

ငယ်ဘဝကလပ်ရှက်ဖီးယူနိုက်တက်နဲ့ပြန်လည်ရင်ဆိုင်ရတော့မှာကြောင့် မန်ယူနောက်လံလူမက်ဂွိုင်းယားတစ်ယောက် ကြည်နူးနေပါတယ်။အင်္ဂလန်ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့နွေဈေးကွက်မှာ လက်စတာကနေမန်ယူဆီကို ပေါင် သန်း ၈၀နဲ့ပြောင်းရွှေ့လာခဲ့ပြီး ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်မားဆုံးနောက်ခံလူအဖြစ် စံချိန်တင်ထားသူပါ။အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းယားဟာ ၂၀၁၄မှာ ဟူးလ်စီးတီးကိုမပြောင်းခင် ရှက်ဖီးအတွက် ပွဲပေါင်း ၁၀၀ကျော် ကစားပေးခဲ့ပါတယ်။

မနက်ဖြန် တနင်္ဂနွေညမှာတော့ ရှက်ဖီးလူငယ်အကယ်ဒမီထွက်ဟာ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာပါ။ခရစ်ဝီလ်ဒါရဲ့အသင်းအတွက် သူက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။မန်ယူကလွဲလို့ ပွဲတိုင်းကိုအနိုင်ရစေချင်ပါတယ်လို့ ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။“ ကျွန်တော့်အတွက် အဓိပ္ပါယ်တွေအပြည့်ရှိနေတဲ့ပွဲပါ။ရှက်ဖီးဟာ ကျွန်တော့်ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝအိပ်မက်ပြည့်ဝဖို့ အခွင့်အရေးအားလုံးပေးခဲ့ပါတယ်။

ကျွန်တော့်အပေါ်မှာ သူတို့ရဲ့ကျေးဇူးကြွေးတွေ အများကြီးပါပဲ။ကျွန်တော်တို့နဲ့ရင်ဆိုင်ရတဲ့ပွဲကလွဲလို့ သူတို့ကို ပွဲတိုင်းအနိုင်ရစေချင်ပါတယ်။သူတို့ကို အခုလို ပရီးမီးယားလိဂ်မှာ ပြန်မြင်ရတာလည်း ဝမ်းမြောက်မိပါတယ်” လို့ မက်ဂွိုင်းယားက ပြောဆိုလိုက်ပါတယ်။ဒါ့အပြင် ပြိုင်ဘက်အသွင်နဲ့ပြန်လာမယ့် သူဟာ မိတ်ဆွေဟောင်းတွေဆီက အားပေးမှုမျိုးရဖို့မလွယ်ပေမယ့် အပြုံးလေးတစ်ခု ချီးမွန်းသံလေးတစ်ခု ကြားရရင်ကျေနပ်ပါကြောင်းလည်း မန်ယူနောက်ခံလူက ဖွင့်ဟသွားခဲ့ပါတယ်။
(zawgyi)
ငယ္ဘ၀ကလပ္ရွက္ဖီးယူႏိုက္တက္နဲ႔ျပန္လည္ရင္ဆိုင္ရေတာ့မွာေၾကာင့္ မန္ယူေနာက္လံလူမက္ဂိြဳင္းယားတစ္ေယာက္ ၾကည္ႏူးေနပါတယ္။အဂၤလန္ဗဟိုေနာက္ခံလူဟာ ၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာ လက္စတာကေနမန္ယူဆီကို ေပါင္ သန္း ၈၀နဲ႔ေျပာင္းေရႊ႔လာခဲ့ၿပီး ကမာၻ႔ေျပာင္းေရႊ႔ေၾကးအျမင့္မားဆံုးေနာက္ခံလူအျဖစ္ စံခ်ိန္တင္ထားသူပါ။အသက္ ၂၆ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဂိြဳင္းယားဟာ ၂၀၁၄မွာ ဟူးလ္စီးတီးကိုမေျပာင္းခင္ ရွက္ဖီးအတြက္ ပြဲေပါင္း ၁၀၀ေက်ာ္ ကစားေပးခဲ့ပါတယ္။မနက္ျဖန္ တနဂၤေႏြညမွာေတာ့ ရွက္ဖီးလူငယ္အကယ္ဒမီထြက္ဟာ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ရေတာ့မွာပါ။ခရစ္၀ီလ္ဒါရဲ႕အသင္းအတြက္ သူက ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။မန္ယူကလြဲလို႔ ပြဲတိုင္းကိုအႏိုင္ရေစခ်င္ပါတယ္လို႔ ေျပာဆိုလိုက္တာပဲျဖစ္ပါတယ္။“ ကၽြန္ေတာ့္အတြက္ အဓိပၸါယ္ေတြအျပည့္ရွိေနတဲ့ပြဲပါ။ရွက္ဖီးဟာ ကၽြန္ေတာ့္ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀အိပ္မက္ျပည့္၀ဖို႔ အခြင့္အေရးအားလံုးေပးခဲ့ပါတယ္။ကၽြန္ေတာ့္အေပၚမွာ သူတို႔ရဲ႕ေက်းဇူးေၾကြးေတြ အမ်ားႀကီးပါပဲ။ကၽြန္ေတာ္တို႔နဲ႔ရင္ဆိုင္ရတဲ့ပြဲကလြဲလို႔ သူတို႔ကို ပြဲတိုင္းအႏိုင္ရေစခ်င္ပါတယ္။သူတို႔ကို အခုလို ပရီးမီးယားလိဂ္မွာ ျပန္ျမင္ရတာလည္း ၀မ္းေျမာက္မိပါတယ္” လို႔ မက္ဂိြဳင္းယားက ေျပာဆိုလိုက္ပါတယ္။ဒါ့အျပင္ ၿပိဳင္ဘက္အသြင္နဲ႔ျပန္လာမယ့္ သူဟာ မိတ္ေဆြေဟာင္းေတြဆီက အားေပးမႈမ်ိဳးရဖို႔မလြယ္ေပမယ့္ အၿပံဳးေလးတစ္ခု ခ်ီးမြန္းသံေလးတစ္ခု ၾကားရရင္ေက်နပ္ပါေၾကာင္းလည္း မန္ယူေနာက္ခံလူက ဖြင့္ဟသြားခဲ့ပါတယ္။