မန်ဒီ လက်စွမ်းအား ကျဆင်းနေပြီ လို့ဆိုတဲ့ တူချယ်လ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ လန်ဒန်မြို့ခံ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်း ကို အဝေးကွင်းမှာ ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား နဲ့

ကွင်းလယ်လူ မေဆင်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ကြိမ်တိုင်တိုင် ဦးဆောင်ခဲ့ပေမယ့် ၊ အမှားတွေ ကျူးလွန်ခဲ့ကာ ၊ ဝက်စ်ဟမ်းဖက်ကို ချေပဂိုး ၂ဂိုးနဲ့ အနိုင်ဂိုးပါ ပေးပြီး ၊ ၃ – ၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါဟာ ဒီရာသီ ချဲလ်ဆီး အသင်း အတွက် ပထမဆုံး ပရီးမီးယားလိဂ် အဝေးကွင်း ရှုံးပွဲ ဖြစ်သလို ၊ ပြိုင်ပွဲစုံမှာ တစ်ပွဲတည်း တစ်ဂိုးထက် ပိုပေးခဲ့ရတဲ့ ပထမဆုံး အကြိမ်လည်း ဖြစ်ခဲ့ပါတယ် ။

အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးအသင်း အတွက် အမှားအယွင်း အများဆုံး ဖြစ်ခဲ့တဲ့ ကစားသမား နှစ်ဦး ကတော့ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့

ကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ ဂိုးသမား မန်ဒီတို့ ဖြစ်ကြပြီး ဂိုးသမား မန်ဒီကတော့ ဝက်စ်ဟမ်းအသင်းရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေမှာ အဓိက တာဝန်ရှိခဲ့သူ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ တူချယ်လ်က ဂျော်ဂျင်ဟိုနဲ့ မန်ဒီတို့ရဲ့ တစ်ဦးချင်း အမှားတွေကြောင့် ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ကြောင်း ပြောကြားသွားသလို

အသင်းရဲ့ နံပါတ်တစ် ဂိုးသမား မန်ဒီ တစ်ယောက် လက်စွမ်းအားတွေ ကျဆင်းနေကြောင်းလည်း ဝန်ခံသွားပါတယ်။

တူချယ်လ်က “ကျွန်တော်တို့ရဲ့ ခြေစွမ်းပိုင်းက ဆိုးရွားခဲ့တယ်လို့ မထင်ပါဘူး။

ကျွန်တော်တို့က ပွဲကို အနိုင်ယူနိုင်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရတာက အတော်လေး ခက်ခဲပါတယ်။

ပြီးတော့ ကျွန်တော်တို့တွေ တစ်ဦးချင်း အမှားတွေလည်း အများကြီး ကျူးလွန်မိခဲ့ပါတယ်။

ယူနိုက်တက်နဲ့ပွဲ ၊ ဝက်ဖို့ဒ်နဲ့ပွဲတွေမှာလည်း တစ်ဦးချင်း အမှားတွေ များခဲ့လို့ ဂိုးပေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

မန်ဒီက ခက်ခဲတဲ့ အချိန်ကာလ တစ်ခုကို ဖြတ်သန်းနေရပါတယ်။

ဘာကြောင့်လဲ ဆိုတာတော့ မသိပေမယ့် သူ့ကို ကြည့်ရတာ ယုံကြည်မှု ကျဆင်းနေပုံပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ဒီ လက္စြမ္းအား က်ဆင္း​ေနၿပီ လို႔ဆိုတဲ့ တူခ်ယ္လ္

ခ်ဲလ္ဆီး အသင္း ဟာ မေန႔ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲမွာ လန္ဒန္ၿမိဳ႕ခံ ၿပိဳင္ဖက္ ဝက္စ္ဟမ္း အသင္း ကို အေဝးကြင္းမွာ ဝါရင့္ ခံစစ္မႉး သီယာဂို ေဆးလ္ဗား နဲ႔ ကြင္းလယ္လူ ေမဆင္ေမာင့္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အတူ ၂ႀကိမ္တိုင္တိုင္ ဦးေဆာင္ခဲ့ေပမယ့္ ၊ အမွားေတြ က်ဴးလြန္ခဲ့ကာ ၊ ဝက္စ္ဟမ္းဖက္ကို ေခ်ပဂိုး ၂ဂိုးနဲ႔ အႏိုင္ဂိုးပါ ေပးၿပီး ၊ ၃ – ၂ ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္ ။ဒါဟာ ဒီရာသီ ခ်ဲလ္ဆီး အသင္း အတြက္ ပထမဆုံး ပရီးမီးယားလိဂ္ အေဝးကြင္း ရႈံးပြဲ ျဖစ္သလို ၊ ၿပိဳင္ပြဲစုံမွာ တစ္ပြဲတည္း တစ္ဂိုးထက္ ပိုေပးခဲ့ရတဲ့ ပထမဆုံး အႀကိမ္လည္း ျဖစ္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္း အတြက္ အမွားအယြင္း အမ်ားဆုံး ျဖစ္ခဲ့တဲ့ ကစားသမား ႏွစ္ဦး ကေတာ့ အသင္းရဲ႕ အဓိက ကစားသမားေတြ ျဖစ္တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုနဲ႔ ဂိုးသမား မန္ဒီတို႔ ျဖစ္ၾကၿပီး ဂိုးသမား မန္ဒီကေတာ့ ဝက္စ္ဟမ္းအသင္းရဲ႕ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြမွာ အဓိက တာဝန္ရွိခဲ့သူ ျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္အၿပီးမွာေတာ့ တူခ်ယ္လ္က ေဂ်ာ္ဂ်င္ဟိုနဲ႔ မန္ဒီတို႔ရဲ႕ တစ္ဦးခ်င္း အမွားေတြေၾကာင့္ ဝက္စ္ဟမ္းအသင္းကို ရႈံးနိမ့္ခဲ့ရတာ ျဖစ္ေၾကာင္း ေျပာၾကားသြားသလို အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား မန္ဒီ တစ္ေယာက္ လက္စြမ္းအား​ေတြ က်ဆင္းေနေၾကာင္းလည္း ဝန္ခံသြားပါတယ္။

တူခ်ယ္လ္က “ကြၽန္ေတာ္တို႔ရဲ႕ ေျခစြမ္းပိုင္းက ဆိုး႐ြားခဲ့တယ္လို႔ မထင္ပါဘူး။ ကြၽန္ေတာ္တို႔က ပြဲကို အႏိုင္ယူႏိုင္တဲ့ ေျခစြမ္းမ်ိဳးကို ျပသႏိုင္ခဲ့ပါတယ္။ ဝက္စ္ဟမ္းအသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရတာက အေတာ္ေလး ခက္ခဲပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ေတြ တစ္ဦးခ်င္း အမွားေတြလည္း အမ်ားႀကီး က်ဴးလြန္မိခဲ့ပါတယ္။ ယူႏိုက္တက္နဲ႔ပြဲ ၊ ဝက္ဖို႔ဒ္နဲ႔ပြဲေတြမွာလည္း တစ္ဦးခ်င္း အမွားေတြ မ်ားခဲ့လို႔ ဂိုးေပးခဲ့ရတာေတြ ရွိခဲ့ပါတယ္။မန္ဒီက ခက္ခဲတဲ့ အခ်ိန္ကာလ တစ္ခုကို ျဖတ္သန္းေနရပါတယ္။ ဘာေၾကာင့္လဲ ဆိုတာေတာ့ မသိေပမယ့္ သူ႔ကို ၾကည့္ရတာ ယုံၾကည္မႈ က်ဆင္းေနပုံပါပဲ” လို႔ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာပါ။