ့တစ်ခုခုဖြစ်ခဲ့ပြီး အင်္ဂလန်က အကြီးဆုံးကလပ်ဖြစ်နေဆဲပါ။ ဒါပေမဲ့ သူတို့မှာ အကြီးစားအတွင်းပြသနာတွေရှိနေပါတယ်။ တစ်ဖက်မှာ ချဲလ်ဆီးကိုကြည့်ရင် လမ်းပတ်လက်ထက်မှာ အသင်းဟာ နောက်ထပ်တစ်ဖန် ပြန်လည်ကြီးထွားလာပြီလို့ ခံစားရပါတယ်။ သူတို့ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့အခြေအနေကို ပြန်ရနေတာပါ။ ကစားသမားတစ်ယောက်အနေနဲ့ကတော့ ကျွန်တော့်အတွက်က ချဲလ်ဆီးဟာ အတော်လေးလွယ်ကူတဲ့ဆုံးဖြတ်ချက်ဖြစ်မှာပါ”လို့ လီဗာပူးကွင်းလယ်လူဟောင်းဟာမန်းက ပြောခဲ့တာပါ။

[Zawgyi]

မန္ယူကိုျငင္းၿပီး ခ်ဲလ္ဆီးကိုေရြးရန္ ဟာဗက္ဇ္အား လီဗာပူးၾကယ္ပြင့္ေဟာင္းတိုက္တြန္း

ပရီးမီးယားလိဂ္ကိုေျပာင္းဖို႔ ရည္ရြယ္ထားတဲ့ကိုင္ဟာဗက္ဇ္အေနနဲ႔ မန္ယူထက္ ခ်ဲလ္ဆီးကိုသာေရြးသင့္ေၾကာင္း လီဗာပူးၾကယ္ပြင့္ေဟာင္းဟာမန္းက ယုံၾကည္ေနပါတယ္။ ဥေရာပရဲ႕အလားအလာအေကာင္းဆုံးလူငယ္ကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ အသက္ ၂၀ အရြယ္ ကြင္းလယ္ဖန္တီးရွင္ကိုင္ဟာဗက္ဇ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕စဖြင့္တာနဲ႔ ေလဗာကူဆင္ကေန ထြက္ခြာမယ့္သူပါ။ အဲဒီဂ်ာမန္တုိက္စစ္အသားေပးကြငး္လယ္လူအတြက္ ခ်ဲလ္ဆီးက ေရပန္းစားေနေပမယ့္ မန္ယူဆီက အၿပိဳင္အဆိုင္ႀကိဳးပမ္းမႈလည္း ရွိလာႏိုင္ေသးတာပါ။

ဒါ့အျပင္ ေပါင္ ၇၅ သန္းတန္ေၾကးသတ္မွတ္ထားတဲ့ ဟာဗက္ဇ္ကို ဥေရာပအသင္းႀကီးေတြျဖစ္ၾကတဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ကလည္း စိတ္၀င္စားေနၾကပါတယ္။ ဒါေပမဲ့ အဂၤလန္မွာ က်င္လည္ခဲ့ဖူးတဲ့ ဂ်ာမန္လက္ေရြးစင္ေဟာင္းဟာမန္းကေတာ့ ဟာဗက္ဇ္နဲ႔ ပရီးမီးယားလိဂ္မွာသာ ကစားခ်င္တယ္ဆိုရင္ မန္ယူထက္ ခ်ဲလ္ဆီးကိုသာ ေရြးသင့္တယ္လို႔ ဆိုခဲ့တာပါ။

”မန္ယူဟာ မၾကာေသးခင္ႏွစ္ေတြမွာ ဆြဲေဆာင္ႏိုင္စြမ္းေပ်ာက္ဆုံးသြားပါတယ္။ သူတုိ႔ဟာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ တိုင္းတာလို႔ေကာင္းတဲ့တစ္ခုခုျဖစ္ခဲ့ၿပီး အဂၤလန္က အႀကီးဆုံးကလပ္ျဖစ္ေနဆဲပါ။ ဒါေပမဲ့ သူတို႔မွာ အႀကီးစားအတြင္းျပသနာေတြရွိေနပါတယ္။ တစ္ဖက္မွာ ခ်ဲလ္ဆီးကိုၾကည့္ရင္ လမ္းပတ္လက္ထက္မွာ အသင္းဟာ ေနာက္ထပ္တစ္ဖန္ ျပန္လည္ႀကီးထြားလာၿပီလို႔ ခံစားရပါတယ္။ သူတို႔ဟာ စိတ္လႈပ္ရွားစရာေကာင္းတဲ့အေျခအေနကို ျပန္ရေနတာပါ။ ကစားသမားတစ္ေယာက္အေနနဲ႔ကေတာ့ ကၽြန္ေတာ့္အတြက္က ခ်ဲလ္ဆီးဟာ အေတာ္ေလးလြယ္ကူတဲ့ဆုံးျဖတ္ခ်က္ျဖစ္မွာပါ”လို႔ လီဗာပူးကြင္းလယ္လူေဟာင္းဟာမန္းက ေျပာခဲ့တာပါ။