မန်နေဂျာဘဝမှာ မန်ယူကို အိမ်ကွင်းမှာ ပထမဆုံး ရှုံးသွားပြီး မှတ်တမ်းဆိုး ၂ခုရသွားတဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူကို ရှုံနိမ့်သွားတဲ့အတွက် စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ၆မှတ် ဟသွာပြီဖြစ်သလို မော်ရင်ဟိုအတွက်လည်း တော်ကီမကြွယ်နိုင်တဲ့ မှတ်တမ်းဆိုးတွေရရှိသွားစေခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် ဆိုးလ်ရှားနဲ့ Mind Game လုပ်ခဲ့တဲ့ မော်ရင်ဟိုဟာ ပွဲအပြီးမှာလည်း ဆွန်ဟောင်မင်ကိစ္စနဲ့ ပတ်သတ်ပြီး လေအရှုံးမပေးဘဲ နှုတ်စွာခဲ့ပါသေးတယ်။

ဒါပေမယ့် သူပြန်ရလိုက်တာကတော့ သူ့ရဲ့နည်းပြသက်တမ်းတစ်လျှောက်မှာ အဆိုးရွားဆုံး စံချိန်မှတ်တမ်း ၂ခုပဲ ဖြစ်ပါတယ်။

မော်ရင်ဟို ကိုင်တွယ်ခဲပတဲ့ ကလပ်အသင်းတွေမှာ ဘောလုံးရာသီ ၁ရာသီအတွင်း အမှတ်ပေးပြိုင်ပွဲ ၁၀ပွဲ ရှုံးတယ်ဆိုတာ မရှိခဲ့ပါဘူး။

နည်းပြလောကထဲကို ၂၀၀၀ ပြည့်နှစ်ပိုင်းမှာ ဝင်ရောက်လာခဲ့တဲ့ မော်ရင်ဟိုဟာ ဘင်ဖီကာ၊ ယူနီအိုဒီလီယာ၊ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်နဲ့ မန်ယူ အသင်းတွေကို ကိုင်တွယ်လာခဲ့တဲ့ သက်တမ်းတစ်လျှောက် အမှတ်ပေးလိ၈်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း ၁၀ပွဲ ရှုံးတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။

အခု စပါးအသင်းမှာတော့ မန်ယူပေးလိုက်တဲ့ အရှုံးပွဲကြောင့် သူရဲ့ အရင် မှတ်တမ်းတွေ ပျက်သွားပါပြီ။

နောက်ထပ် မှတ်တမ်းဆိုး တစ်ခုကတော့ မော်ရင်ဟိုဟာ ပေါ်တို၊ ချဲလ်ဆီး တို့အပါအဝင် သူကိုင်တွယ်ခဲ့တဲ့ ကလပ်အသင်းတွေနဲ့ အိမ်ကွင်းအဖြစ် မန်ယူကို လက်ခံကစားခဲ့တဲ့ ပွဲတွေမှာ ရှုံးပွဲမရှိခဲ့ပါဘူး။


ဒါပေမယ့် အခုတော့ ဒီမှတ်တမ်းတွေဟာ လေထဲရောက် ကျိုးပျက်သွားပါပြီ။ ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ၁၈မှတ်အထိ ကွာဟသွားပြီး မန်နေဂျာဘသမှာ အဆိုးဆုံးအနေအထားတွေကို ရင်ဆိုင်နေရပါတယ်။

ချန်ပီယံလိ၈်ဝင်ခွင့်အတွက် အသာထားပြီး ယူရိုပါလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရတဲ့ အနေအထားမှာ ရောက်ရှိနေပြီး စပါးရဲ့နောက်မှာ ကပ်လိုက်နေတဲ့ အဲဗာတန်ဟာ ပွဲကျန်၂ပွဲ ကစားဖို့ရှိနေပြီး ၂မှတ်အကွာကနေ ဖိအားလိုက်ပေးနေတာကြောင့် မော်ရင်ဟိုအတွက် သောကတွေက ဆက်တိုက်ပါပဲ။ ဘောလုံးပွဲ ရုပ်သံတင်ဆက်တဲ့ ဂျေမီရက်နက်ဒ်ကလည်း မော်ရင်ဟိုအနေနဲ့ ဘောလုံးပွဲရှုံးရင် ကစားသမားတွေအပေါ် အပြစ်တင်တာမျိုးတွေထက် မန်နေဂျာပီပီသသနဲ့ ကိုယ့်တာဝန်ကိုယ်ယူသင့်တယ်လို့ ဝေဖန်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi




